Border News Agency
ဒေလီ၊ဇူလိုင် ၂၄။
ဒေလီမြို့ဆန္ဒပြပွဲမှာရဲတပ်ဖွဲ့ရဲ့ပလတ် စတစ်ကျည်ထိမှန်ကျောင်းသားစာဟေးလ်နဲ့သွားရောက်တွေ့ဆုံခဲ့တယ်လို့ အိန္ဒိ ယအတိုက်အခံခေါင်းဆောင်ရာဟုလ်ဂန္ဓီ ဆိုပါတယ်။
အဲဒီဒေလီတက္ကသိုလ်ကျောင်းသားအသက်ဆယ့်ကိုးနှစ်အရွယ်စာဟေးလ်ဟာ အချိန်ပိုင်းကားမောင်းပြီး ၂၀၂၅ ခုနှစ် SSC ဒေလီ ရဲတပ်ကြပ် စာ မေးပွဲမသမာမှုမှာ နစ်နာသူတဦးလည်း ဖြစ်ပါတယ်။
သူဟာစာမေးပွဲ မသမာမှုတွေထပ်မဖြစ်ရေးနဲ့ တရားမျှတမှုတောင်းဆိုဖို့ ဇူလိုင် လ ၂၀ ရက်နေ့ဆန္ဒပြပွဲမှာပါလို့ မျက်နှာကို ပလတ်စတစ်ကျည်ထိမှန်ခဲ့တာဖြစ်ပြီး မျက်လုံးတဖက်ကွယ်လုနီးပါးအန္တ ရာယ်နဲ့ရင်ဆိုင်နေရတာပါ။
ကျောင်းသားတွေဟာ အကြမ်းဖက်ခံနေကြရပြီး စာဟေးလ်နဲ့အတူ အမှန်တရားတောင်းဆိုသလို ကျောင်းသားတွေဘက်ကရပ်တည်တယ်လို့ ရာဟုလ်ဂန္ဓီက ဆ်ုပါတယ်။
အဲဒီအပြင်ပညာရေးစနစ်ပြုပြင်ပြော င်းလဲဖို့နဲ့တာဝန်ရှိဟာ ပညာရေးဝန်ကြီး ဓါမန်ဒရာပရာဒန်ရာထူးမှ မနှုတ်ထွက်မချင်းဆွေးနွေးပွဲတွေ မလုပ်ဘူးလို့ ရာဟုလ်ဂန္ဓီက ဆိုပါတယ်။

















