Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဇူလိုင် ၂၅။
ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်ရှာဟာဘူဒင်ဟာ ကျန်းမာရေးအခြေအနေကြောင့် သူ့ရဲ့ငါးနှစ်သက်တမ်းမပြည့်မီ ရာထူးမှနှုတ်ထွက်သွားတယ်လို့ကြေညာခဲ့ပါတယ်။
အသက်ခုနှစ်ဆယ်ခြောက်နှစ်အရွယ် သမ္မတရှာဟာဘူဒင်ဟာ အာရုံကြောဆိုင်ရာရောဂါခံစားနေရတာကြောင့် တာဝန်မထမ်းဆောင်နိုင်တော့ဘူးလို့ လွှတ်တော်ဥက္ကဋ္ဌထံအသိပေးခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌကလည်း နှုတ်ထွက်စာကိုလက်ခံလိုက်ပါတယ်။
အဲဒီနှုတ်ထွက်မှုဟာ သူ့အနေနဲ့ အိန္ဒိယကိုရောက်ရှိနေတဲ့ ဝန်ကြီးချုပ်ဟောင်းရှင်းဟာဆီနာနဲ့ဖုန်းပြောခဲ့တယ်လို့ မီဒီယာတွေအပေါ်ထွက်ပေါ်နေချိန်နဲ့အတိုက်အခံတွေရဲ့ ဖိအားပေးမှုတွေရှိနေချိန်မှ ာထွက်ပေါ်လာတာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသစ်မရွေးချယ်ရသေးမီစပ်ကြား လွှတ်တော်ဥက္ကဋ္ဌကသမ္မတတာဝန်တွေကိုခေတ္တထမ်းဆောင်မှာဖြစ်ပြီး နောက်ထပ်ရက်ကိုးဆယ်အတွင်း သမ္မတသစ်တဦးကိုရွေးချယ်ရမှာဖြစ်ပါတယ်။
သမ္မတရှာဟာဘူဒင်ဟာ ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ သမ္မတဖြစ်လာသူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ ဟာဆီနာအာဏာမှပြုတ်ကျသွားပြီးနောက် ကြားဖြတ်အစိုးရမဖွဲ့စည်းမီ တိုင်းပြည်ကိုထိန်းကျောင်းပေးခဲ့သူတဦးဖြစ်ပါတယ်။










