Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခရေဘေးနောက် မြေယာပဋိပက္ခတွေ ဖြစ်လာနိုင်သလား

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊ဇူလိုင် ၂၅ ။

​အာရက္ခတပ်တော်(AA)ထိန်းချုပ်မြို့နယ်တွေမှာ ရေကြီးနေချိန်ကမ်းပါးပြိုတာတွေ၊ နေအိမ်ပြိုပျက်တာတွေ ရှိခဲ့ပါတယ်။

​အဲဒီမြစ်ချောင်းကမ်းနံဘေးအပါအဝင် ပင်လယ်ပြင်နဲ့ ထိစပ်နေရာတွေရှိ လူနေရပ်ရွာတွေမှာ ကမ်းပါးပြိုတဲ့ ပြဿနာတွေ ရှိပါတယ်။

​မိုးကြီးပြီး တောင်တွေ၊ ကုန်းမြင့်တွေ ပြိုတာတွေ ရှိနေသလို စစ်ဘေးရှောင်တွေလည်း ရှိနေကြတာမို့ ပြန်နေရာချထားဖို့၊ အမိုးအကာအောက်မှာ လူတွေရှိနေဖို့ အရေးကိုလည်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။

​ဘယ်မှာနေရာချထားမလဲ

​ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ကပ်ဘေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်ဆုံးရှုံးမှုတွေ ဖြစ်လာတဲ့အခါ မူလနေရာမှာ နဂိုအတိုင်း ပြန်နေရာချထားလို့ ရတာတွေရှိပေမယ့် တချို့နေရာတွေ မရနိုင်တော့ပါဘူး။

​အဲဒီလိုမရခဲ့ရင် သူတို့တွေကို နေရာချထားဖို့အတွက် နေရာတွေ ထပ်လိုလာပြီး မြေရှိသူ ဒါမှမဟုတ် ငွေကြေးတတ်နိုင်သူတွေ မိမိအစီအစဉ်အရ နေထိုင်ဖို့ နေရာတွေ ရှာနိုင်ပေမယ့် မတတ်နိုင်သူတွေလည်း ရှိနေမှာပါ။

​အဲဒီမှာ စိုးရိမ်စရာကောင်းတာက…

​၁။ ဘေးဒုက္ခကြောင့် နေထိုင်စရာလိုအ ပ်သူတွေကို လုံးဝမျက်ကွယ်ပြုထားတာ။

​၂။ အဲဒီလို နေထိုင်စရာ လိုအပ်သူတွေကို အကြောင်းပြပြီး တရားမျှတမှုမဲ့ မြေသိမ်းတာ။

​၃။ စစ်ဘေးကြောင့် ဘေးလွှတ်ရာကို ပြောင်းရွှေ့ခဲ့ရပြီး နေရပ်မပြန်နိုင်လို့ မြေလွတ်လို ဖြစ်နေတာတွေကို အသုံးချတာ… စတဲ့အချက်တွေ ရှိနေပါတယ်။

​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ပြီးခဲ့တဲ့မေလ ၂၉ ရက်နေ့ ကြေညာချက်မှာ မြို့ပြစီမံကိန်းတွေ ဖော်ဆောင်မယ်လို့ ပြောထားပါတယ်။

​အဲဒီလို ပြောပြီးတာနဲ့အတူ ULA/AA ကိုယ်တိုင် မြေသိမ်းလာလို့ မြေပိုင်ရှင်လူထု ပြန်အရေးဆိုမှုတွေလည်း ရှိနေပါတယ်။

​မြေသိမ်းယူမှုမှာ ဗြိတိသျှခေတ်က ပြဋ္ဌာန်းခဲ့ပြီး လက်ရှိကာလမှာ လူ့အခွင့်အရေးစံနှုန်းလိုအပ်ချက်တွေ ရှိနေတဲ့ ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။

​၁၈၉၄ မြေသိမ်းဥပဒေအရ ဆောင်ရွက်တယ်ဆိုရင်တောင် ဥပဒေလုပ်ငန်းစဉ်တွေကို နားလည်မှု အားနည်းတာ၊ အာဏာပြကြတာ၊ ကာလပေါက်ဈေး လျော်ကြေးအတိုင်း မပေးတာ၊ နစ်နာချက်တွေကို ဖော်ထုတ်ကြတဲ့အခါ နစ်နာသူ မြေပိုင်ရှင်တွေကို ဖော်ထုတ်ခွင့် မပေးတာနဲ့ ခြိမ်းခြောက်တာ စတဲ့ ပြဿနာတွေဟာ ရခိုင်မြေယာစီမံခန့်ခွဲရေးမှာ ရှိနေပါတယ်။

​အဲဒီတော့ ရခိုင်မြေယာကိစ္စထဲမှာ မြေသိမ်းမှုဖြစ်စဉ်အသစ်တွေ ဆက်ရှိနေမယ့်သဘောလို့ ယူဆလို့ရပါတယ်။

​အရင်စစ်အာဏာရှင်လက်ထက်က သိ မ်းယူခဲ့တဲ့မြေသိမ်းခံရမှုတွေဟာ ခုချိန်ထိမရှင်းနိုင်သေးပါဘူး။

​အရင်စစ်အာဏာရှင်လက်ထက်က မြေသိမ်းတဲ့အခါ”လျော်ကြေးဆိုင်ရာတရား မျှတမှု” မရှိခဲ့ပါဘူး။

​ခုလည်း ကာလတန်ဖိုးထက်နည်းတဲ့ လျော်ကြေးငွေနဲ့ ULA/AA ဟာ မြေသိမ်းဖို့ ခြေလှမ်း လှမ်းနေပါတယ်။

​အဲဒီတော့ မြို့ပြစီမံကိန်း၊ မြို့ပြအင်္ဂါရပ် လှပခေတ်မီရေး စီမံကိန်းတွေရဲ့ နောက်ဆက်တွဲ မြေယာလျော်ကြေးဆိုင်ရာတရားမျှတမှုနဲ့တချို့ စစ်ဘေးရှောင်တွေကို နေရာရွှေ့ပြောင်းဖယ်ရှားမှုတွေ ရှိနေမှာ ဖြစ်ပါတယ်။

​ရခိုင်ဒေသ လက်ရှိ မြေယာပြဿနာတွေကိုကြည့်ရင် အုပ်စုငါးခုကို တွေ့ရမှာပါ။

​၁ – အရင် အစိုးရအဆက်ဆက် သိမ်းဆည်းခဲ့တဲ့ မြေယာပြဿနာ။

​၂ – တိုက်ပွဲကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မြေယာပြဿနာ။

​၃ – နေရပ်စွန့်ခွာသူတွေရဲ့ မြေယာပြဿနာ။

​၄- နေရပ်စွန့်ခွာသူတွေကို ပြန်နေရာချထားရေးအတွက် မြေယာပြဿနာ။

​၅- အာရက္ခတပ်တော် သိမ်းထားတဲ့ မြေယာပြဿနာ” ဆိုပြီး တွေ့ရမှာပါ။

​အဲဒီနေရာမှာ နံပါတ်သုံး နေရပ်စွန့်ခွာသွားသူတွေရဲ့ မြေယာပြဿနာနဲ့ နံပါတ်လေး နေရပ်စွန့်ခွာသူတွေကို ပြန်နေရာချထားရေးအတွက် မြေယာပြဿနာတွေထဲမှာ –

​(က) – ၂၀၁၇ ခုနှစ်ကပင် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ မြေယာ၊ အိုးအိမ်ဆိုင်ရာ အခွင့်အရေးတွေလည်း ပါဝင်သလို

​(ခ) – မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့သူတွေရဲ့ မြေယာ၊ အိုးအိမ်ဆိုင်ရာ အခွင့်အရေးတွေလည်း ပါဝင်နေပါတယ်။

​ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကုလသမဂ္ဂ မြေယာပဋိပက္ခဆိုင်ရာ လမ်းညွှန်ချက် GUIDANCE NOTE OF THE SECRETARY-GENERAL (The United Nations and Land and Conflict) ထဲမှာ –

​နေရပ်စွန့်ခွာရသူတွေရဲ့ မြေနေရာတွေမှာ အခြားနေရာက နေရပ်စွန့်ခွာသူတွေကို နေရာချတာမျိုးဟာ နောင်အနာဂတ်မှာ ရှင်းရခက်တဲ့ ပြဿနာတွေကို လက်ယက်ခေါ်နေသလို ဖြစ်နေတယ်ဆိုတာကို ဖော်ပြထားပါတယ်။

​တိုက်ပွဲကြောင့် စွန့်ခွာခဲ့ရတဲ့ မြေ၊ အိုးအိမ်၊ ရပ်ရွာ စတဲ့ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေ လက်ရှိမှာ လူမရှိ သူမရှိ ပလပ်မြေ ဖြစ်နေရင်တောင် ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး အလွဲသုံးစား သိမ်းပိုက်မှုတွေ မရှိအောင် ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။

​လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ နေရပ်စွန့်ခွာသူတွေရဲ့ မြေယာအခွင့်အရေးကို လေးစားရပါမယ်။

​လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေက နေရပ်စွန့်ခွာသူတွေအတွက် မြေယာဆိုင်ရာ တရားမျှတမှုတောင်းဆိုခွင့်ကို လေးစားရပါမယ်။

​လက်နက်ကိုင်တပ်ဖွဲ့တွေဟာ နိုင်ငံတကာစံနှုန်းတွေက သွေဖည်နေတဲ့ ဥပဒေတွေ၊ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပုံစံတွေကိုလည်း ပြန်သုံးသပ်ပြီး ဒီလိုလုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာမယ့် လူထုအခွင့်အရေး ဆုံးရှုံးမှုတွေကို တားဆီးပေးရပါမယ်။

​ကိုယ့်ထိန်းချုပ်နယ်မြေတွေက မှတ်ပုံ တင်ထားတဲ့လူထုရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း အလွှဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာ အိတ်ထဲ မထည့်နိုင်အောင် လက်ပြောင်းလက်လွှဲ ရောင်းဝယ်မှုတွေကိုလည်း ထိန်းချုပ်ထားပေးရမှာပါ။

​အလွှဲသုံးစားမဟုတ်တဲ့ တရားမျှတ အ ကျိုးအကြောင်းဆီလျော်တဲ့ လူထုရဲ့ ရောင်းဝယ်မှုတွေအတွက်ဆိုရင်တော့ အဲဒီရောင်းဝယ်မှုကို ထိန်းချုပ်စရာ မလိုပါဘူး။

​အာရက္ခတပ်တော် လယ်ယာမြေရော င်းဝယ်ရေး တားဆီးမှုနဲ့ လူထုစိုးရိမ်မှု

​ရခိုင်က လယ်ယာမြေပိုင်ဆိုင်သူတွေဟာ မိမိတို့ လယ်ယာမြေတွေကို ခွင့်ပြုချက်မရှိဘဲ ရောင်းမချရဘူးလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ၂၀၂၆ ခုနှစ်၊ဇွန်လ ၂၉ ရက်နေ့ အမိန့်ထုတ်ထားပါတယ်။

​အဲဒီ လယ်ယာမြေကို သက်ဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ လူနေအိမ်ခြံမြေအဖြစ်၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ မြေကွက်အဖြစ်၊ အခြားနည်း အသုံးပြုရန်အတွက် အကွက်ရိုက်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အငှားချခြင်း မပြုရလို့လည်း ဆိုပါတယ်။

​လယ်ယာမြေများအပေါ်မှာ သက်ဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ မြေဖို့တာ၊ လမ်းဖောက်တာ၊ ခြံစည်းရိုးကာရံတာ၊ အဆောက်အအုံ ဆောက်လုပ်တာနဲ့ မြေအသုံးပြုမှု ပြောင်းလဲစေတဲ့ လုပ်ငန်းတွေကိုလည်း မလုပ်ရဘူးလို့ ဆိုပါတယ်။

​အဲအပြင် မီဒီယာတွေ၊ လူထုဆက်သွယ်ရေးနည်းလမ်းတွေနဲ့ အခြားနည်းလမ်းတွေနဲ့ လယ်ယာမြေကို ဥပဒေနဲ့မညီဘဲ ရောင်းချရန်၊ ဝယ်ယူရန်၊ ရင်းနှီးမြှုပ်နှံရန် ကြော်ငြာခြင်း မပြုရလို့လည်း ဆိုပါတယ်။

​အဲဒီ ဇွန်လ ၂၉ ရက်နေ့ထုတ် အမိန့်မျိုးဟာ ရခိုင်ဒေသက မြေကို ဝယ်ယူရောင်းချထားကြတဲ့ လူထုအတွက်စိုးရိမ်စရာ အခြေအနေကို ဖြစ်စေပါတယ်။

​အဲဒီအမိန့်ဟာ အလွှဲသုံးစား မဟုတ်တဲ့ တရားမျှတပြီး အကျိုးအကြောင်း ဆီလျော်တဲ့ လူထုရဲ့ ရောင်းဝယ်မှုတွေကိုပါ ထိန်းချုပ်ဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။

​မြန်မာနိုင်ငံ မြေယာသမိုင်းမှာ လူထုဟာ မြေယာကို အရင်းအနှီးပြု တည်ဆောက်ခွင့် ဆုံးရှုံးနေတာလည်း ကြာခဲ့ပါပြီ။

​မဆလခေတ်တလျှောက် လယ်ယာမြေကို နိုင်ငံတော်ပိုင်လို့ သတ်မှတ်လိုက်တဲ့ နောက်ပိုင်း ကျေးလက်လူမှုဘဝဟာ စီးပွားရေးချွတ်ခြုံကျခဲ့ပါတယ်။

​နအဖ၊ နဝတ ခေတ်မှာ ဈေးကွက်စီးပွားရေးဘက် လှည့်ဖို့လိုတဲ့အခါ လယ်ယာမြေကို ရောင်းချပေါင်နှံခွင့် ပေးခဲ့ပါတယ်။

​ဘယ်လိုပဲဆိုဆို မြေကို ဘိုးဘွားစဉ်ဆက် ယဉ်ကျေးမှုအရကပင် ပိုင်ဆိုင်မှုအဖြစ်ခံယူထားတဲ့ ကျေးလက်လူမှုဘဝနဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာမြေဥပဒေကြားမှာ အံမဝင်တာတွေ အများကြီးရှိပါတယ်။

​အဲဒါကြောင့် အောက်ခြေလူတန်းစားတွေအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း၊ အသေးစား အလတ်စား ချေးငွေဆိုင်ရာ စီမံကိန်းတွေမှာ အစိုးရအဆက်ဆက်က ဖြည့်ဆည်းဖို့ ပျက်ကွက်လာကြတဲ့အခါ အောက်ခြေလူထုဟာ နေစရာအိမ်ကိုလည်း မြေကြီးကပဲ ရှာရပါတယ်။

​စီးပွားရေးအတွက် အရင်းအနှီးကိုလည်း မြေကြီးက ရှာရပါတယ်။

​အဲဒီတော့ လူနေရပ်ကွက် ကျေးရွာတွေ၊ လမ်းတံတား၊ဆေးရုံ၊စာသင်ကျောင်းနဲ့ နီးတဲ့ မြေတွေမှာ အိမ်တွေ ဆောက်လာရပါတယ်။

​ဆေးကု၊အကြွေးဆပ်ဖို့၊သားသမီး ကျောင်းထားဖို့ ငွေလိုလာရင် ရှိတဲ့မြေကို ရောင်းရ၊ ပေါင်နှံရပါတယ်။

​အဲဒီလိုနဲ့ မြေယာဟာ တန်ဖိုးကို ကိုယ်စားပြုလာပြီးအရင်းအနှီး အာမခံချက်တခုလိုဖြစ်လာပါတယ်။ အရင်းအနှီး အာမခံချက်တခုလို ဖြစ်လာတော့ ခေတ်ပျက်နေတဲ့အချိန်၊ ငွေတန်ဖိုးတွေ ကျနေတဲ့အချိန်မှာ မြေကို ဝယ်ကြ၊ ရောင်းကြပါတယ်။

​အဲဒီလို မဖြစ်စေချင်ရင် အဖြေက ရိုးရှင်းပါတယ်။ ​အစိုးရ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ပေးလိုက်ပါ။ အခမဲ့ ကျန်းမာရေး၊ ပညာရေးကို ဖြည့်ပေးလိုက်ပါ။ လူထုကို အရင်းအနှီး ထုတ်ပေးလိုက်ပါ။

​အဲဒီလို မလုပ်နိုင်သေးရင် လူထုက သူ့ပြဿနာကို သူဖြေရှင်းနေတာကို အာဏာသွားမပြဘဲ တရားမျှတမှုကိုပဲ ကြိုးစားပြီး လူထုကို အကောင်အထည်ဖော်ပေးလိုက်ပါ။

​ရခိုင်မှာ ကပ်ဘေးတွေနဲ့အတူ မြေယာဆိုင်ရာ တရားမျှတမှု ကင်းမဲ့ဇုန်းကို ရောက်သွားနိုင်ပြီး မြေယာပဋိပက္ခတွေဖြစ်လာနိုင်ပါတယ်။

(ဓာတ်ပုံ – ဗီတာ ၁ စစ်ဒေသမှူးနှုတ်မိန်းနဲ့သိမ်းထားတဲ့ကျောက်တော်မြို့နယ်မှလယ်ယာမြေ / BNA)

PrevPreviousပုဏ္ဏားကျွန်းမှာ အမျိုးသမီးအမှုသံသယတရားခံသုံးဦးကိုဖမ်းဆီးစစ်ဆီးနေ
Nextဒေလီဆန္ဒပြပွဲမှာ သတင်းထောက်တဦးကျည်ထိမှန်Next
Previous Post

ပုဏ္ဏားကျွန်းမှာ အမျိုးသမီးအမှုသံသယတရားခံသုံးဦးကိုဖမ်းဆီးစစ်ဆီးနေ

Next Post

ဒေလီဆန္ဒပြပွဲမှာ သတင်းထောက်တဦးကျည်ထိမှန်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

လျှပ်စစ်အတွက် အဏုမြူမယ်လို့ သမ္မတတုပြော

September 23, 2026
(ဓာတ်ပုံ - အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေး/BNA)

ဘင်္ဂလားဒေ့ရှ်သွင်းကုန်မုန့်တွေကို အာရက္ခအစိုးရ စစ်ဆေးဖို့လိုအပ်နေ

September 23, 2026

ဝေဘူလမြို့မှာ လက်နက်ကိုင်တွေမဝင်ဖို့ ဒေသခံတွေတောင်းဆို

September 23, 2026

အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင်ဆယ့်ငါးဦးနဲ့ဖွဲ့

September 23, 2026

လျှပ်စစ်အတွက် အဏုမြူမယ်လို့ သမ္မတတုပြော

ဘင်္ဂလားဒေ့ရှ်သွင်းကုန်မုန့်တွေကို အာရက္ခအစိုးရ စစ်ဆေးဖို့လိုအပ်နေ

ဝေဘူလမြို့မှာ လက်နက်ကိုင်တွေမဝင်ဖို့ ဒေသခံတွေတောင်းဆို

အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင်ဆယ့်ငါးဦးနဲ့ဖွဲ့

ထိုင်းမှာ မြန်မာငါးဖမ်းလှေလုပ်သားတွေ ဓားထိုးမှုဖြစ်လို့ နှစ်ဦးဒဏ်ရာရ

မလေးရှားမှာ မြန်မာတဦးအပါအဝင် နိုင်ငံခြားသားငါးဆယ့်သုံးဦးဖမ်းခံရ

Releated Post

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

လျှပ်စစ်အတွက် အဏုမြူမယ်လို့ သမ္မတတုပြော

September 23, 2026
(ဓာတ်ပုံ - အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေး/BNA)

ဘင်္ဂလားဒေ့ရှ်သွင်းကုန်မုန့်တွေကို အာရက္ခအစိုးရ စစ်ဆေးဖို့လိုအပ်နေ

September 23, 2026

ဝေဘူလမြို့မှာ လက်နက်ကိုင်တွေမဝင်ဖို့ ဒေသခံတွေတောင်းဆို

September 23, 2026

အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင်ဆယ့်ငါးဦးနဲ့ဖွဲ့

September 23, 2026
ဓာတ်ပုံ - ထိုင်းသတင်းတွေ

ထိုင်းမှာ မြန်မာငါးဖမ်းလှေလုပ်သားတွေ ဓားထိုးမှုဖြစ်လို့ နှစ်ဦးဒဏ်ရာရ

September 23, 2026
​ဓာတ်ပုံ - JIM

မလေးရှားမှာ မြန်မာတဦးအပါအဝင် နိုင်ငံခြားသားငါးဆယ့်သုံးဦးဖမ်းခံရ

September 23, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page