Border News Agency
ထိုင်း၊ စက်တင်ဘာ ၂၃။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်မှာ မြန်မာနိုင်ငံသားငါးဖမ်းလှေလုပ်သားတွေအချင်းချင်းရန်ဖြစ်ရာကနေ ဓားထိုးမှုဖြစ်လို့ နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီဖန်ငခရိုင်မှာစက်တင်ဘာလ ၂၁ ရက်နေ့ကရန်ဖြစ်ခဲ့ကြတာဖြစ်ပြီး ဒဏ်ရာရခဲ့သူနှစ်ဦးကို ခုရာဘူရီမြို့နယ်၊ ခုရာဘူရီငါးဖမ်းဆိပ်ကမ်းကိုခေါ်ဆောင်လာခဲ့ပြီး သူတို့နှစ်ဦးကို ခုရာဘူရီချိုင်းဖတ်ဆေးရုံကိုပို့ဆောင်ခဲ့ပါတယ်။
ငါးဖမ်းလှေဟာပင်လယ်ပြင်မှာ ညအချိန်ကျောက်ချရပ်နားထားစဉ် လှေပေါ်ရှိလုပ်သားတွေက အခန်းတခန်းမှာစကားများကြတာကြောင့် အနားယူနေကြတဲ့လုပ်သားတွေကထွက်လာပြီး ဝင်ရောက်တားဆီးခဲ့ကြရာကနေ ဓားနဲ့ထိုးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ခုရာဘူရီရဲစခန်းကဖြစ်စဉ်ကိုစစ်ဆေးနေပြီး ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်အရေးယူဆောင်ရွက်နေပါတယ်။










