Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၃။
မြောက်ဦးမြို့နယ်ထဲက သက္ကမကျေးရွာအချို့မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အာရက္ခအစိုးရက စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ စာရေးကိရိယာတွေနဲ့ အားကစားပစ္စည်းတွေသွားရောက် ထောက်ပံ့ပေးခဲ့ပါတယ်။
ထောက်ပံ့ပေးရာမှာ KG တန်းကနေ Grade – 6 အထိ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဖတ်စာအုပ်တွေ၊ စာရေးကိရိယာတွေနဲ့ ကျောင်းအလိုက် အားကစားပစ္စည်းတွေကိုပေးခဲ့တာပါ။
အဲဒီထောက်ပံ့ရေးလုပ်ငန်းတွေကို မြောက်ဦးခရိုင်ပါတီတာဝန်ရှိသူတွေ၊ တိုက်နယ်ရုံး တာဝန်ရှိသူတွေ၊အာရက္ခတပ်တော်နဲ့ ဗဟိုကျန်းမာရေးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
ခုလိုစာသင်ကျောင်းတွေအတွက် လိုအပ်တဲ့စာရေးကိရိယာတွေ လာရောက်ထောက်ပံ့ပေးတဲ့အတွက် ဝမ်းမြောက်ကျေးဇူးတင်တယ်လို့လည်း ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခအစိုးရအနေနဲ့ ဒေသအတွင်း လူမျိုး၊ ဘာသာမခွဲခြားဘဲ ဒေသခံပြည်သူတွေအတွက် လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေကို ဆက်တိုက်ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။
















