Border News Agency
ကျောက်တော်၊နိုဝင်ဘာ ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား နှစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။
ကျောက်တော်မြို့စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနားဝန်းကျင်နေရာတွေကို နိုဝင်ဘာလ ၁၆ ရက်၊ည အချိန်မှာ အာဏာသိမ်းစစ်တပ်က ဗုံးအလုံးလေးဆယ်ကျော်နဲ့ တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရွာက ကိုမျိုးမင်းကိုနဲ့ ကျောက်တော်မြို့နယ်၊ ရွာမပြင်ရွာက မယုဇာခိုင်တို့ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရပါတယ်။
အဲဒီအပြင် စိုက်ပျိုးရေးသိပ္ပံကျောင်းဆောင် နှစ်ဆောင်လည်း ပြိုပျက်ပျက်စီးသွားခဲ့ပါတယ်။













