Border News Agency
ကျောက်တော်၊နိုဝင်ဘာ ၁၇ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အခွန်ရုံးအပါအဝင်နေရာတချို့ကို နိုဝင်ဘာလ ၁၆ ရက်နေ့၊ည ၁၁ နာရီ ၃၅ မိန စ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်အပြင်းအထန်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျောက်တော်မြို့ခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာဖွင့်ထားတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အခွန်ရုံး၊ကစ္စပနဒီတံတားအောက်မှာဖွင့်ထားတဲ့ အာရက္ခတပ်တော်ရဲ့မောင်းတံဂိတ်အပါအဝင်နေရာတချို့ကို အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်အုပ်က အပြင်းအထန်လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်ခံရတာမို့ အပြင်းအထန်ပေါက်ကွဲမီးလောင်တာတွေဖြစ်ခဲ့ပေမယ့် သေဆုံးဒဏ်ရာသူတွေအခြေအနေကို အသေးစိတ်မသိရဘူးလို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
“စိုက်ပျိုးရေးသိပ္ပံကျောင်းမှာဖွင့်ထားတဲ့အခွန်ရုံး၊တံတားအောက်က အေအေမောင်းတံဂိတ်နဲ့တခြားနေရာတချို့ကို လာချသွားတာပါ။မီးလောင်နေတာကိုမြင်ရပါတယ်။အိမ်တွေတောင်လှုပ်သွားပါတယ်။သေဆုံးဒဏ်ရာရတာကိုမသိရသေးပါဘူး။အခွန်ရုံးကနေ့ဘက်ဆိုရင်လူတအားစည်ပါတယ်။ညဖက်လူတွေအိပ်၊မအိပ်တော့အတိအကျမသိရပါဘူး။”လို့ ကျောက်တော်မြို့ပေါ်နေအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီနေရာတွေကို နိုဝင်ဘာလ ၁၆ ရက်နေ့ည ၁၁ နာရီကျော်အချိန်မှ နိုဝင်ဘာ လ ၁၇ ရက်နေ့ မနက် ၁ နာရီကျော်ထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုခဲ့လုပ်တာမို့ ကျရောက်ပေါက်ကွဲပျက်စီးမှုများနိုင်ပေမယ့် အရပ်သားပြည်သူတွေကို လာရောက်ကြည့်ခွင့်တားမြစ်ထားတယ်လို့လည်း ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တုန်းကလည်း ဗဟိုအခွန်မှူးအပါအဝင်ULA/AA အဖွဲ့ဝင်တချို့သေဆုံးသွားဖူးပြီး အခွန်၊အခတွေအဆမတန်ကောက်ခံနေတာတွေကို မကြိုက်၊လက်မခံသူတွေရှိနေနိုင်တယ်လို့လည်း ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့ရှိ ဆေးရုံ၊စာသင်ကျောင်း၊တရားရုံး၊ရဲစခန်း၊ထွေအုပ်ရုံး၊ဘဏ်အပါအဝင် ဌာနဆိုင်ရာနေရာတွေကို ULA/AA က ပြန်အသုံးပြုနေကြပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ဖြစ်နေတာလို့လည်း ကျော က်တော်မြို့ခံတွေက ဆိုကြပါတယ်။
“ကျောက်တော်မြို့သိမ်းတိုက်ပွဲတုန်းကတောင်မြို့က ဘာမှမပျက်စီးသွားပါဘူး။ULA/AA လက်ထဲရောက်သွားပြီးနောက်ပိုင်းမတရားအခွန်တွေကောက်နေကြတော့ အကြိမ်ကြိမ်လေကြောင်းတိုက်ခံနေရလို့ မြို့ပျက်ကြီးလို့ဖြစ်နေပါပြီ။အခွန်မတရားကောက်နေတာတွေ၊အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတာတွေ၊အာဏာပါဝါပြနေကြတာတွေ၊လက်ဝါးကြီးအုပ်လုပ်စားနေကြတာတွေကြောင့် မကြာခဏလာပစ်ခံနေရတာပါ။”လို့ ကျောက်တော်မြို့ခံလူကြီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျောက်တော်မြို့၊ကစ္စပနဒီတံတားအောက်ရှိ အာရက္ခတပ်တော်စစ်ဆေးရေးမောင်းတံဂိတ်အထိုင်နေရာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီးတံတားအနီးရှိ အိန္ဒိယစျေးမှာကျရောက်ပေါက်ကွဲခဲ့တာမို့ အရပ်သားပြည်သူတွေအပါအဝင် ULA/AA အဖွဲ့ဝင်တွေလည်း သေဆုံးသွားကြတယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးကို ကုန်စည်အားလုံးဖြန့်နေတာဖြစ်သလို ဆက်သွယ်သွားလာရာနေရာဖြစ်တာမို့အခွန်၊အခအများဆုံးကောက်ခံရရှိနေသလို စီးပွားရေးလုပ်ပိုင်ခွင့်အားလုံးကို အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ယောက်ခမကြီးဦးစံကျော်လှအပါအဝင် ULA/AA အရာရှိကြီးတွေ၊မိသားစုဝင်တွေဟာ လက်ဝါးကြီးအုပ်လုပ်ပိုင်ခွင့်ရနေကြတယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် ဒေသခံပြည်သူတွေကို ပိတ်လောင်ထားပြီး ULA/AA အရာရှိကြီးမိသားစုဝင်တွေသာ သွားလာလှုပ်ရှားခွင့်ရနေကြတာမို့ ULA/AA တွေထဲမှာလည်း အချင်းချင်းအဆင်မပြေ၊မကျေနပ်ချက်တွေရှိနေကြတာလို့ အာဏာသိမ်းစစ်တပ်ဆီသတင်းပေါက်ကြားနိုင်တယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
“ဗိုလ်ချုပ်ယောက်ခမဦးစံကျော်လှတောင် ကျောက်တော်မြို့ထက်ကပြည် သူပိုင်တိုက်ကို အတင်းအဓမ္မသိမ်းယူနေထိုင်နေတာပါ။မြို့နယ်အရာရှိတချို့မိသားစုတွေက ရန်ကုန်မှာပါ။ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဆိုရင်လည်း အစိုးရဝန်ထမ်းဟောင်းပါ။မိသားစုတွေက ရန်ကု န်မှာစီးပွားရေးတွေအကြီးအကျယ်လုပ်နေကြတာပါ။စစ်တပ်မိသားစုဝင်တွေလည်း ULA/AA မှာအရာရှိဖြစ်နေကြပါတယ်။ပြည်သူတွေလည်း ထောက်ခံမှုကျဆင်းလာတော့ စစ်တပ်ကသတင်းရဖို့ပိုလွယ်လာပါတယ်။”လို့ ကျောက်တော်မြို့ခံစီးပွားရေးလုပ်ငန်းရှင်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျောက်တော်မြို့နယ်အပါအဝင် ပုဏ္ဏားကျွန်းမြို့နယ်၊ပလက်ဝမြို့နယ်စတဲ့ ကစ္စပနဒီမြစ်တလျှောက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေပါတယ်။
အဲဒီကုလားတန်မြစ်ဘေးတလျှောက်ရှိ အာရက္ခတပ်တော်စစ်ပညာသင်တန်းကျောင်းနေရာတွေ၊တပ်စခန်းတွေ၊သူနာပြုသင်တန်းကျောင်းနေရာတွေကို လေကြောင်းတိုက်ခိုက်ခံရတာမို့ သင်တန်းသားတွေ၊တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရကြတယ်လို့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေက အတည်ပြုပြောကြပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ရဲ့စစ်ပညာသင်တန်းကျောင်းတွေအပါအဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရုံးတွေကို နေရာပြောင်းဖွင့်ထားပေမယ့် ဝန်ထမ်းတွေထဲက ထပ်သတင်းပေါက်ကြားတာမို့ ထပ်လေကြောင်းတိုက်ခိုက်ခံနေကြရတာလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးဝန်ထမ်းအသိုင်းအဝိုင်းက အတည်ပြုပြောပါတယ်။







