Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

စစ်ရှုံးခြင်းလား စစ်ရေးဗျူဟာအရ လမ်းကြောင်းဖြတ်တောက်ခြင်းလား

Author picture

By

Swe Zin Htike
Reading Time: 2 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၁၆။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေများကို အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်ရေးအရအရေးပါသည့် လမ်းကြော င်းများကို ဖြတ်တောက်ရန် ရည်ရွယ်ခြင်းလား။ စစ်ရေးအရ အရေးနိမ့်လာသည့်အတွက် နယ်မြေထိန်းချုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးကို အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်ခြင်းလားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာသည်။

ပရဟိတသမားတဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်  စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်လာသည့်အတွက် တံတားများကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

အခြားတဖက်တွင်လည်း ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်များ မြန်မာပြည်မှ ဆုတ်ခွာချိန်၌ အင်းဝတံတားကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်နှင့်ယနေ့ဖြစ် ရပ်များကို နှိုင်းယှဉ်ပြောဆိုမှုများ ရှိလာသည်။

သို့သော် တံတားတစင်းကို ဖျက်ဆီးခြင်းဆိုသည့် လုပ်ရပ်ချင်းတူညီရုံဖြင့် သမိုင်းနောက်ခံ၊စစ်ရေးရည်ရွယ်ချက်နှင့် အရပ်သားများအပေါ် သက်ရောက်မှုတို့ကို တူညီသည်ဟု သတ်မှတ်နိုင်မည်မဟုတ်ပေ။

ယင်းအခြေအနေတွင် စစ်ရေးအရ တံတားဖျက်ဆီးမှု၏ရည်ရွယ်ချက်ကိုသာ ဆွေးနွေးနေမည့်အစား အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များ၊သမိုင်းမှတ်တမ်းများနှင့် ပြည်သူများအပေါ် ကျရောက်နေသည့် ဆုံးရှုံးမှုများကိုပါ လေ့လာရန်လိုအပ်သည်။

တံတားဖျက်ဆီးမှုများက မည်သည့်ကိုပြသနေသနည်း

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနှင့် ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားသော တံတားအား
နိုဝင်ဘာလ ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် အာဏာသိမ်းစစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လမ်းသွားလမ်းလာပြည်သူ ၇ သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော်ထုတ်ပြန်သည်။

ထို့အပြင် အဆိုပါတံတားမှာလည်း ပျက်စီးခဲ့ရပြီး တံတားပေါ်သွားလာနေကြသော ဆိုင်ကယ်၊ဘေးတွဲဆိုင်ကယ်များ နှင့် တံတား အနီးအနားပတ်ဝန်းကျင်မှ ပြည်သူများ၏ နေအိမ်အချို့ ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ဖော်ပြသည်။

ထိုအပြင် အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် အဉ္ဇနပူရမြို့နယ်၊စွန်ရဲကျေး ရွာတံတားကို နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၂  နာရီအချိန်ခန့်တွင် အာဏာသိ မ်းစစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက် ခဲ့သောကြောင့်တံတား၏အစိတ်အပိုင်းတချို့ ပျက်စီးခဲ့သည်ဟု အာရက္ခတပ်တော်ထုတ်ပြန်သည်။

ထို့နောက်ရမ်းဗြဲမြို့နယ်ရှိ သဇင်တန်ပေါက်တံတားနှင့် သံသမချေတံတားတို့ကို နိုဝင်ဘာလ ၁၄ ရက်နေ့၊နံနက် ၁ နာရီ ၃၂ မိနစ်အချိန်ခန့်တွင် အာဏာသိ မ်းစစ်တပ်မိုင်းခွဲဖျက်ဆီးခဲ့ပြီး နံနက် ၁ နာရီ ၄၀ မိနစ်နှင့် ၁၀ နာရီ ၁၂ မိနစ်အ ချိန်ခန့်တို့တွင်လည်း အဆိုပါ တံတား ၂ စင်းလုံးကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အာရက္ခတပ်တော်ထုတ်ပြန်သည်။

တံတားဖျက်ဆီးခြင်းနှင့် စစ်ရေးရှုံးနိမ့်ခြင်းကို တထပ်တည်း သတ်မှတ်နိုင်သလား

စစ်ရေးသမိုင်းတွင် တံတားဖျက်ဆီးခြင်းသည် ဆုတ်ခွာနေသည့်တပ်များသာ အသုံးပြုသည့် နည်းဗျူဟာမဟုတ်ပေ။

ရန်သူ့တပ်များ၏ရွေ့လျားမှုကို တားဆီးရန်၊ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ရန်၊နယ်မြေတခုအတွင်း ရန်သူ၏စစ်ရေးလှုပ်ရှားမှုကို ကန့်သတ်ရန် ရည်ရွယ်သည့် နည်းဗျူဟာတခုလည်းဖြစ်သည်။

ထို့ကြောင့် တံတားတစ်စင်းကို ဖျက်ဆီးလိုက်ခြင်းတခုတည်းအပေါ် အခြေခံ၍ ဖျက်ဆီးသည့်တပ်သည် စစ်ရှုံးနေပြီဟု ကောက်ချက်ချ၍မရနိုင်ပေ။

စစ်ရေးအရ ရှုံးနိမ့်နေသည့်အတွက် လုပ်ဆောင်ခြင်းလား၊ ရန်သူ့တပ်များ၏ သယ်ယူပို့ဆောင်ရေးကို ဖြတ်တောက်ရန် လုပ်ဆောင်ခြင်းလားဆိုသည်ကို သိရှိနိုင်ရန် မြေပြင်စစ်ရေးအခြေအနေ၊ တပ်ဖွဲ့များ၏ ရွေ့လျားမှု၊ ထောက်ပံ့ရေးလမ်းကြောင်းနှင့် တိုက်ခိုက်မှုများ၏ ရည်ရွယ်ချက်တို့ကို လေ့လာရန်လိုအပ်သည်။

သို့သော် တံတားဖျက်ဆီးမှုကို စစ်ရေးအခြေအနေတခုလုံးနှင့် ချိတ်ဆက်လေ့လာရန် လိုအပ်ကြောင်း ပြသနေသည့်အချက်တခုဖြစ်သည်။

စစ်ရေးအရ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုကို ဆုံးဖြတ်ရာတွင် တံတားဖျက်ဆီးခြင်းတခုတည်းထက် နယ်မြေထိန်းချုပ်နိုင်မှု၊စစ်ရေးအင်အား၊ထောက်ပံ့ရေးစနစ်နှင့်စစ်ဆင်ရေးရလဒ်တို့ကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

၁၉၄၂ ခုနှစ် အင်းဝတံတားနှင့် ယနေ့ ရခိုင်တံတားများ

ယနေ့ ရခိုင်ပြည်နယ်အတွင်း တံတားဖျက်ဆီးမှုများကို ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်များ အင်းဝတံတားကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်နှင့်နှိုင်းယှဉ်မှုများလည်း ရှိလာသည်။

ထိုသမိုင်းမှတ်တမ်းများအရ ၁၉၄၂ ခုနှစ် ဧပြီလတွင် ဂျပန်တပ်များသည် မြန်မာပြည်အတွင်းသို့ ထိုးစစ်ဆင်လာခဲ့ပြီး ဗြိတိသျှနှင့် မဟာမိတ်တပ်များ သည် အိန္ဒိယဘက်သို့ ဆုတ်ခွာခဲ့ကြသည်။

ထိုဧပြီလ ၃၀ ရက်တွင် ဗြိတိသျှတပ်များသည် ဧရာဝတီမြစ်မြောက်ဘက်သို့ ဖြတ်ကူးပြီးနောက် အင်းဝတံတားကို ဖျက်ဆီးခဲ့ကြောင်း Burma Campaign 1941-1945 ၏ စစ်ဆင်ရေးနေ့စဉ်မှတ် တမ်းတွင် ဖော်ပြထားသည်။

Special Operations Executive in Burma ၏ သမိုင်းဆိုင်ရာ မှတ်တမ်းတစ်ခုတွင်လည်း ၁၉၄၂ ခုနှစ် ဧပြီ ၃၀ ရက်၌ ဗိုလ်ချုပ် Slim ၏ တပ်ဖွဲ့များ သည် အင်းဝတံတားမှတဆင့် ဧရာဝတီမြစ်ကို ဖြတ်ကူးပြီးနောက် ဂျပန်တပ်များ၏ ရှေ့ဆက်တိုးမှုကို နှောင့်နှေးစေရန်တံတားကို ဖောက်ခွဲခဲ့ကြောင်း ရေး သားထားသည်။

ဗြိတိသျှတပ်များသည် ထိုအချိန်က ဂျပန်တပ်များ၏ ထိုးစစ်အောက်တွင် မြန်မာပြည်မှ ဆုတ်ခွာနေသည့် စစ်ရေးအခြေအနေဖြစ်သည်။

National Army Museum ၏မှတ်တ မ်းတွင်လည်း ၁၉၄၂ ခုနှစ် ပထမမြန်မာစစ်ဆင်ရေးအတွင်း ဗြိတိသျှနှင့် မဟာ မိတ်တပ်များသည် စစ်ရေးအရ ရှုံးနိမ့်ပြီးနောက် အိန္ဒိယဘက်သို့ ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

(ကိုးကား – The Diary of the Burma Campaign 1941-1945, 30 April 1942; Special Operations Executive in Burma, 30 April 2022; National Army Museum, The Far East Campaign)

ဤသမိုင်းဖြစ်စဉ်ကို ယနေ့ ရခိုင်တံ တားဖျက်ဆီးမှုများနှင့် နှိုင်းယှဉ်ရာတွင် အဓိကကွာခြားချက်မှာ စစ်ရေးအခြေအနေဖြစ်သည်။

၁၉၄၂ ခုနှစ် အင်းဝတံတားဖျက်ဆီးမှုသည် ဆုတ်ခွာနေသော မဟာမိတ်တပ်များက ရန်သူ၏ ရှေ့ဆက်တိုးမှုကို နှောင့်နှေးစေရန် လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။

ယနေ့ ရခိုင်တွင် ဖြစ်ပွားနေသော တံတားဖျက်ဆီးမှုများမှာမူ လက်ရှိပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်း နယ်မြေထိန်းချုပ်မှုနှင့် စစ်ရေးလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ဆက်စပ်နေသည်။

ထို့ကြောင့် တံတားဖျက်ဆီးမှုဆိုသည့် လုပ်ရပ်ချင်းတူညီရုံဖြင့် ဖြစ်စဉ်နှစ်ခုကို တူညီသည့် သမိုင်းနောက်ခံရှိသည်ဟု သတ်မှတ်ခြင်းသည် မပြည့်စုံပေ။

သမိုင်းကို ကိုးကားခြင်းသည် အတိတ်က ဖြစ်ရပ်တခုကို လက်ရှိလုပ်ရပ်တစ်ခုအတွက် အကြောင်းပြချက်အဖြစ် အ သုံးပြုခြင်းမဟုတ်ဘဲ ဖြစ်ရပ်နှစ်ခု၏ နောက်ခံအခြေအနေ၊ရည်ရွယ်ချက်နှင့် အကျိုးဆက်တို့ကို ခွဲခြားနားလည်နိုင်ရန် ဖြစ်သင့်သည်။

စစ်ရေးပစ်မှတ်ဖြစ်ခြင်းနှင့်အရပ်သားထိခိုက်မှု

တံတားတစင်းသည် စစ်ရေးအရ အာရေးပါသည့် သယ်ယူပို့ဆောင်ရေးလ မ်းကြောင်းဖြစ်နိုင်သည်။

သို့သော် ထိုအချက်တခုတည်းဖြင့် တံတားကို အကန့်အသတ်မရှိ ဖျက်ဆီးတိုက်ခိုက်နိုင်သည်ဟု မဆိုလိုပေ။

နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဥပဒေ (International Humanitarian Law – IHL)အရ စစ်ပွဲအတွင်း အရပ်သားပစ္စည်းများနှင့် စစ်ရေးရည်မှန်းချက်များကို ခွဲခြားရမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော် မတီ(ICRC)၏ ဓလေ့ထုံးတမ်းဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ စည်းမျဉ်း (Rule 7) တွင် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးသည် အရပ်သားပစ္စည်းများနှင့် စစ်ရေးရည်မှန်းချက်များကို အချိန်တိုင်း ခွဲခြားရမည်ဖြစ်ပြီး တိုက်ခိုက်မှုများကို စစ်ရေးရည်မှန်းချက်များအပေါ်သာ ဦးတည်ရမည်ဟု ဖော်ပြထားသည်။

ICRC ၏ စစ်ပွဲဆိုင်ရာ ဥပဒေရှင်းလင်းချက်တွင်လည်း တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အရပ်သားထိခိုက်မှုသည် မျှော်မှန်းထားသည့် တိကျပြီး တိုက်ရိုက်သော စစ်ရေးအကျိုးအမြတ်နှင့် နှိုင်းယှဉ်ပါက အလွန်အကျွံဖြစ်နေပါက တိုက်ခိုက်မှုသည် တားမြစ်ခံရနိုင်ကြောင်း ရှင်းလင်းထားသည်။

ထို့အပြင် အရပ်သားသေဆုံးမှု၊ ဒဏ်ရာရမှုနှင့် အရပ်သားပစ္စည်းပျက်စီးမှုများကို ရှောင်ရှားရန် လက်တွေ့ဖြစ်နိုင်သမျှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည့် တာဝန်လည်း ရှိသည်။

(ကိုးကား – ICRC, Customary IHL, Rule 7; ICRC, FAQ: Rules of War)

ထို့ကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်​​မြေများအတွင်း တံတားများကို တိုက်ခိုက်ဖျက်ဆီးမှုတခုချင်းစီကိုလည်း စစ်ရေးရည်မှန်းချက်ရှိ၊မရှိ၊အရပ်သားထိခိုက်မှုကို မည်မျှကြိုတင်တွက်ချက်ထားသနည်း။ဖြစ်ပေါ်လာသည့် ထိခိုက်မှုသည် စစ်ရေးအကျိုးအမြတ်နှင့် အချိုးညီမှုရှိ၊မရှိဆိုသည့်အချက်များဖြင့် စိစစ်ရန် လိုအပ်သည်။

တံတားပျက်စီးမှု၏နောက်ကွယ်မှ ပြည်သူ့ဘဝ

စစ်ရေးအရ တံတားတစင်းကို ဖျက်ဆီးခြင်းသည် ရန်သူ့တပ်များ၏ ရွေ့လျားသွားလာမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

သို့သော် ထိုတံတားကို အသုံးပြုနေသ ည့် အရပ်သားပြည်သူများအတွက်မူ သွားလာရေးလမ်းကြောင်းတခု ဆုံးရှုံးသွားခြင်းဖြစ်သည်။

ယောချောင်းတံတားဖြစ်စဉ်တွင် ခရီးသွားပြည်သူများ သေဆုံးဒဏ်ရာရခဲ့ခြင်းအပြင် အနီးပတ်ဝန်းကျင်ရှိ အိမ်များနှင့် ဆိုင်ခန်းများလည်း ပျက်စီးခဲ့သည်။

အဆိုပါတံတားသည် ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်များအကြား သွားလာရေးအတွက် အရေးပါသည့်လမ်းကြောင်းတခုဖြစ်သည်။

ထိုတံတားပျက်စီးသွားသည့်အခါ ကားလမ်းအသုံးပြုမှု ရပ်တန့်သွားနိုင်သလို ရေလမ်းမှတဆင့် သွားလာရန် အချိန်နှင့်ကုန်ကျစရိတ် ပိုမိုလိုအပ်လာနိုင်သည်။

ထိုအခြေအနေသည် ကုန်စည်စီးဆင်းမှု၊ဆေးဝါးသယ်ယူပို့ဆောင်မှုနှင့်ဒေသ ခံများ၏နေ့စဉ်အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလာနိုင်သည်။

ထိုတံတားဖျက်ဆီးမှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုသည် တံတားပြုပြင်တည်ဆောက်ရေး ကုန်ကျစရိတ်တစ်ခုတည်း မဟုတ်ပေ။

လူနာတဦး ဆေးရုံသို့ အချိန်မီမရောက်နိုင်ခြင်း၊လယ်သမားတဦး၏ထွက်ကုန်များ ဈေးကွက်သို့ မရောက်နိုင်ခြင်း၊ ကျောင်းသားတဦး၏ပညာရေးအခွင့် အလမ်း ထိခိုက်ခြင်းတို့လည်း ပါဝင်သည်။

အထူးသဖြင့် ရခိုင်တွင် လမ်းပန်းဆက် သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ အခက်အခဲများ ရှိနှင့်ပြီးသားဖြစ်သည့်အတွက် အရေးပါသော တံတားများ ထပ်မံပျက်စီးခြင်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝအပေါ် ပိုမိုကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သည်။

ကျိုးကြောင်းဆီလျော်မှုမရှိသော ဝါဒဖြန့်ပြောဆိုမှုများကို သတိပြုဆင်ခြင်ရန် လိုအပ်နေ

နာမည်ကြီး ပရဟိတသမားတဦး၏ “စစ်ကောင်စီသည် စစ်ရှုံးနေသောကြောင့် တံတားများကို ဖျက်ဆီးနေခြင်းဖြစ်သည်။” ဆိုသည့် ပြောဆိုချက်သည် စစ်ရေးအခြေအနေကို အထောက်အထားများအပေါ် အခြေခံ၍ ပြည့်ပြည့်စုံစုံ သုံးသပ်ထားသည့် ကောက်ချက်တခုဟု မဆိုနိုင်ပေ။

ယင်းသည် စစ်ရေးဖြစ်ရပ်တခုကို နိုင်ငံရေးအမြင်ဖြင့် တဖက်သတ်အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်နိုင်ပြီး မြေပြင်အခြေအနေကိုလည်း အများပြည်သူအကြား ဝေဝါးသွားစေနိုင်သည်။

ထိုသို့သော ပြောဆိုချက်များသည် ပြည်သူလူထု၏ အမြင်နှင့် ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိနိုင်သည့်အတွက် ယခုကဲ့သို့ ပဋိပက္ခကာလတွင် အချက်အလက်နှင့် အထောက်အထားများကို အခြေခံ၍ ဝေဖန်ဆန်းစစ်ရန် ပိုမိုလိုအပ်သည်။

စစ်ရေးသဘောတရားအရ တံတားဖျက်ဆီးခြင်းသည် စစ်ရှုံးနေသည့်တပ်များသာ အသုံးပြုသည့် နည်းဗျူဟာမဟုတ်ပေ။

ရန်သူ့တပ်များ၏ ရွေ့လျားမှုကို နှောင့် နှေးစေရန်၊ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန်နှင့် စစ်ရေးလှု ပ်ရှားမှုများကို ကန့်သတ်ရန် ရည်ရွယ်၍ လည်း အသုံးပြုနိုင်သည့် နည်းဗျူဟာတခုဖြစ်သည်။

ထို့ကြောင့် တံတားဖျက်ဆီးမှုတခုတ ည်းကို အခြေခံပြီး စစ်ကောင်စီ စစ်ရှုံးနေသည်ဟု ကောက်ချက်ချခြင်းသည် စစ်ရေးအခြေအနေတခုလုံးကို ထည့်သွ င်းစဉ်းစားထားခြင်းမရှိသည့် အပေါ်ယံသုံးသပ်ချက်သာ ဖြစ်သည်။

ထို့အပြင် ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်များ အင်းဝတံ တားကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်နှင့် ယနေ့ ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် တံတားဖျက်ဆီးမှုများကိုလည်း သမိုင်းနောက်ခံ၊ စစ်ရေးရည်ရွယ်ချက်နှင့် မြေပြင်အခြေအနေများ မတူညီဘဲ တိုက်ရိုက်နှိုင်းယှဉ်၍ မရပေ။

အရေးကြီးသည်မှာ တံတားဖျက်ဆီးမှုကြောင့် စစ်ရေးအရ မည်သူ့အတွက် အကျိုးရှိသည်ဆိုသည့် အချက်တခုတည်းမဟုတ်ဘဲ ထိုလုပ်ရပ်များကြော င့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်၊သွားလာရေး၊ကျန်းမာရေးနှင့် စားဝတ်နေရေးတို့ မည်မျှထိခိုက်နစ်နာနေသနည်းဆိုသည့် အချက်ဖြစ်သည်။

စစ်ရေးဖြစ်ရပ်တခုကို နိုင်ငံရေးဝါဒ ဖြန့်မှုဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် အချက်အလက်အခြေပြုသုံးသပ်မှုကို အစားမထိုးနိုင်ပေ။ 

PrevPreviousအာဏာသိမ်းပြီးနောက် အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံတဝှမ်း သေဆုံးသူခုနှစ်ထောင်နီးပါးရှိ
Nextမလေးရှားမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ဝင်ငွေခွန်နဲ့ ငွေလွှဲအထောက်အထားပြရမယ်Next
Previous Post

အာဏာသိမ်းပြီးနောက် အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံတဝှမ်း သေဆုံးသူခုနှစ်ထောင်နီးပါးရှိ

Next Post

မလေးရှားမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ဝင်ငွေခွန်နဲ့ ငွေလွှဲအထောက်အထားပြရမယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာရက္ခတပ်တော်

ပလက်ဝကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားဆယ့်နှစ်ဦးသေဆုံး

November 18, 2026
ဓာတ်ပုံ - အာရက္ခတပ်တော်

အာရက္ခတပ်တော်ထိန်းချုပ်မြို့ငါးခုကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားဆယ့်ငါးဦးသေဆုံး

November 18, 2026
​ဓာတ်ပုံ - AA Info Desk

သံတွဲမြို့ GTI ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း

November 18, 2026
​ဓာတ်ပုံ - AA Info Desk

စနဲမြို့ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမြင်ကွင်း

November 18, 2026

စနဲမြို့ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမြင်ကွင်း

​လက်နက်ကိုင်တပ်ဖွဲ့အတွင်း တပ်ဖွဲ့ဝင်အမျိုးသမီးတွေအပေါ် အနိုင်ကျင့်မှုတွေ – ၁

ကျောက်တော် စိုက်ပျိုးရေးသိပ္ပံကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း(ဓာတ်ပုံသတင်း)

ကွာလာလမ်ပူမှာ မြန်မာခြောက်ဦးအပါအဝင် နှစ်ဆယ့်ငါးဦးဖမ်းခံရ

သံတွဲမြို့မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့  နှစ်ဦးသေဆုံး

တောင်ကုတ်မြို့နယ်က ဒေသခံတွေကို အာရက္ခအစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

Releated Post

​ဓာတ်ပုံ - AA Info Desk

စနဲမြို့ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမြင်ကွင်း

November 18, 2026

​လက်နက်ကိုင်တပ်ဖွဲ့အတွင်း တပ်ဖွဲ့ဝင်အမျိုးသမီးတွေအပေါ် အနိုင်ကျင့်မှုတွေ – ၁

November 18, 2026
AA Info Desk

ကျောက်တော် စိုက်ပျိုးရေးသိပ္ပံကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း(ဓာတ်ပုံသတင်း)

November 18, 2026
ဓာတ်ပုံ - မလေးရှားလဝက

ကွာလာလမ်ပူမှာ မြန်မာခြောက်ဦးအပါအဝင် နှစ်ဆယ့်ငါးဦးဖမ်းခံရ

November 17, 2026

သံတွဲမြို့မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့  နှစ်ဦးသေဆုံး

November 17, 2026
​ဓာတ်ပုံ - APM

တောင်ကုတ်မြို့နယ်က ဒေသခံတွေကို အာရက္ခအစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

November 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page