Border News Agency
ကျောက်တော်၊နိုဝင်ဘာ ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့ပေါ်ရှိစိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးဝန်းကျင်ကို နိုဝင်ဘာလ ၁၆ ရက်၊ည ၁၁ နာရီခွဲအချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်လို့ ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံတွေနဲ့ ပတ်ဝန်းကျင်နေရာတွေမှာ ဗုံးစထိမှန်တာနဲ့ ပေါက်ကွဲအားကြောင့် အပျက်အစီးပုံစံတွေအဖြစ်ပြိုကျပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မြို့ပြနဲ့ပညာရေးအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆက်လက်ကျူးလွန်နေပါတယ်။






























