Border News Agency
သံတွဲ၊ နိုဝင်ဘာ ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို နိုဝင်ဘာလ ၁၇ ရက်၊ဒီနေ့ နေ့လည်ပိုင်းမှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
သံတွဲမြို့ရှိ စစ်မှုလက်မှုသိပ္ပံကျောင်း (GET) နဲ့ အ.ထ.က (၁) တို့ကို နိုဝင်ဘာ ၁၇ ရက်၊ ဒီနေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
ကျောက်တော်မြို့စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနားဝန်းကျင်နေရာတွေကိုလည်း နိုဝင်ဘာလ ၁၆ ရက်၊ ည အချိန်မှာ အာဏာသိမ်းစစ်တပ်က ဗုံးအလုံးလေးဆယ်ကျော်နဲ့တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရွာက ကိုမျိုးမင်းကိုနဲ့ ကျောက်တော်မြို့နယ်၊ ရွာမပြင်ရွာက မယုဇာခိုင်တို့ဒဏ်ရာရရှိခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံကျောင်းဆောင် နှစ်ဆောင်လည်း ပြိုပျက်ပျက်စီးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။










