Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

သတ်မှတ်ချက်များ၏ အလွန်မှ အမျိုးသမီး

Author picture

By

Swe Zin Htike
Reading Time: 5 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

အေးမြတ်ကျော်ရေးသည်။

Border News Agency

မြောက်ဦး၊ နိုဝင်ဘာ ၁၆။

ရခိုင်ပြည်၏ပဋိပက္ခ၊လူမှုအသွင်သ ဏ္ဍာန်နှင့်အမျိုးသမီးများ၏ ကြံ့ကြံ့ခံနိုင်စွမ်း၊မေတ္တာကွန်ရက်

အမျိုးသမီးတစ်ယောက်အဖြစ် လူဖြစ်လာသည်နှင့်အမျှ လူ့အဖွဲ့အစည်းက တံဆိပ်ကပ်ပေးလိုက်သောစံနှုန်းများ၊ မျှော်လင့်ချက်များနှင့် ကန့်သတ်ချက်များသည် အရိပ်တခုကဲ့သို့ ဘဝတလျှောက်လုံး နောက်မှလိုက်ပါလာတတ်သည်။

“မိန်းကလေးဆိုတာ ဒီလိုပဲနေရမယ်။ ဒီလိုပဲ တွေးရမယ်။ဒီလိုပဲ ပြုမူရမယ်။” ဆိုသည့် ရှေးရိုးစွဲအယူအဆများသည် ခန္ဓာကိုယ်ပုံသဏ္ဌာန်၊ဝတ်စားဆင်ယင်မှု၊အိမ်ထောင်ရေးနှင့်အောင်မြင်မှုအပေါ် သတ်မှတ်ထားသည့်စံနှုန်းများအ ပေါ် အမျိုးသမီးများသည် မမြင်ရသော ဖိအားများစွာကို ထမ်းပိုးထားကြသည်။

အမျိုးသမီးတစ်ယောက်သည် ယဉ်ကျေးရမည်။ သည်းခံရမည်။ မိသားစုကို ဦးစားပေးရမည်။ အခြားသူများ၏ စိတ်ကျေနပ်မှုကို ထိန်းသိမ်းပေးရမည်ဟူသော သင်ကြားမှုများသည် ငယ်စဉ်ကတည်းက သူမ၏နေ့စဉ်ဘဝအတွင်း စိမ့်ဝင်လာတတ်သည်။ အချို့အရာများသည် ချစ်ခြင်းမေတ္တာနှင့် စောင့်ရှောက်မှုအဖြစ် ပေးအပ်ခံရသော်လည်း အချို့အရာများသည် မိမိ၏အသံကို တိတ်ဆိ တ်စေပြီး မိမိ၏ လိုအပ်ချက်များကို နောက်ဆုံးဦးစားပေးအဖြစ် ရှေ့ဆော င်းထားစေသည့် မမြင်ရသောကန့်သ တ်ချက်များ ဖြစ်လာနိုင်သည်။

သို့သော် လူ့အဖွဲ့အစည်းက သင်ကြားပေးခဲ့သော အရာတိုင်းသည် မိမိ၏ အမှန်တရားဖြစ်ရန်မလိုအပ်ပေ။

အမျိုးသမီးတစ်ယောက်၏ ဘဝကို လူ့အဖွဲ့အစည်းက သတ်မှတ်ပေးထားသော ဘောင်များဖြင့်သာ တိုင်းတာ၍ မရပေ။

အထူးသဖြင့် ယနေ့ ရခိုင်ပြည်၏ ပဋိပက္ခအခြေအနေတွင် အမျိုးသမီးများသည် ရှေးရိုးစွဲအယူအဆများကို ရင်ဆိုင်နေရရုံသာမက စစ်ဘေး၊ နေရာစွန့်ခွာရမှု၊ စာနပ်ရိက္ခာမလုံလောက်မှု၊ အသက်မွေးဝမ်းကျောင်းဆင်းရဲမှု၊ လုံခြုံရေးအန္တရာယ်နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြားထဲတွင် မိမိတို့ ဘဝကို ဆက်လက်တည်ဆောက်နေကြသည်။

ဤအခြေအနေများအတွင်း အမျိုးသမီးများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ပြောဆိုရာတွင် ၎င်းတို့၏ နာကျင်မှုများကို လျှော့ချဖော်ပြခြင်းမပြုဘဲ ၎င်းတို့၏ ရပ်တည်မှု၊ အခွင့်အရေး၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် အချင်းချင်းဖေးမမှုတို့ကို အလေးထားကြည်ရှုရန်လိုအပ်သည်။

လူမှုအသွင်သွတ်သွင်းမှု၏ဘောင်များနှင့်မိမိကိုယ်ကို ပြန်လည်ရှာဖွေခြင်း

လူတစ်ယောက်သည် မွေးဖွားချိန်မှစ၍ လူ့အဖွဲ့အစည်း၏ သင်ကြားပုံဖော်မှုများအတွင်း ကြီးပြင်းလာသည်။ မိသားစု၊ ကျောင်း၊ ဘာသာရေး၊ မီဒီယာနှင့် ပတ်ဝန်းကျင်တို့သည် လူတစ်ယောက်၏ တွေးခေါ်ပုံ၊ တန်ဖိုးထားမှုနှင့် အပြုအမူများကို ပုံဖော်ပေးကြသည်။

လူမှုအသွင်သဏ္ဍာန်ပြုမှု (Socialization) ဟုခေါ်သော ဤလုပ်ငန်းစဉ်သည် လူတစ်ယောက်အား လူ့အဖွဲ့အစည်းအတွင်း နေထိုင်တတ်စေရန်၊အခြားသူများနှင့် ဆက်ဆံတတ်စေရန်နှင့် လူမှုစည်းမျဉ်းများကို နားလည်တတ်စေရန် အထောက်အကူပြုသည်။

သို့သော် လူမှုအသွင်သဏ္ဍာန်ပြုမှုသည် လူတစ်ယောက်ကို သင်ကြားပေးရင်းမှ သူမကိုယ်သူမ မည်သို့မြင်ရမည်။မည်သည့်အရာကို လိုချင်ခွင့်ရှိသည်။မည်သည့်အရာကို မျှော်လင့်သင့်သည်ဆိုသ ည်တို့ကိုပါ ပုံဖော်ပေးနိုင်သည်။

အမျိုးသမီးတစ်ယောက်သည် ငယ်စဉ်ကတည်းက “မိန်းကလေးဆိုတာ သည်းခံရမည်။” ဟု သင်ယူခဲ့ပါက မိမိပေါ် မတရားမှုတခု ဖြစ်ပွားလာသည့်အခါ မိမိ၏ နာကျင်မှုကို ထုတ်ဖော်ပြောဆိုရန်ပင် ခက်ခဲလာနိုင်သည်။

“မိန်းကလေးဆိုတာ အိမ်ထောင်ပြုရမည်” ဟူသော အယူအဆကို အမြဲကြားနေရပါက အိမ်ထောင်မပြုခြင်း၊ အိမ်ထောင်ရေးကို အဆုံးသတ်ခြင်း သို့မဟုတ် မိမိ၏ ကိုယ်ပိုင်အနာဂတ်ကို ရွေးချယ်ခြင်းတို့အပေါ် အပြစ်ရှိကဲ့သို့ ခံစားလာနိုင်သည်။

ဤသို့သင်ယူလာရသော စံနှုန်းများသည် အမျိုးသမီးတစ်ယောက်၏ ဘဝရွေးချယ်မှုများပေါ် သက်ရောက်မှုရှိနိုင်သည်။

မိမိ၏ မျှော်လင့်ချက်များကို ပြောဆိုရန် ခက်ခဲခြင်း၊ မိမိ၏ နာကျင်မှုများကို ဖုံးကွယ်ထားခြင်း၊ အခြားသူများ၏ လိုအပ်ချက်များကိုသာ ဦးစားပေးခြင်းတို့သည် လူမှုအသွင်သွင်းမှု၏ မမြင်ရသော သက်ရောက်မှုများ ဖြစ်လာနိုင်သည်။

သို့သော် မိမိ၏ တွေးခေါ်အချက်တခုသည် မိမိကိုယ်တိုင်၏ ယုံကြည်ချက်လား၊ သို့မဟုတ် အခြားသူများက မိမိအား ယုံကြည်စေခဲ့သော အရာလားဟု ပြန်လည်မေးခွန်းထုတ်ရန် လိုအပ်သည်။

“ငါက ဘယ်လိုလူတစ်ယောက် ဖြစ်ချင်သလဲ။”

“ငါ့ဘဝအတွက် ငါကိုယ်တိုင် ဘာကို တန်ဖိုးထားသလဲ။”

“ငါလုပ်နေတဲ့ အရာတွေဟာ ငါ့ရဲ့ ရွေး ချယ်မှုလား။ဒါမှမဟုတ် လူ့အဖွဲ့အစ ည်းရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆ ည်းနေတာလား။”

ဤမေးခွန်းများသည် မိမိကိုယ်ကို ပြန် လည်သိရှိနားလည်ရန် အစပြုရာများ ဖြစ်နိုင်သည်။

ပြင်သစ်အတွေးအခေါ်ပညာရှင် Simone de Beauvoir က သူမ၏ The Second Sex စာအုပ်တွင် “One is not born, but rather becomes, a woman” ဟု ရေးသားခဲ့သည်။

ဤအယူအဆသည် အမျိုးသမီးတစ်ယောက်၏ လူမှုအခန်းကဏ္ဍသည် ဇီဝ ဗေဒဆိုင်ရာ လိင်ကွဲပြားမှုတခုတည်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လူ မှုတွေးခေါ်မှုများ၊သင်ကြားမှုများနှင့် အာဏာဆက်ဆံရေးများကလည်း ပုံဖော်ပေးနေကြောင်း ဆန်းစစ်ပေးသည် ။

အမျိုးသမီးတစ်ယောက်သည် လူ့အဖွဲ့ အစည်းက သတ်မှတ်ပေးထားသော အခန်းကဏ္ဍများကိုသာ လက်ခံနေရန် မလိုအပ်ပေ။

သူမသည် မိမိ၏ အတွေးအကြံများကို ပြန်လည်သုံးသပ်နိုင်သည်။မိမိ၏ တန် ဖိုးထားမှုများကို ပြန်လည်ရွေးချယ်နိုင် သည်။မိမိ၏ ဘဝကို မိမိကိုယ်တိုင် ပုံဖော်နိုင်သည်။

ဤသည်မှာ လူ့အဖွဲ့အစည်းကို လုံးဝငြင်းပယ်ခြင်း မဟုတ်ပေ။မိမိကို ပုံဖော်ပေးခဲ့သော လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေးကို ပိုမိုသိရှိစွာ ပြန်လည်တည်ဆော က်ခြင်း ဖြစ်သည်။

ရခိုင်ပဋိပက္ခအရိပ်အောက်တွင် အမျိုး သမီးများ၏နေ့စဉ်ဘဝ

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလစတင်၍ တိုက်ပွဲများ ပြန်လည်ပြင်းတန်လာပြီး အရပ်သားပြည်သူများ၏လုံခြုံ ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လို အပ်ချက်များ ပိုမိုဆိုးရွားလာခဲ့သည်။

၂၀၂၆ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံများတွင်လည်း ရခိုင်ပြည်၌ပဋိပက္ခ၊နေ ရာစွန့်ခွာရမှု၊အခြေခံအဆောက်အအုံများလက်လှမ်းမီမှု အခက်အခဲနှင့်အရပ်သားများပေါ် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာစိုးရိမ်မှုများ ဆက်လက်ရှိနေကြောင်းဖော်ပြထားသည်။

ပဋိပက္ခအခြေအနေသည် အမျိုးသမီးများ၏ ဘဝအပေါ် သက်ရောက်မှုများ စွာရှိသည်။

နေရာစွန့်ခွာရမှုသည် အမျိုးသမီးတစ်ယောက်အတွက် နေ့စဉ်ဘဝဆိုသည်မှာ မိသားစုအတွက် စားဖိုချောင်ရှာဖွေခြင်း၊သန့်ရှင်းသော သောက်သုံးရေရရှိရန် စီမံခြင်း၊ ကလေးသူငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးကို စောင့် ရှောက်ခြင်းတို့အပြင် မိမိကိုယ်တိုင်၏ လုံခြုံရေးကို အမြဲစိုးရိမ်နေခြင်း ဖြစ်နိုင်သည်။

အိမ်တအိမ် ပျက်စီးသွားသည့်အခါ အ မျိုးသမီးတစ်ယောက်သည် အိမ်ခေါင်မိုးတစ်ခုတည်းကို ဆုံးရှုံးခြင်းမဟုတ်ပေ။

သူမ၏ကိုယ်ပိုင်လွတ်လပ်ခွင့်၊ မိသားစု အတွက် တည်ငြိမ်မှုဖန်တီးနိုင်သည့် အခွင့်အရေးနှင့်အနာဂတ်အတွက် မျှော်လင့်ချက်များပါ ထိခိုက်သွားနိုင်သည်။

အမျိုးသမီးများနှင့် မိန်းကလေးများသ ည် နေရာစွန့်ခွာရမှုနှင့်လုံခြုံရေးအကန့်အသတ်များကြောင့် ကျန်းမာရေးစောင့်ရှောက်မှု၊ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှု၊ GBV ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးဝန်ဆောင်မှုများကို လက်လှမ်းမီရန် အခက်အခဲများတွေ့ကြုံနိုင်ကြသည်။

လုံခြုံသောနေရာ၊သီးသန့်လွတ်လပ်ခွ င့်နှင့်အခြေခံအဆောက်အအုံများ မလုံလောက်သည့်အခါ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှုနှင့်အခြားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်များ ပိုမိုမြင့်တက်လာနိုင်သည်။

ဤနေရာတွင် အရေးကြီးသည့်အချက်မှာ အမျိုးသမီးများ၏ အတွေ့အကြုံများသည် တပုံစံတည်း မဟုတ်ခြင်းပင် ဖြစ်သည်။ နေရာစွန့်ခွာနေရသူ၊ မိမိရပ်ရွာတွင် ဆက်လက်နေထိုင်နေသူ၊ အလုပ်အကိုင်ဆုံးရှုံးသွားသူ၊ မိသားစုကို တစ်ဦးတည်း စောင့်ရှောက်နေရသူနှင့် လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် လူမှုရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်နေရသူတို့၏ အခက်အခဲများသည် မတူညီနိုင်ပေ။

ထို့ကြောင့် ရခိုင်ရှိ အမျိုးသမီးများအကြောင်း ပြောဆိုရာတွင် လူမျိုး၊ ဘာသာ၊ နေရာ၊ အသက်အရွယ်၊ မသန်စွမ်းမှုနှင့် လူမှုစီးပွားအခြေအနေ ကွဲပြားမှုများကို အသိအမှတ်ပြုခြင်းသည်လည်း အရေးကြီးသော အစိတ် အပိုင်းတခုဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြားမှ အမျိုးသမီးများ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာ

ရခိုင်ပဋိပက္ခအခြေအနေတွင် အမျိုးသမီးများနှင့် မိန်းကလေးများပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ မုဒိမ်းမှုများနှင့် အုပ်စုဖွဲ့မုဒိမ်းမှုများ ဖြစ်ပွားနေကြောင်း သတင်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံများတွင် ဖော်ပြထားသည်။

ဤဖြစ်ရပ်များသည်…

အမျိုးသမီးများ၏ ကိုယ်ခန္ဓာလုံခြုံရေးကိုသာမက ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ဂုဏ်သိက္ခာ၊ လူမှုဆက်ဆံရေးနှင့် အနာဂတ်ဘဝကိုပါ နက်ရှိုင်းစွာထိခိုက်စေနိုင်သည်။

ကုလသမဂ္ဂ၏ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ မြန်မာနိုင်ငံတစ်ဝှမ်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ရခိုင်ပြည်တွင်လည်း အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့နှင့်ပတ်သက်သည့် မုဒိမ်းမှုသတင်းများနှင့် စိုးရိမ်ဖွယ်ရာဖြစ်ရပ်များ ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် Burmese Rohingya Organisation UK (BROUK) ၏ ၂၀၂၆ ခုနှစ် မေလ အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် မေလမှ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ရခိုင်ပြည်မြောက်ပိုင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အုပ်စုဖွဲ့မုဒိမ်းမှု၊ ခြိမ်းခြောက်မှုနှင့် ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ဆက်စပ်သည့် အလွဲသုံးစားပြုမှုများကို မှတ်တမ်းတင်ထားသည်။

ဤအချက်များသည် BROUK ၏ မှတ် တမ်းတင်ချက်များဖြစ်ပြီး ဖြစ်ရပ်တိုင်းကို သီးခြားလွတ်လပ်စွာ အတည်ပြုထားသည့် အစီရင်ခံစာနှင့်မတူကြောင်း ခွဲခြားသိရှိရန်လည်း လိုအပ်သည်။

ထို့နည်းတူ Center for Arakan Studies ၏ ၂၀၂၆ ခုနှစ် သြဂုတ်လ သုတေသနတွင်လည်း ရခိုင်ပြည်အတွင်း မုဒိမ်းမှု၊ မုဒိမ်းရန်ကြိုးပမ်းမှု၊ အမျိုးသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက်မှုများ၊ တရားမျှတမှုရရှိရေးနှင့် တာဝန်ခံမှုဆိုင်ရာ စိန်ခေါ်မှုများကို ဆန်းစစ်ထားသည်။

ဤဖြစ်ရပ်များကို လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် နိုင်ငံရေးအမြင်များအပေါ် အခြေခံ၍ လျစ်လျူရှုခြင်း၊ အကြောင်းပြချက်ပေးခြင်း သို့မဟုတ် အသက်ရှင်ကျန်ရစ်သူများအပေါ် အပြစ်တင်ခြင်း မပြုသင့်ပေ။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် မည်သည့်လက်နက်ကိုင်အဖွဲ့၊ မည်သည့်အာဏာပိုင် သို့မဟုတ် မည်သည့်လူမှုအုပ်စုက ကျူးလွန်သည်ဖြစ်စေ အမျိုးသမီးတစ်ယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊လုံခြုံရေးနှင့်လူ့ဂုဏ်သိ က္ခာကို ချိုးဖောက်သည့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုတခု ဖြစ် သည်။

မုဒိမ်းမှုဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်သူတစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လူမှုအသိုင်းအဝိုင်း၏ အပြစ်တင်မှုများ

အရှက်တရားနှင့် တရားမျှတမှုရရှိရေး အခက်အခဲများကိုပါ ရင်ဆိုင်ရနိုင်သည်။

ပဋိပက္ခဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီမှု နည်းပါးခြင်း၊ လုံခြုံရေးစိုးရိမ်မှုများနှင့် လျှို့ဝှက်ချက်များ ပေါက်ကြားနိုင်ခြင်းတို့ကြောင့် အသက်ရှင်ကျန်ရစ်သူများအနေဖြင့် အကူအညီတောင်းခံရန်ပင် ခက်ခဲလာနိုင်သည်။

ဤနေရာတွင် ကျွန်ုပ်တို့ ပြန်လည်မေးခွန်းထုတ်သင့်သည်မှာ—အကြမ်းဖက်မှုကို ခံစားခဲ့ရသူတစ်ယောက်အား လူ့အဖွဲ့အစည်းက အဘယ်ကြောင့် ထပ်မံအပြစ်တင်နေသနည်း။

အကြမ်းဖက်မှုကို ကျူးလွန်သူ၏ တာဝန်ကို အသက်ရှင်ကျန်ရစ်သူ၏ အဝတ်အစား၊ အပြုအမူ၊ နေထိုင်မှုပုံစံ သို့မဟုတ် ဆုံးဖြတ်ချက်များအပေါ် ရွှေ့ပြောင်းသတ်မှတ်နေခြင်းသည် တရားမျှတမှုနှင့် ဆန့်ကျင်နေခြင်း မဟုတ်ပါလား။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တားဆီးကာကွယ်ရန်နှင့် ဖြစ်ရပ်များအပေါ် တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ခြင်းသည် အရေးကြီးသကဲ့သို့ အသက်ရှင်ကျန်ရစ်သူများအတွက် လုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ ဥပဒေရေးရာ အကူအညီနှင့် လျှို့ဝှက်ချက်ကို လေးစားသော တုံ့ပြန်မှုများ ပေးအပ်ရန်လည်း လိုအပ်သည်။

အမျိုးသမီးများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ချီးကျူးခြင်းသည် ၎င်းတို့၏ နာကျင်မှုများကို မမြင်ချင်ယောင်ဆောင်ခြင်း မဖြစ်သင့်ပေ။

အမှန်တကယ် ဖေးမကူညီခြင်းဆိုသည်မှာ အမျိုးသမီးများကို အန္တရာယ်များကြားတွင် သန်မာစွာ ရပ်တည်ရန်သာ တွန်းတွန်းခြင်းမဟုတ်ဘဲ ၎င်းတို့ လုံခြုံစွာ နေထိုင်နိုင်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်း၊ ၎င်းတို့၏ အသံကို နားထောင်ခြင်းနှင့် ကျူးလွန်သူများအပေါ် တရားမျှတမှုရှိစေရန် ကြိုးပမ်းခြင်းတို့ ဖြစ်သည်။

အမျိုးသမီးများ၏ လုံခြုံရေးသည် မိသားစုတစ်ခု၏ တာဝန်သာ မဟုတ်ပါ။၎င်းသည် လူ့အဖွဲ့အစည်းတခုလုံး၏ တာဝန်ဖြစ်သည်။

မြို့ပြနှင့် ကျေးလက်အကြား မမြင်ရသော ဝန်ထုတ်ဝန်ပိုးများ

ပဋိပက္ခဒဏ်ကို တိုက်ရိုက်မခံစားရသည့် နေရာများတွင် နေထိုင်ကြသော အမျိုးသမီးများသည်လည်း စိန်ခေါ်မှုများမှ ကင်းလွတ်နေကြခြင်း မဟုတ်ပေ။

စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုနှင့်မိသားစု၏ ဝင်ငွေမတ ည်ငြိမ်မှုတို့ကြောင့် အမျိုးသမီးများသ ည် မိမိတို့၏ ကိုယ်ပိုင်လိုအပ်ချက်များကို နောက်ဆုံးဦးစားပေးအဖြစ် ရှေ့ဆော င်းထားရတတ်သည်။

UNDP နှင့် UN Women တို့၏ ၂၀၂၆ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော Uneven Burdens: Women in Myanmar’s Crisis Economy အစီရင်ခံစာသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ စီးပွားရေးအခြေအနေ၊ အလုပ်အကိုင်၊ ဝင်ငွေ၊ အိမ်ထောင်စုအတွင်း စောင့်ရှောက်မှုတာဝန်နှင့် ပဋိပက္ခ၏ သက်ရောက်မှုတို့ကို ဆန်းစစ်ထားသည်။

အစီရင်ခံစာအရ အမျိုးသမီး ၄၂ ရာခိုင်နှုန်းသည် ကိုယ်ပိုင်ဝင်ငွေရှိပြီး အမျိုးသားများတွင် ယင်းအချိုးမှာ ၂၃ ရာခိုင်နှုန်း ဖြစ်သည်။

အလုပ်လုပ်နေသော အမျိုးသမီးများသည်လည်း အမျိုးသားများရှိသော ဝင်ငွေ၏ ပျမ်းမျှ ၇၉ ရာခိုင်နှုန်းသာ ရှိပြီး အခကြေးငွေမရသော စောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထမ်းဆောင်နေကြရသည်။

အိမ်ထောင်စုတခုအတွင်း အစားအသောက်ကို စီမံခန့်ခွဲသည့် အမျိုးသမီးတစ်ယောက်သည် ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အစားအသောက်ကို ဦးစားပေးပြီး မိမိကိုယ်တိုင်၏ အာဟာရလိုအပ်ချက်ကို လျစ်လျူရှုထားရနိုင်သည်။

အလုပ်ခွင်တွင်လည်း အမျိုးသမီးများ သည် ဝင်ငွေရှိရေးအတွက် အလုပ်လုပ်ရသည့်အပြင် အိမ်ပြန်ရောက်သည့်အ ခါ အိမ်မှုကိစ္စများနှင့် စောင့်ရှောက်မှုတာဝန်များကို ဆက်လက်ထမ်းဆောင်ရတတ်သည်။

ဤသို့သော အခကြေးငွေမရှိသည့် စောင့်ရှောက်မှုလုပ်ငန်းများ (Unpaid Care Work) သည် မိသားစုတစ်ခု၏ ရှင်သန်ရပ်တည်မှုအတွက် အလွန်အရေးပါသော်လည်း လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများ၏ အလုပ်အဖြစ် သတ်မှတ်ခံရပြီး တန်ဖိုးထားမှု နည်းပါးနေတတ်သည်။

အမျိုးသမီးတစ်ယောက်၏ ပင်ပန်းမှုကို သူမ၏ တာဝန်သိစိတ်နှင့်သာ ချီး ကျူးနေမည့်အစား ထိုတာဝန်များကို မိသားစုနှင့် လူ့အဖွဲ့အစည်းအတွင်း မျှ ဝေထမ်းဆောင်နိုင်ရန် လိုအပ်သည်။

မိသားစုကို စောင့်ရှောက်ခြင်းသည် အ ရေးကြီးသကဲ့သို့ မိမိကိုယ်ကို စောင့် ရှောက်ခြင်းသည်လည်း အလားတူ အ ရေးကြီးသည်။မိမိ၏ ကျန်းမာရေး၊ အစားအယူခွင့်၊ ကိုယ်ပိုင်အချိန်နှင့် အနာဂတ်အတွက် မျှော်လင့်ချက်များသည်လည်း တန်ဖိုးထားထိုက်သော အရာများ ဖြစ်သည်။

ကြံ့ကြံ့ခံနိုင်စွမ်း၏နောက်ကွယ်မှမေ တ္တာကွန်ရက်

အမျိုးသမီးဆိုသည်မှာ အခက်အခဲများ၏ သားကောင် (Victim) မျှသာ မဟုတ်ပေ။

အခက်အခဲများကြားတွင် အမျိုးသမီးများသည် မိမိတို့၏ ဘဝကို ဆက်လက်တည်ဆောက်ကြသကဲ့သို့ အခြားသူများ၏ ဘဝကိုလည်း ဖေးမကူညီနေကြသည်။ မိသားစုတခု၏ ရှင်သန်ရပ်တည်မှုနှင့် ရပ်ရွာတခု၏ ပြန်လည် ထူထောင်ရေးအပေါ် အမျိုးသမီးများ ၏ ပါဝင်မှုသည် အရေးပါသောအခန်းကဏ္ဍတခု ဖြစ်လာသည်။

အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြု ကွန်ရက်များသည် အမျိုးသမီးများနှင့်မိန်းကလေးများ၏ သီးခြားလိုအပ်ချက်များကို ဖော်ထုတ်ရာတွင်အရေးပါသည်။

အကူအညီပေးအပ်ခြင်း၊ လုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီခြင်းနှင့် အသက်မွေးဝမ်းကျောင်းအကြံအလမ်းများ ချပြပေးခြင်းတို့သည် အမျိုးသမီးများ၏ ရပ်တည်မှုကို ပိုမိုခိုင်မာစေနိုင်သည်။

ဤမေတ္တာကွန်ရက်များသည် အကူအညီပေးအပ်ခြင်းတခုတည်းနှင့် မပြီးဆုံးပေ။

တခါတရံ အမျိုးသမီးတစ်ယောက်အတွက် အခြားအမျိုးသမီးတစ်ယောက်၏ “နင်တစ်ယောက်တည်း မဟုတ်ဘူး။” ဆိုသည့် စကားတခွန်းသည်ပင် မျှော်လင့်ချက်တခု ဖြစ်လာနိုင်သည်။

မိမိ၏ နာကျင်မှုကို ဖြေပြနိုင်သည့် နေရာတခုရှိခြင်း၊အပြစ်တင်ဝေဖန်ခြင်းမရှိတဲ့ နားထောင်ပေးသူတဦး ရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတခုကို ချပြပေးခြင်း၊ လိုအပ်သည့်အချိန်တွင် လက်တွဲကူညီပေးခြင်းတို့သည် အမျိုးသမီးအချင်းချင်း ဖေးမကူညီမှု (Sisterhood and Solidarity) ၏ အမြှောက်များပင် ဖြစ်သည်။

အမျိုးသမီးတစ်ယောက်၏ လွတ်လပ် ခွင့်သည် အခြားအမျိုးသမီးတစ်ယောာက်၏ လွတ်လပ်ခွင့်ကို လေးစားခြင်းနှင့်လည်း ဆက်စပ်နေသည်။

အခြားသူ၏ ရွေးချယ်မှုကို မိမိ၏ ရွေးချယ်မှုနှင့် မတူညီသည့်အတွက် အပြစ်တင်ခြင်းမပြုဘဲ သူမ၏ အတွေးအကြံကို နားလည်ရန် ကြိုးစားခြင်းသ ည် အမျိုးသမီးအချင်းချင်း စည်းလုံးညီညွတ်မှု၏ အရေးပါသော အစိတ်အပိုင်းတခုဖြစ်သည်။

မိမိ၏ အောင်မြင်မှုကို အခြားသူ၏ အရှုံးဖြင့် တည်ဆောက်ရန် မလိုအပ်သကဲ့သို့ မိမိ၏ တန်ဖိုးကိုလည်း အခြားအမျိုးသမီးတစ်ယောက်နှင့် နှိုင်းယှဉ်သတ်မှတ်ရန် မလိုအပ်ပေ။

မေတ္တာကွန်ရက်ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး အရာရာကို သဘောတူညီနေခြင်း မဟုတ်ပေ။မတူညီမှုများကြားတွင်ပင် တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လွ တ်လပ်ခွင့်ကို အခြားတစ်ဦးက လေးစားနိုင်ခြင်း ဖြစ်သည်။

ကြံ့ကြံ့ခံနိုင်စွမ်းဆိုသည်မှာ အမြဲတမ်း သန်မာနေခြင်း မဟုတ်ပေ။

အမျိုးသမီးများ၏ ကြံ့ကြံ့ခံနိုင်စွမ်း (Resilience) ကို ပြောဆိုရာတွင် သတိာထားရမည့် အချက်တချက် ရှိသည်။

အမျိုးသမီးများသည် အခက်အခဲများကို မည်မျှပင် ကြံ့ကြံ့ခံကြောင်း ချီးကျူးဖော်ပြခြင်းသည် တခါတရံ ၎င်းတို့အပေါ် ထပ်မံအားပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။

အမျိုးသမီးတစ်ယောက်သည် အမြဲတမ်း သန်မာနေရန်မလိုအပ်ပေ။ သူမတွင်လည်း ပင်ပန်းခွင့်၊ ဝမ်းနည်းခွင့်၊ အားယူခွင့်နှင့် အကူအညီတောင်းခံခွင့်ရှိသည်။

ကြံ့ကြံ့ခံနိုင်စွမ်းဆိုသည်မှာ အရာရာကို တစ်ဦးတည်း ရင်ဆိုင်နိုင်ခြင်း မဟုတ်ဘဲ မိမိ၏ လိုအပ်ချက်များကို သိရှိနာလည်ခြင်း၊ အကူအညီလိုအပ်သည့်အခါ တောင်းခံနိုင်ခြင်းနှင့်မိမိ၏ဘဝကို ပြန်လည်တည်ဆောက်နိုင်ရန်အထော က်အပံ့များ ရှိခြင်းတို့လည်း ဖြစ်သည်။

အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို အသိအမှတ်ပြုရမည့်အစား ၎င်းတို့အတွက် လုံခြုံသောပတ်ဝန်းကျင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် တရားမျှတမှုတို့ကို လက်လှမ်းမီနိုင်ရန်လည်း အာမခံပေးရမည်။

အမျိုးသမီးတစ်ယောက်၏ သန်မာမှုကို သူမတစ်ဦးတည်း၏ တာဝန်အဖြစ် မသတ်မှတ်သင့်ပေ။ လူ့အဖွဲ့အစည်းတခုသည် အမျိုးသမီးများကို သန်မာစေရန် တိုက်တွန်းနေသည့်အပြင် ၎င်းတို့အတွက် လုံခြုံမှု၊ တန်းတူညီမျှမှုနှင့် အခွင့်အရေးများကိုပါ ဖန်တီးပေးရန် လိုအပ်သည်။

အမျိုးသမီးများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ချီးကျူးခြင်းနှင့် ၎င်းတို့အပေါ် မတရားသော ဝန်ထုတ်ဝန်ပိုးများကို လျှော့ချခြင်းတို့သည် တပြိုင်နက်တည်း ရှိနေရမည်။

သတ်မှတ်ချက်များ၏ အလွန်တွင် မိမိကိုယ်ကို ပြန်လည်တွေ့ရှိခြင်း

လူ့အဖွဲ့အစည်းက သတ်မှတ်ပေးထားသော ဘောင်များသည် အမျိုးသမီးတစ်ယောက်၏ တန်ဖိုးကို ဆုံးဖြတ်ပေးခြင်း မရှိပေ။

အိမ်ထောင်ရှိခြင်း၊ အိမ်ထောင်မရှိခြင်း၊ ကွာရှင်းထားခြင်း၊ မိခင်ဖြစ်ခြင်း၊ မိခင်မဖြစ်ခြင်း၊ အသက်မွေးဝမ်းကျောင်းအောင်မြင်ခြင်း သို့မဟုတ် အခက်အခဲများကြားတွင် ရပ်တည်နေခြင်းတို့သည် အမျိုးသမီးတစ်ယောက်၏တန်ဖိုးကို တိုင်းတာသည့် စံနှုန်းများ မဟုတ်ပေ။

အမျိုးသမီးတစ်ယောက်၏ တန်ဖိုးသည် သူမ၏ အသွင်အပြင်၊ လူမှုအဆင့်အတန်း၊ အိမ်ထောင်ရေးအခြေအနေ သို့မဟုတ် အခြားသူများ၏ အသိအမှတ်ပြုမှုပေါ် မတည်သင့်ပေ။

ရခိုင်၏ လက်ရှိအခြေအနေတွင် ဤအကြောင်းအရာသည် ပိုမိုအရေးကြီးလာသည်။

ပဋိပက္ခ၊ စီးပွားရေးကျပ်တည်းမှုနှင့် လူမှုရေးအခက်အခဲများကြားတွင် အ မျိုးသမီးများသည် မိတို့၏ ဘဝကို ဆက်လက်တည်ဆောက်နေကဲ့သို့ မိတို့၏ ကိုယ်ပိုင်အဓိပ္ပာယ်နှင့်တန်ဖိုးကိုလည်း ပြန်လည်ရှာဖွေနေကြသည်။

အမျိုးသမီးများ၏ လွတ်လပ်ခွင့် (Autonomy) ဆိုသည်မှာ မိမိ၏ ဘဝနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို မိမိကိုယ်တိုင် ချမှတ်နိုင်ခြင်း ဖြစ်သည်။ မိမိ၏ ခန္ဓာကိုယ်၊ မိမိ၏ အနာဂတ်၊ မိမိ၏ အိမ်မက်များနှင့် မိမိ ဘဝလမ်းကြောင်းတို့အပေါ် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိခြင်းသည် အမျိုးသမီးတစ်ယောက်အတွက် အခြေခံအခွင့်အရေးတခု ဖြစ်သည်။

မိမိကိုယ်ကို ဦးစားပေးခြင်းသည် တကိုယ်ကောင်းဆန်ခြင်း မဟုတ်ပေ။မိမိ၏ လုံခြုံရေး၊ ကျန်းမာရေး၊ ဂုဏ်သိက္ခာနှင့် အနာဂတ်ကို တန်ဖိုးထားခြင်း ဖြစ်သည်။

အမျိုးသမီးတစ်ယောက်သည် အခြားသူများကို ချစ်ခင်စောင့်ရှောက်နိုင်ကဲ့သို့ မိမိကိုယ်ကိုလည်း ချစ်ခင်စောင့်ရှောက်နိုင်သည်။ အခြားသူများအတွက် အထောက်အပံ့နိုင်ကဲ့သို့ မိမိ၏ လိုအပ်ချက်များကိုလည်း အသိအမှတ်ပြုနိုင်သည်။

လူ့အဖွဲ့အစည်းက အမျိုးသမီးများကို သည်းခံတတ်ရန် သင်ကြားပေးခဲ့ပါက ယခုအချိန်တွင် အမျိုးသမီးများအနေဖြင့် မိမိတို့၏ နယ်နိမိတ်များကို သတ်မှတ်တတ်ရန်လည်း သင်ယူသင့်သည်။

လူ့အဖွဲ့အစည်းက အမျိုးသမီးများကို အခြားသူများအတွက် နေထိုင်ရန် သင်ကြားပေးခဲ့ပါက ယခုအချိန်တွင် မိမိတို့၏ ဘဝအတွက်လည်း နေထိုင်တတ်ရန် လိုအပ်သည်။

မိမိကိုယ်ကို ပြန်လည်ရှာဖွေခြင်းသည် လူ့အဖွဲ့အစည်းက သတ်မှတ်ထားသော ဘောင်များကို ကျော်လွန်ခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည်။

မိမိ၏အသံကို ပြန်လည်ကြားနိုင်ခြင်း

အမျိုးသမီးတစ်ယောက်၏ ဘဝကို သတ်မှတ်ပေးနိုင်သည့် အရာသည် လူ့အဖွဲ့အစည်း၏ မျှော်လင့်ချက်များ မဟုတ်ပေ။

သူမ၏ ဘဝကို သူမကိုယ်တိုင် ရွေးချယ်နိုင်သည့် အခွင့်အရေး၊ မိမိကိုယ်ကို လေးစားတန်ဖိုးထားနိုင်သည့် စိတ်ဓာတ်နှင့် အချင်းချင်း ဖေးမူနိုင်သည့် မေတ္တာတို့သည်သာ ပိုမိုအဓိပ္ပာယ်ရှိသော အခြေခံများ ဖြစ်သည်။

ရခိုင်ပဋိပက္ခဒဏ်များကြားတွင် အမျိုးသမီးများ၏ ရပ်တည်မှုသည် သန်မာခြင်း၏ သက်သေတခု ဖြစ်သကဲ့သို့ ၎င်းတို့၏ နာကျင်မှုများကိုလည်း အသိအမှတ်ပြုရန် လိုအပ်သည်။

၎င်းတို့သည် အကူအညီလိုအပ်သူများသာ မဟုတ်ဘဲ မိမိတို့၏ ဘဝ၊ မိသားစုနှင့် ရပ်ရွာအနာဂတ်အတွက် ဆုံးဖြတ် ချက်ချနိုင်သော လူသားများလည်း ဖြစ်ကြသည်။

လူ့အဖွဲ့အစည်းက အမျိုးသမီးတစ်ယောက်ကို ဘယ်လိုလူဖြစ်ရမည်ဟု သင်ကြားပေးနိုင်သော်လည်း သူမ၏ ဘဝတစုံကို သတ်မှတ်ပေးပိုင်ခွင့် မရှိပါ။

အမျိုးသမီးတစ်ယောက်၏လွတ်လပ် ခွင့်သည် လူ့အဖွဲ့အစည်း၏ အသံများကို လုံးဝတိတ်ဆိတ်စေခြင်းမှ စတင်ခြင်းမဟုတ်ဘဲ ထိုအသံများကြားမှ မိမိ၏အသံကို ပြန်လည်ကြားနိုင်ခြင်းမှစတင်သည်။

မိမိကိုယ်ကို ပြန်လည်သိရှိနာလည်ခြင်း၊ မိမိ၏ တန်ဖိုးကို လေးစားခြင်းနှင့် အချင်းချင်း ဖေးမူခြင်းတို့သည် သတ်မှတ်ချက်များ၏ အလုပ်တွင် ပိုမိုလွတ်လပ်သော ဘဝတခုကို ပုံဖော်ရန် အရေးကြီးသော အခြေခံများ ဖြစ် သည်။

အမျိုးသမီးတစ်ယောက်သည် လူ့အဖွဲ့အစည်း၏ သတ်မှတ်ချက်များအတိုင်း ဖြစ်လာရသူသာ မဟုတ်ပါ။ သူမသည် မိမိကိုယ်တိုင် မည်သူဖြစ်လိုသည်ကို ရွေးချယ်နိုင်သော လူသားတစ်ဦးလည်း ဖြစ်သည်။

သတ်မှတ်ချက်များ၏ အလွန်တွင် မိမိကိုယ်ကို ပြန်လည်တွေ့ရှိနိုင်သည်။ အခက်အခဲများ၏ အလွန်တွင် အချင်းချင်း ဖေးမူနိုင်မည်။ ထိုမေတ္တာကွန်ရက်များမှတစ်ဆင့် ပိုမိုလှပပြီး တရားမျှတသော အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်နိုင်မည်။

အမျိုးသမီးတစ်ယောက်သည် မိမိ၏ တန်ဖိုးကို လူ့အဖွဲ့အစည်းထံမှ ခွင့်ပြု ချက်ယူရန် မလိုအပ်ပေ။

သူမသည် မိမိကိုယ်တိုင်၏ တန်ဖိုးကို သိရှိနာလည်ရန်၊ မိမိ၏ အသံကို ပြန်လည်ကြားနိုင်ရန်နှင့် မိမိ ဘဝကို မိမိကိုယ်တိုင် ပုံဖော်နိုင်ရန် အခွင့်အရေးရှိသည်။

သတ်မှတ်ချက်များ၏ အလွန်တွင် အမျိုးသမီးတစ်ယောက်သည် မိမိကိုယ်ကို ပြန်လည်တွေ့ရှိနိုင်ပါသည်။

PrevPreviousမြင်းမူနဲ့ဘုတလင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး (ဓာတ်ပုံသတင်း)
Previous Post

မြင်းမူနဲ့ဘုတလင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး (ဓာတ်ပုံသတင်း)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - BNA

အာရက္ခဒေသမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ပတ်အတွင်း သုံးဆယ်နှစ်ဦးသေဆုံး

November 16, 2026

မြောက်ဦးလေကြောင်းတိုက်ခိုက်ခံရမှုဒဏ်ရာရသူထဲကတဦးထပ်မံသေဆုံး

November 14, 2026
ဓာတ်ပုံ-အာရက္ခ မှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့

မြောက်ဦးမြို့နယ် ပါးတော်ရွာလူသတ်မှုမှတရားခံကို ဒီလပ်ဖမ်းဆီးအရေးယူ

November 14, 2026
ဓာတ်ပုံ - AA

ကျန်သုံးမြို့ကို ဆက်သိမ်းပိုက်သွားမယ်လို့ AA ဆို

November 14, 2026

မြင်းမူနဲ့ဘုတလင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး (ဓာတ်ပုံသတင်း)

ဖူးခက်မှာ မီးလောင်မှုဖြစ်ပွားလို့ ဆယ့်တဦးသေဆုံး (ဓာတ်ပုံသတင်း)

မင်းအောင်လှိုင်ကို၊ CC ပို့ဖို့နဲ့ အာဆီယံရဲ့ ထိတွေ့ဆက်ဆံမှုကို မနီလာမှာဆန္ဒပြ

အာရက္ခဒေသမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ပတ်အတွင်း သုံးဆယ်နှစ်ဦးသေဆုံး

တောင်ပျောက်ကျေးရွာအုပ်စုကို စစ်တပ်လေကြောင်းတိုက်ခိုက်

ကစယ်ဒိုမှာ စစ်တပ်မှလက်နက်ကြီးပစ်ခတ်လို့ နေအိမ်ငါးလုံးပျက်စီး

Releated Post

Photo - RPk

မြင်းမူနဲ့ဘုတလင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး (ဓာတ်ပုံသတင်း)

November 16, 2026
Ref - Khaosod

ဖူးခက်မှာ မီးလောင်မှုဖြစ်ပွားလို့ ဆယ့်တဦးသေဆုံး (ဓာတ်ပုံသတင်း)

November 16, 2026
ဓာတ်ပုံ-BSP

မင်းအောင်လှိုင်ကို၊ CC ပို့ဖို့နဲ့ အာဆီယံရဲ့ ထိတွေ့ဆက်ဆံမှုကို မနီလာမှာဆန္ဒပြ

November 16, 2026
ဓာတ်ပုံ - BNA

အာရက္ခဒေသမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ပတ်အတွင်း သုံးဆယ်နှစ်ဦးသေဆုံး

November 16, 2026
​ဓာတ်ပုံ - KNU မြိတ်ထားဝယ်ခရိုင်

တောင်ပျောက်ကျေးရွာအုပ်စုကို စစ်တပ်လေကြောင်းတိုက်ခိုက်

November 16, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ စစ်တပ်မှလက်နက်ကြီးပစ်ခတ်လို့ နေအိမ်ငါးလုံးပျက်စီး

November 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page