Border News Agency
ဖူးခက်၊နို၀င်ဘာ ၁၆။
ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်၊ ဖူးခက်မြို့၊ပါတောင်ရပ်ကွက်မှာ နိုဝင်ဘာလ ၁၆ ရက်၊ဒီနေ့ မနက်အစောပိုင်းက ပြင်းထန်တဲ့မီးလောင်မှုဖြစ်ပွားလို့ ဆယ့်တဦးသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပါတောင်ရပ်ကွက်၊ ဖန်မောင်းဆိုင်းကော်လမ်းခွဲရှိ အကြွေစေ့ထည့်တဲ့ ဆီဖြည့်စက်အနီးမှာ ဒီနေ့ မနက် ၃ နာရီ ၂၀ မိနစ်အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ကယ်အရောင်းဆိုင်ရှိရာ အဆောက်အအုံကို မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။
အဲဒီမီးသတ်တပ်ဖွဲ့က မိနစ် ၅၀ ခန့် မီးငြှိမ်းသတ်ခဲ့ရသလို မီးလောင်မှုအတွင်း ဆယ့်တဦးသေဆုံးပြီး သုံးဆယ့်ရှစ်ဦးမှာ မီးခိုးမွှန်ဒဏ်ရာတွေရရှိခဲ့ကာ လေးထပ်တိုက်ရှိ ဆိုင်ခန်းငါးခန်းနဲ့ရပ်ထားတဲ့ဆိုင်ကယ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အဆောက်အအုံအတွင်း ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေပြီး မီးလောင်ရတဲ့အကြောင်းရင်းကို အတည်မပြုနိုင်တာမရှိသေးပါဘူး။











