Border News Agency
လက်ပံတန်း၊ စက်တင်ဘာ ၂၃။
ပဲခူးတိုင်း၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးပြီး အရပ်သားနှစ်ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ စက်တင်ဘာလ ၂၃ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်ဟာ တောင်တန်းမြိုင်ကျေးရွာမှာရှိတဲ့ ပြည်သူပိုင်နေအိမ်အလုံးလေးဆယ်၊ ရိုးမအတွင်းအခြေပြုနေထိုင်တဲ့ ပြည်သူနေအိမ်အလုံးနှစ်ဆယ်၊စစ်ရှောင်ပြည်သူအိမ်ရှစ်ဆယ်နှစ်လုံး၊ချင်းကုန်းမှာရှိတဲ့ ဘုန်ကြီးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
အဲဒီအပြင်စစ်တပ်ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးသေဆုံးခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့အန္တရာယ်ကနေသတိပြုရှောင်ရှားနေထိုင်ကြဖို့အတွက်လည်း လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။













