Border News Agency
မြောက်ဦး၊စက်တင်ဘာ ၂၃။
မြောက်ဦးမြို့နယ်အတွင်းရှိ သက္ကမလူမျိုးတွေနေထိုင်တဲ့ ကျေးရွာနှစ်ရွာမှဒေသခံတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးက စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ပါတယ်။
အဲဒီကျန်းမာရေးစောင့်ရှောက်မှုမှာ ဒေသခံတွေရဲ့ကျန်းမာရေးအခြေအနေတွေကို စစ်ဆေးကုသပေးခဲ့သလို လိုအပ်တဲ့ဆေးဝါးတွေကိုလည်း အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြတာပါ။
အဲဒီအပြင် ဒေသခံတွေကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတတွေတိုးပွားစေဖို့ ရှေးဦးသူနာပြုစုနည်းတွေနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာအကြောင်းအရာတွေကိုပါ အာရက္ခအစိုးရတာဝန်ရှိသူတွေက ဟောပြောဆွေးနွေးပေးခဲ့ပါတယ်။
အာရက္ခအစိုးရဟာ ဒေသအတွင်းမြို့ရွာတွေမှာ လူမျိုး၊ ဘာသာမခွဲခြားဘဲ ဒေသခံပြည်သူတွေအတွက် လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးနေပါတယ်။













