Border News Agency
ပုဏ္ဏားကျွန်း၊ဇူလိုင် ၂၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်မှာအမျိုးသမီးငယ်တဦးသတ်ဖြတ်ခံရမှုသံသယတ ရားခံသုံးဦးကို ဖမ်းဆီးစစ်ဆေးနေတ ယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအ စိုးရရဲ့တရားဥပဒေစိုးမိုးရီးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)က ဇူလိုင်လ ၂၄ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊တန်းစွယ်ရွာနားရှိ ဥယျာဥ်ခြံမှာ ဇူလိုင်လ ၂၂ ရက်နေ့၊ညနေ၊၄နာရီ၊၄၅မိနစ်ခန့်မှာ လက် ထိပ်ခတ်ထားပြီး မှောက်ကာသတ်ဖြ တ်ခံထားရတဲ့နအမျိုးသမီးတဦးရုပ်အလောင်းကို ဒေသခံအမျိုးသမီးတဦးစတင်တွေ့တာလို့ ဆိုပါတယ်။
အဲဒီလူသတ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးရမိရေးကြိုးပမ်းနေတ ယ်လို့လည်း ဆိုပါတယ်။
အဲဒီအသက်နှစ်ဆယ်ကျော်အရွယ်အ မျိုးသမီးငယ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊အောင်ဆိပ်ကျေးရွာကဖြစ်ပြီးလက်နော က်ပြန်လ က်ထိပ်ခတ်ထားသလို ခြေထောက်ကိုလည်းဆိုင်ကယ်တာယာကြိုးနဲ့ချဥ်မဒိန်းကျင့်သတ်ဖြတ်ထားတာဖြစ်ပါတယ်။
အဲဒီအပြင် အမျိုးသမီးအင်္ဂါစပ်၊သား မြတ်အပါအဝင် ကိုယ်ခန္ဓာတခုလုံးကို နေရာမျိုးစုံလှီးဖြတ်ထားပြီးဆံပင်တွေကိုလည်းကိုက်ဖြတ်ထားသလို ကိုယ်ခ န္ဓာအောက်ပိုင်းလည်း ဝတ်လစ်စလစ်ဖြစ်ကာ ရုပ်ပျက်ဆင်းပျက်သတ်ဖြတ်အလောင်းဖျောက်ခံထားရတာပါ။








