Border News Agency
မဲဆောက်၊ဇူလိုင် ၂၄။
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်၊သာဆိုင်းလွတ်ကျေးရွာအုပ်စု၊ကုန်တိုက်ဘေးရှိ တောစပ်ဧရိယာမှာ တာရားမဝင်လာတဲ့မြန်မာနိုင်ငံသားနှစ်ဆ ယ်ဦးကို ဇူလိုင်လ ၂၄ရက်၊ဒီနေ့မနက်ဖမ်းဆီးမိခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။
အဲဒီမြန်မာနိုင်ငံသားတွေမှာ တရားဝင် ခရီးသွားလာခွင့်စာရွက်စာတမ်းနဲ့ပြည်ဝင်ခွင့်တံဆိပ်ရှိစာရွက်စာတမ်းမရှိဘူးလို့ ဆိုပါတယ်။
သူတို့ကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ ရာချာမနူးအထူးတပ်ဖွဲ့ပေါင်းပြီးနယ်စပ်တလျှောက် ကွင်းလှည့်စစ်ဆေးစဉ်အ တွင်းဖမ်းဆီးရမိခဲ့တာပါ။
အဲဒီမြန်မာနိုင်ငံသားနှစ်ဆယ်ဦးကို ခွင့်ပြုချက်မရှိဘဲ တရားမဝင်ရောက်နေမှုနဲ့ ထိန်းသိမ်းထားပြီးရဲစခန်းသို့လွှဲပြောင်းပေးထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာတရားမဝင်ဝင်ရောက်မှုတွေကို ထိုင်းအာဏာပိုင်တွေ ပိုကင်းလှည့်စစ်ဆေးနေတာမို့ ရွှေ့ပြောင်းလုပ်သားတွေအထူးဂရုစိုက်ကြဖို့လည်း သတိပေးထားကြပါတယ်။






