Border News Agency
ထဟီရန်၊ဇူလိုင် ၂၄။
အီရတ်ဝန်ကြီးချုပ်အလီ အယ်လ်-ဇိုင်ဒီဟာ အထူးတပ်ဆင်ထားတဲ့အီရတ်လေတပ်ရဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ရံပြီး ဇူလိုင်လ ၂၄ ရက်၊ဒီနေ့ အီရန်နိုင်ငံ၊တဟီရန်မြို့ကို ရောက်လာပါတယ်။
အီရန်သမ္မတ မာဆူး ပက်ဇက်ရှ်ကီယန်က ဝန်ကြီးချုပ်ကို စာဒ်ဒါဘတ် နန်းတော်ဝင်းမှာ စစ်ရေးပြဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။
အဲဒီနှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဒေသတွင်းလုံခြုံရေး၊စွမ်းအင်ပေါင်းလုပ်ရေးနဲ့ အမေရိကန်-အီရန် ပဋိပက္ခကို အဓိကဆွေးနွေးကြတာပါ။
စစ်ရေးပဋိပက္ခတွေကို လျှော့ချဖို့နဲ့နောက်အခြေအနေတွေမဆိုးလာစေဖို့အီရတ်နိုင်ငံက သံတမန်ရေးကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။


















