Border News Agency
သံတွဲ၊ဇူလိုင် ၂၄ါ
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့၊အမှတ် ၇ ရပ်ကွက်ကို ဇူလိုင်လ ၂၃ ရက်၊ည ၁၂ နာရီ ၂၀ မိနစ်အချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားလေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအမှတ် ၇ ရပ်ကွက်မှအသက်ငါးဆယ်သုံးနှစ်အရွယ် ဒေါ်သီတာ၊အသက် ဆယ့်လေးနှစ်အရွယ်မောင်ငယ်ငယ်လွင်၊အသက်နှစ်ဆယ်အရွယ်မသက်နှင်းခိုင်နဲ့အသက်နှစ်ဆယ့်လေးနှစ်အရွယ် မဝါဝါ ဒဏ်ရာရသွားခဲ့ကြတာပါ။
အဲဒီဒေါ်သီတာမှာညာဘက်ခြေဖဝါးပြတ်ထွက်သွားတာကြောင့် ဒဏ်ရာပြင်းထန်ပါတယ်။
အဲဒီသံတွဲမြို့ရှိ လူနေရပ်ကွက်တွေကို အာဏာသိမ်းစစ်တပ်ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရွှေရည်စားသောက်ဆိုင်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီ လူနေအိမ်အချို့လည်းထိ ခိုက်ပျက်စီးသွားပါတယ်။
အဲဒီသံတွဲမြို့နယ်၊ငပလီမြို့ကို ဇူလိုင် လ ၂၃ ရက်၊နေ့လည်အချိန်လည်း အာ ဏာသိမ်းစစ်တပ်လေကြောင်းတိုက် ခိုက်လို့ ဆရာတော်တပါးနဲ့ကလေးတဦးအပါအဝင် ခုနှစ်ဦးဒဏ်ရာသွားပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့၊ရွာတွေကို အာဏာသိမ်းစစ်တပ်ကရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊လေကြောင်းပစ်မှတ်ထားတိုက်ခိုက်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။



















