Border News Agency
တောင်ကုတ်၊ဇူလိုင် ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်၊ကျောက်ဖြူနဲ့ သံတွဲခရိုင်မှာထုတ်လုပ်ရောင်းချနေတဲ့ယစ်မျိုးကုန်တွေသုံးစွဲဖို့ သင့်မသင့်ကိုအာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) ကစစ်ဆေးခဲ့ပါတယ်။
အဲဒီခရိုင်သုံးခုရှိ ယစ်မျိုးကုန်ထုတ်လုပ်၊ ဖြန့်ဖြူးနဲ့ လက်လီရောင်းချတဲ့ လုပ်ငန်းပေါင်း နှစ်ထောင့်ငါးရာငါးဆယ်ခြောက်ခုကို ပြီးခဲ့တဲ့ဇန်နဝါရီလမှ ဇူလိုင်လ ၁၃ ရက်နေ့ထိ ကွင်းဆင်းစစ်ဆေးခဲ့တာပါ။
အဲဒီတောင်ကုတ်ခရိုင်မှ လုပ်ငန်း တထောင့်တရာ့သုံးဆယ်လေး ခု၊ သံတွဲခရိုင်မှ လုပ်ငန်း ခြောက်ရာ့ငါးဆယ်နဲ့ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်မှ လုပ်ငန်း ခုနှစ်ရာ့ခုနှစ်ဆယ်နှစ်ခုပါဝင်ပါတယ်။
အဲဒီအပြင် ခရိုင်သုံးခုရှိ ယစ်မျိုးကုန်လုပ်ငန်းရှင်တွေကို ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူးရေးနဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို FDA က အသိပညာပေးခဲ့ပါတယ်။


















