Border News Agency
မလေးရှား၊ဇူလိုင် ၂၄။
မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ အမ်ပန်းလမ်းရှိ ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံကို ဇူလိုင်လ ၂၃ ရက်နေ့ကဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတရာ့ကိုးဦးကိုဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန(JIM)ထု တ်ပြန်ပါတယ်။
ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းတွေဖောက် ဖျက်မှု၊ရက်လွန်နေထိုင်မှုကြောင့် အသ က်သုံးဆယ်မှလေးဆယ့်သုံးနှစ်ကြားရှိ တရုတ်နိုင်ငံသားခုနှစ်ဆယ့်ရှစ်ဦးနဲ့မြန် မာ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယနိုင်ငံသားသုံးဆယ့်တဦးထိန်းသိမ်းခဲ့ပြီး ထပ်စုံစမ်းစ စ်ဆေးမှုတွေလုပ်ဖို့လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့လိုက်ပါတယ်။
အဲဒီတရားမဝင်ကုန်သွယ်မှုလုပ်သူ၊ရက်လွန်နေထိုင်သူနဲ့ ဗီဇာအလွဲသုံးစားလုပ်တဲ့ နိုင်ငံခြားသားတွေကိုထိအရေး ယူသွားမယ်လို့ မလေးရှားအစိုးရ သတိပေးထားပါတယ်။
















