Border News Agency
အိန္ဒိယ၊ဇူလိုင် ၂၄။
ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မသမာမှုနဲ့ပတ်သက်ဖြစ်နေတဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့အတွက် “Cockroach Janta Party” (CJP)လူငယ်ခေါင်းဆောင်တွေနဲ့အိန္ဒိယအစိုးရဝန်ကြီးတွေဟာ ဇူလိုင်လ ၂၄ ရက်၊ဒီနေ့တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒါပေမယ့် တနိုင်ငံလုံးဆန္ဒပြပွဲတွေကို ဆက်လုပ်သွားမယ်လို့ CJP ပြောရေးဆိုခွင့်ရှိသူ သောရပ်ဗ် ဒက်စ် (Saurav Das)က ပြောပါတယ်။
အဲဒီဦးဆောင်သူ ဆွန်နမ် ဝမ်ချပ်က ၂၆ ရက်ကြာအစာငတ်ခံဆန္ဒပြမှုရပ်လိုက်ပြီးနောက် အစိုးရနဲ့ဆွေးနွေးပွဲတွေစတင်လမ်းပွင့်သွားပြီး ဆန္ဒပြသူတွေကပညာရေးဝန်ကြီး ဓါမန်ဒရာ ပရာဒန်နှုတ်ထွက်ပေးဖို့ ဆက်တောင်းဆိုနေကြပါတယ်။
အဲဒီဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့အတွက် အာဏာပိုင်တွေကနယူးဒေလီမြို့လယ်ရှိ မက်ထရိုဘူတာဆယ့်ခုနှစ်ခုနဲ့မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေပိတ်ပင်ထားပါတယ်။
အဲဒီဝန်ချုပ် နာရင်ဒရာမိုဒီက စာမေးပွဲမသမာမှုပြုလုပ်သူတွေကို အရေးယူနိုင်မယ့်ဥပဒေကြမ်းပြင်ဆင်ရေးကိုအစိုးရအဖွဲ့မှာဆွေးနွေးသွားဖို့ပြောပေမယ့် ဆန္ဒပြသူတွေက မသမာမှုတွေမဖြစ်စေဖို့ စာမေးပွဲစနစ်ကို ပြင်ပြောင်းပေးဖို့ တောင်းဆိုကြပါတယ်။










