Border News Agency
အိန္ဒိယ၊ဇူလိုင် ၂၅။
အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့စာမေးပွဲမသမာမှုဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း Outlook သတင်းဌာနမှ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် အားကစားသတင်းထောက်တဦး ပလတ်စတစ်ကျည် ထိမှန်လို့ ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီသတင်းထောက်ဟာ ဇူလိုင်လ ၂၀ ရက်နေ့က Chalo Sansad ဆန္ဒပြပွဲမှာ ပါဝင်ရာ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ကျောကုန်း၊ ရင်ဘတ်နဲ့လက်မောင်းမှာ ဒဏ်ရာရသွားခဲ့တာပါ။
သူ့ရဲ့ ခန္ဓာကိုယ်အတွင်း ပလတ်စတစ်ကျည်စ သုံးဆယ်ကျော်ကျန်ရှိနေသေးပြီး ဆဖ်ဒါဂျန်း ဆေးရုံမှဆရာဝန်တွေက ခွဲစိတ်ထုတ်ရင် ပိုအန္တရာယ်များတာကြောင့် ဒီအတိုင်းထားဖို့ အကြံပြုထားပါတယ်။
ကျည်စတွေခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေသေးပေမယ့် အိမ်မှာဆက်အလုပ်ပြန်လုပ်နေပါတယ်။
သူ့ဒဏ်ရာတွေအတွက် အိန္ဒိယအစိုးရဆီကထိုက်တန်တဲ့လျှော်ကြေးတောင်းသွားမယ်လို့လည်း ဆိုပါတယ်။










