Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် ဆောင်းပါး ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတဲ့ အာရက္ခ​ဒေသက အမျိုးသမီးတွေ

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ ဇူလိုင် ၂၅။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေ၊ အကြမ်းဖက်သတ်ဖြတ်ခံရမှုတွေ ဖြစ်နေကြပါတယ်။

အဲဒီလိုကျူးလွန်သူတွေကို ပြင်းထန်ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေတောင်းဆိုနေကြပါတယ်။

ဒါပေမယ့် တောင်းဆိုနေကြသူတွေကျေနပ်လက်ခံနိုင်မယ့် ဥပဒေအရထိရောက်တဲ့အရေးယူမှုတွေကို ပွင့်လင်းမြင်သာစွာမချပြနိုင်ကြသေးပါဘူး။

အဲဒီအပြင် လူမဆန်စွာရက်စက်ကြမ်း​ကြုပ်တဲ့ အကြမ်းဖက်မှုတွေသာပိုဖြစ်လာနေပြီး ကျူးလွန်သူတွေဟာ ဥပဒေအရရော့ လူမှုအသိုင်းအဝိုင်းပြစ်ဒဏ်တွေကလည်းကင်းလွတ်နေကြပါတယ်။ အဲဒါကြောင့် အုပ်ချုပ်နေကြသူတွေ အပါအဝင်တာဝန်ရှိသူတွေကို ပြည်သူလူထုက ပိုမိုမေးခွန်းထုတ်ပြောဆိုဝေဖန်လာကြပါတယ်။

ဆက်ရှိနေဆဲဖြစ်ရပ်တွေ

အဲဒီလိုအရေးယူဖို့ တောင်းဆိုသံတွေရှိနေသလို အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေလည်း ဆက်ရှိနေပါတယ်။

အဲဒီလိုဆက်ရှိနေတာဟာ လူမှုပတ်ဝန်းကျင်နဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အားနည်းလွှဲချော်ချက်တွေရှိနေတဲ့ သဘောသက်ရောက်နေပါတယ်။

အဲဒီလိုဖြစ်စဉ်တွေ ပပျောက်ဖို့ရာမှာ ကျူးလွန်သူကိုပြင်းပြင်းထန်ထန်အပြစ်ပေးဖို့ တောင်းဆိုနေယုံနဲ့ မလုံလောက်တော့ဘဲ ရခိုင့်လူမှုပတ်ဝန်းကျင်ရဲ့လားရာနဲ့နိုင်ငံ့အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်တွေကိုလည်း အဖြေရှာရမယ့် အနေအထားဖြစ်လာပါပြီ။

WHO ရဲ့ ထုတ်ပြန်ချက်စံနှုန်းအရ အမျိုးသမီးတဦးဟာ သူမရှင်သန်နေထိုင်တဲ့လူမှုပတ်ဝန်းကျင် ဒါမှမဟုတ် လူမှုရေး၊ နိုင်ငံရေးစနစ်တွေထဲမှာ အောက်ပါ အချက်တွေရှိနေခဲ့ရင် အကြမ်းဖက်ခံရမယ့်အန္တရာယ်ထဲမှာရှိနေပါတယ်။

လူ့အသိုက်အဝိုင်း၊ နိုင်ငံရေးအခင်းအကျင်းအခြေအနေဟာ…

က – အမျိုးသားတွေကို အခွင့်ထူးခံအခွင့်အာဏာပေးထားပြီး အမျိုးသမီးတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကန့်သတ်ထားသလို အမျိုးသမီးတွေကို သိက္ခာချဆိုးဝါးတဲ့ကျား၊ မအခြေပြုစံနှုန်းတွေထွန်းကားနေတာ။

ခ – ဆင်းရဲမွဲတေမှုနဲ့အလုပ်လက်မဲ့နှုန်းမြင့်မားနေတာ။

ဂ – အရွယ်မတိုင်မှီ အိမ်ထောင်ပြုနှုန်း မြင့်လာတာ။ (ကလေးသူငယ်အိမ်ထောင်ပြုမှုအပါအဝင်)

ဃ – လူမှုအသိုင်းအဝိုင်းမှာ အကြမ်းဖက်မှုနဲ့ရာဇဝတ်မှုနှုန်းမြင့်မားနေတာ။

င – မူးယစ်ဆေးဝါး၊ အရက်နဲ့လက်နက်တွေ အလွယ်တကူရရှိနိုင်တာ။

စ – ပိုင်ဆိုင်မှုအခွင့်အရေး၊ အမွေဆက်ခံခွင့်၊ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းခြင်းနဲ့ကလေးသူငယ်အုပ်ထိန်းခွင့်မှာ အမျိုးသမီးတွေကို ခွဲခြားကန့်သတ်ထား
တဲ့ဥပဒေအလေ့အကျင့်စနစ်တွေရှိနေတာ။

ဆ – အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းတဲ့ဥပဒေတွေမရှိတာ ဒါမှမဟုတ် အဲဒီလိုကိစ္စမျိုးမှာ ဥပဒေစိုးမိုးမှုကို အားနည်းအောင်လုပ်ထားတာ။

ဇ – အများပြည်သူဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ပုဂ္ဂလိကဆိုင်ရာအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ (ဥပမာ-ကျန်းမာရေး၊ တရားမျှတမှုရှာဖွေရေး၊ ဘာသာရေး၊ ရဲ တပ်ဖွဲ့၊ ပညာရေးစတဲ့ဌာနေတွေ)မှာ ကျား၊မ အခြေပြုခွဲခြားဆက်ဆံမှုတွေရှိနေတာ။

WHO ရဲ့ စံနှုန်းနဲ့ ချိန်ထိုးကြည့်ရင် ရခိုင်ဒေဟာ အမျိုးသမီးတွေအတွက် ကိုယ်စိတ်နှစ်ပါး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရနိုင်မှုများနေသလို တကယ်မြေပြင်မှာလည်း အကြမ်းဖက်ခံနေကြရပါတယ်။

အုပ်ချုပ်သူတွေမျက်ကွယ်ပြုအကြမ်း ဖက်မှု

အမျိုးသမီးတွေနဲ့ တခြားထိခိုက်လွယ်သူတွေအပေါ် လိင်အကြမ်းဖက်မှုနဲ့ အသက်သေဆုံးစေမှုထိဖြစ်လာတဲ့အခါ ကျူးလွန်သူကိုအပြစ်ပေးအရေးယူဖို့
တောင်းဆိုမှုဟာ အရေးပါသလို အုပ်ချုပ်သူတွေရဲ့မျက်ကွယ်ပြုမှု၊ ပျက်ကွက်မှုတွေကိုလည်း စိစစ်အဖြေရှာပြီးဖော်ထုတ်နိုင်ဖို့လိုပါတယ်။

ဘာကြောင့်ဆိုရင် “နယ်မြေကိုထိန်းချုပ်ထားသူ၊ အုပ်ချုပ်ထားသူက မတရားမှုကို တားဆီးဖို့ပျက်ကွက်နေတာ၊ မျက်ကွယ်ပြုနေတာမျိုးဟာ မတရားမှုကို လုပ်ခွင့်ပေးထားတာနဲ့အတူတူပါပဲ”။

DEVAW လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ဆန့်ကျင်ရေးကြေညာချက် (Declaration Elimination Violence Against Women)ရဲ့ အပိုဒ် (၂) (ဂ) မှာ “အုပ်ချုပ်သူတွေဖက်က အကြမ်းဖက်မှုကို မျက်ကွယ်ပြုဖုံးဖိထားတာဟာလည်း “အကြမ်းဖက်မှု” ဖြစ်တယ်လို့ဆိုထားပါတယ်။

ရခိုင်လူမှုပတ်ဝန်းကျင်လားရာ

အမျိုးသမီးတွေ၊ တခြားထိခိုက်လွယ်သူတွေ အပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပေါ် ရခိုင်လူမှုပတ်ဝန်းကျင်နဲ့အုပ်ချုပ်ရေးဆိုင်ရာကအပြုအမှု၊ အတွေးအခေါ်၊ အလေ့အထနဲ့အမြင်တွေကို DEVAW မှာပါတဲ့အချက်တွေနဲ့ ဆန်းစစ်လို့ရပါတယ်။

စစ်ပွဲတင်ကူးကြိုတင်စီရင်ချက်နဲ့ကျင့်သုံးအတွေးအမြင်

ရခိုင်ဒေသဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်း အဆိုးဆုံးဖြစ်နေတဲ့လက်နက်ကိုင်ပဋိပက္ခဒေသဖြစ်ပါတယ်။

အဲဒီနေရာတွေက အာဏာနယ်ပယ်ဟာ စစ်ဘက်ဆိုင်ရာကသူတွေသာ ရှေ့တန်းကို ရောက်နေတတ်ပါတယ်။

စစ်ဖြစ်လာရင် ယောကျ်ားတွေဟာ မိန်းမတွေထက်ပိုပါဝင်လာရတဲ့အတွက် စစ်ပွဲကို ရင်ဆိုင်နေကြရတဲ့လူ့အဖွဲ့အစည်းမှာ “ဖိုဝါဒီစရိုက်” တွေ ခေါင်းထောင်တတ်ပါတယ်။

ရခိုင်ဒေသဟာ ဖွံ့ဖြိုးဆဲစက်မှုလူ့အဖွဲ့အစည်းမဟုတ်တာမို့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူဝင်ငွေရှာဖွေသူအနေအထားမျိုးက မရောက်နိုင်ခဲ့ကြပါဘူး။

ရခိုင်မှာ စက်မှုဇုန်လို စီးပွားရေးဇုန်မရှိတာမို့ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းလည်းမရှိပါဘူး။

အဲဒါကြောင့် အမျိုးသမီးတွေဟာ မိသားစုထဲမှာ မှီခိုသူဖြစ်လာစေပြီး ဆုံးဖြတ်ချက်ချနိုင်သူနေရာကို အလိုလိုလက်လျော့ထားရသူတွေလိုဖြစ်နေကြပါတယ်။

အဲဒီတော့ ရခိုင်လူနေမှုစနစ်ဟာ အမျိုးသမီးတွေအပေါ်ဖိနှိပ်မှုမရှိဘူးဆိုရင်တောင် ကျား၊မတန်းတူရေး အားကောင်းခိုင်မာနေတာမျိုးလည်း မဟုတ်ပါဘူး။

အဲဒီတော “မှီခိုသူ”၊ “တန်းတူရည်တူအခန်းကဏ္ဍမရှိ” ဆိုတဲ့ ရှိရင်းစွဲအခံလူမှုပတ်ဝန်းကျင်၊ “ဖိုဝါဒကို တဖက်လှည့်နဲ့ ခေါင်းထောင်စေတဲ့စစ်ပွဲ” စတဲ့ အကျိုးဆက်နှစ်ခုဆုံလာတဲ့အခါ “အမျိုးသမီးတွေကို သက်ရှိလူသားတွေလို့မမြင်ကြတော့ဘဲ အဖြည့်ခံအရာဝတ္ထုအဖြစ်သာ မြင်လာကြပါတယ်။

လူမှုဘဝချွတ်ခြုံကျပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနောက် မိသားစုဘဝနဲ့အိမ်ထောင်ရေးပြိုကွဲပျက်စီးမှုတွေ ဖြစ်လာပါတယ်။

ရခိုင်ဒေသမှာ အိမ်ထောင်ရေးပြိုကွဲမှုတွေ တဖြေးဖြေးများလာနေပါတယ်။

လူထုအပေါ်မှာ တိကျသေချာတဲ့နိုင်ငံရေးမူဘောင်နဲ့ ကောင်းမွန်တဲ့စံနှုန်းတွေမချပြနိုင်သေးချိန်မှာ လက်တလောလုပ်ပိုင်ခွင့်အာဏာကို ကိုင်တွယ်ခွင့်ရသူတွေအတွက် အထိန်းအကွပ်အားနည်းလာပါတယ်။

အဲဒီလိုအနေအထားတွေအောက်က ရခိုင်လူ့အဖွဲ့အစည်းထဲမှာ…”စစ်ပွဲနိုင်ဖို့သာအရေးကြီးပါတယ်။ ကျန်တဲ့ကျင့်ဝတ်တန်ဖိုးတွေကိုနောက်မှာ
ထားပါ။”

“ငါတို့ လူဦးရေများဖို့လိုတယ်။ ဒီတော့ ကလေးများများရအောင် မိန်းမများများယူတာ ကောင်းပါတယ်။”

“နင်တို့ မိန်းမတွေ ခု…ဘာအသုံးဝင်လို့လဲ။ ကလေးပဲမွေးပါ။” စတဲ့ စစ်ပွဲက ဖန်တီးပေးလိုက်တဲ့ တင်ကူးကြိုတင်စီရင်ချက်နဲ့ ကျင့်သားမိလာတဲ့အတွေးအခေါ်တွေ ကြီးစိုးလာပါတယ်။

အဲဒီအတွေးအမြင်တွေကို ရခိုင်ဒေသရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးနယ်ပယ်တွေထဲကသူတွေကိုယ်တိုင် ဖန်တီးမိနေတတ်တာမျိုးလည်း ရှိနေပါတယ်။

အဲဒီလိုအတွေးအမြင်တွေ လူ့အဖွဲ့အစည်းအတွင်း တစတစအမြစ်တွယ်လာတာနဲ့ အမျိုးသမီးတွေကို စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေများလာတာဟာ ဆက်စပ်မှုရှိပါတယ်။

DEVAW ကြေညာချက်အပိုဒ် (၄) (ဇ) ဟာ အဲလိုအတွေးအမြင်တွေ၊ အကျင့်စာရိုက်တွေကို နယ်မြေအုပ်ချုပ်ထိန်းချုပ်ထားသူတွေ တားမြစ်ပေးရမယ်လို့ဆိုထားပါတယ်။

အပိုဒ်(၄)(ဃ)က အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတယောက်အတွက် တရားမျှတမှု၊ အခွင့်အရေးတွေကို နယ်မြေကို ထိန်းချုပ်အုပ်ချုပ်နေသူတွေဟာ လူထုကို တနည်းနည်းနဲ့ ချပြပေးရပါမယ်။ ဥပဒေပိုင်းအရ အာမခံချက်ပေးရမယ်လို့ ဆိုထားပါတယ်။

တကယ်လို့ အုပ်ချုပ်သူတွေ၊ လက်နက်ကိုင်တွေက အဲဒီလိုတားမြစ်ဖို့၊ လူထုကို အသိပေးဖို့ကိစ္စတွေကိုပျက်ကွက်နေရင်၊ မျက်ကွယ်ပြုနေရင်၊ ဥပဒေပိုင်းအရ အာမခံချက်တွေကို ဖျက်သိမ်းနေရင် ဒါဟာ DEVAW ကြေညာချက်အရ”အုပ်ချုပ်သူတွေဖက်က အမျိုးသမီးတွေကို “အကြမ်းဖက်မှု”ဖြစ်သွားပါတယ်။

ရခိုင်လူမှုပတ်ဝန်းကျင်ရဲ့လားရာဟာ ကျင့်ဝတ်အရ၊ ကိုယ်ကျင့်တရားစံတန်ဖိုးအရ တဖြေးဖြေးနဲ့အောက်ကိုကျဆင်းနေပါတယ်။

ပြဿနာတရပ်ကို ဖြေရှင်းမယ်ဆိုရင် ပြဿနာတရပ်ဖြစ်လာစေတဲ့ဇစ်မြစ်နဲ့ အဲဒီဇစ်မြစ်ကို အားကောင်းစေတဲ့ရေခံ မြေခံအကြောင်းတရားတွေကို ကိုင်တွယ်ရဲ၊ ထိတွေ့ရဲဖို့လိုပါတယ်။

ကျူးလွန်သူကို အပြစ်ပေးအရေးယူဖို့တောင်းဆိုမှုအရေးပါသလို အုပ်ချုပ်သူတွေမျက်ကွယ်ပြုမှု၊ ပျက်ကွက်မှုတွေကိုလည်း စိစစ်အဖြေရှာဖော်ထုတ်နိုင်ဖို့လိုပါတယ်။

ကိုးကား…

https://www.who.int/news-room/fact-sheets/detail/violence-against-women?hl=en-GB
https://www.unwomen.org/en/what-we-do/ending-violence-against-women/act
https://www.ohchr.org/en/instruments-mechanisms/instruments/declaration-elimination-violence-against-women
PrevPreviousဘင်္ဂလားဒေ့ရှ်သမ္မတကျန်းမာရေးကြောင့် ရာထူးမှနှုတ်ထွက်
Nextစစ်တွေခရိုင်အချုပ်ထောင်မှ မုဒိမ်းတရားခံနှစ်ဦး ထွက်ပြေးလွတ်မြောက်နေNext
Previous Post

ဘင်္ဂလားဒေ့ရှ်သမ္မတကျန်းမာရေးကြောင့် ရာထူးမှနှုတ်ထွက်

Next Post

စစ်တွေခရိုင်အချုပ်ထောင်မှ မုဒိမ်းတရားခံနှစ်ဦး ထွက်ပြေးလွတ်မြောက်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ထုတ်ဖော်ပြောဆိုခွင့် ပျောက်ဆုံးနေဆဲ အာရက္ခဒေသက ဘဝတွေ

September 28, 2026
ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
ဓာတ်ပုံ-ဝင်းမြင့်

မြောက်ဦးမှာ စက်လှေမှောက်လို့ပျောက်ဆုံးနေတဲ့ သားဖနှစ်ဦးရဲ့ ရုပ်အလောင်းတွေပြန်တွေ့

September 27, 2026

အဥ္ဇနပူရကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးဒဏ်ရာရ

September 27, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page