ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ သက်ကြီးပိုင်းအမျိုးသမီးတဦးသေဆုံး
ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် ရေတပ်စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်လို့ သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံးသွားခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာက အသက်ရှစ်ဆယ်အရွယ်ဒေါ်စောဖြူမ သေဆုံးသွားခဲ့ပါတယ်။ အဲဒီကျောက်ပြောက်ရွာကို ဖေဖော်ဝါရီလ ၁၄ ရက်၊ညနေ ၅ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်ရဲ့ ကျောက်ကလေရွာအောက်ဘက် ပင်လယ်ပြင်မှာရှိနေတဲ့ ရေတပ်စစ်သင်္ဘောကနေ ရွယ်ရည်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ဒေါ်စောဖြူမ သေဆုံးသွားသလို ဦးထွန်းခိုင်အောင်ရဲ့ နေအိမ်တလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ဇင်ချောင်းကုန်ဘွယ်ရွာကို ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ရဲ့ရေတပ်စစ်သင်္ဘောတွေကလက်နက်ကြီးပစ်ခတ်ခဲ့လို့ အသက်လေးဆယ်ငါးနှစ်အရွယ်ဦးမောင်ဖြူစိုး (ခ) ခင်မောင်ထွေးသေဆုံးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။









