BNA Author

BNA Author

​ဓာတ်ပုံ - APM

အာရက္ခဒေသရှိဈေးဆိုင်တွေစည်ပင်စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ စစ်ဆေး

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဈေးဆိုင်ပိုင်ရှင်တွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက ကွင်းဆင်းစစ်ဆေးနေပါတယ်။  ​အဲဒီလိုစစ်ဆေးရာမှာ ဆိုင်ပိုင်ရှင်တွေအနေနဲ့ စည်ပင်ကချမှတ်ထားတဲ့ ဈေးစည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာခြင်း ရှိ၊ မရှိကို အဓိကထား ကြည့်ရှုနေတာဖြစ်ပါတယ်။ ​အဲဒီထဲအထူးသဖြင့် သတ်မှတ်ထားတဲ့မျဉ်းကို ကျော်ပြီး လူသွားလမ်းတွေပေါ်မှာ ဈေးပစ္စည်းတွေ တိုးချဲ့ခင်းကျင်း ရောင်းချတာမျိုး ရှိ၊ မရှိကို လိုက်လံစစ်ဆေးနေတာပါ။ ​အဲဒီလိုစစ်ဆေးတာတွေကို စည်ပင်သာယာရေးဌာနနဲ့အတူ ဈေးကော်မတီ၊ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DELPS) နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ​အဲဒီစစ်ဆေးချိန်အတွင်း စည်းကမ်းမလိုက်နာတဲ့ ဆိုင်ပိုင်ရှင်တွေကို သတိပေးတာတွေပြုလုပ်ခဲ့ပြီး စည်းကမ်းချိုးဖောက်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူသွားမယ်လို့သိရပါတယ်။

​ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကိုအာဏာသိမ်းစစ်ခေါင်းဆောင် လက်မှတ်ရေးထိုး

​အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယာယီသမ္မတအဖြစ်လက်မှတ်ရေးထိုးပြီး "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ" ကိုဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေဟာ နိုင်ငံတော်သမ္မတကို လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေမှာ အကြံပေးဖို့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။ ​အဲဒိီကောင်စီကို နိုင်ငံတော်သမ္မတက သင့်လျော်တဲ့ပုဂ္ဂိုလ် ငါးဦးထက်မနည်းနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးကိုလည်း သမ္မတကပဲတိုက်ရိုက်သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ကောင်စီဝင်တွေရဲ့ သက်တမ်းဟာ သမ္မတရဲ့သက်တမ်းအတိုင်းဖြစ်ပြီး၊သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေကိုတော့ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးမယ်လို့ ပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။ ​ဒီဥပဒေရဲ့ ရည်ရွယ်ချက်တွေအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့နဲ့ တိုင်းပြည်သာယာဝပြောရေးအတွက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတော်သမ္မတရုံးကနေ ဒီဥပဒေနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ​ခုထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ပြဋ္ဌာန်းတာဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလ၂ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ဘေးရှောင်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီ ကျောက်ဖြူမြို့နယ်၊မော်ကြီးရွာကို ဖေဖော်ဝါရီလ ၃ ရက်၊ည ၅ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်ပါရာမော်တာတစီးနဲ့ရည်ရွယ်ချက်ရှိရှိဗုံးငါးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ မော်ကြီးရွာမှာစစ်ဘေးရှောင်နေတဲ့ ငပုချွိန်ရွာသားအသက် ရှစ်ဆယ့်ငါးနှစ်အရွယ်ဦးခိုင်အောင် သေဆုံးသွားခဲ့ပြီး၊ဦးခင်မောင်ချေနဲ့ ဦးသိန်းကျော်နုတို့ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်မော်ကြီးရွာရှိ နေအိမ်နှစ်လုံးလည်း မီးလောင်ပြာကျခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊မူရွင်းရွာရှိဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်ကဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့လို့ ကိုးလသားအရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြေ

​ဟတ်ယိုင်မြို့ Lotus’s စင်တာရှိ ရွှေဆိုင်ကို သေနတ်သမားတဦးဓားပြတိုက်

ထိုင်းနိုင်ငံ၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့က ဆောင်ခလာမင်းသားတက္ကသိုလ် (PSU) အနီးမှာရှိတဲ့ Lotus’s Go Fresh ဈေးဝယ်စင်တာအတွင်းက နာမည်ကြီးရွှေဆိုင်တဆိုင်ကို ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၆ နာရီခွဲအချိန်မှာ တကိုယ်တော် သေနတ်သမားတဦး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ​CCTV မှတ်တမ်းတွေအရ အဲဒီသေနတ်သမားဟာ အနက်ရောင်အဝတ်အစားတွေ ဝတ်ဆင်ထားပြီး ဆိုင်ကယ်စီးဦးထုပ် (Full-face) ဆောင်းထားတဲ့ အမျိုးသားတဦးဖြစ်တယ်လို့ သိရပါတယ်။ ​အဲဒီတရားခံဟာ လက်နက်တိုတလက်ကို ကိုင်ဆောင်ပြီးရွှေဆိုင်အတွင်းကို တိုက်ရိုက်ဝင်ရောက်လာကာ ဆိုင်ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တာပါ။ ​အဲဒီနောက် ရွှေထည်တွေပြသထားတဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး အတွင်းမှာရှိတဲ့ ရွှေဆွဲကြိုးတွေကို လုယူခဲ့တာဖြစ်ပြီး လုယူသွားတဲ့ ရွှေထည်စုစုပေါင်း အလေးချိန်ဟာ ဘတ် ၆၀ (မြန်မာအလေးချိန် ၆၀ ကျပ်သားခန့်) ရှိတယ်လို့ ဆိုပါတယ်။ ​အဲဒီလုယူခံရတဲ့ ရွှေထည်တွေရဲ့ လက်ရှိကာလတန်ဖိုးဟာ ဘတ်ငွေ ၂ သန်းကျော် (မြန်မာငွေ သိန်းပေါင်းများစွာ) တန်ဖိုးရှိပြီး တရားခံဟာရွှေတွေကို ယူဆောင်ကာ စင်တာအပြင်ဘက်မှာ အသင့်ရပ်ထားတဲ့ ဆိုင်ကယ်နဲ့အလျှင်အမြန် မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီတရားခံ ထွက်ပြေးရာမှာ အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ဟာ နေ့လည်ပိုင်းက စဏ္ဏား (Chana) ခရိုင်ဘက်ကနေ ခိုးယူလာတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ ​အဲဒီဟတ်ယိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ အခင်းဖြစ်နေရာကို ပိတ်ဆို့စစ်ဆေးနေပြီး တရားခံကိုအမြန်ဆုံးဖမ်းဆီးနိုင်ဖို့ CCTV မှတ်တမ်းတွေကို အခြေခံကာ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံအနောက်ပိုင်းနဲ့အလယ်ပိုင်းမှာအင်အားပြင်းငလျင်လှုပ်ခတ်

​Border News Agency  မောင်တော၊ ဖေဖော်ဝါရီ ၄။ ​ရခိုင်-မကွေးအစပ်ကို ဗဟိုပြုပြီး ပြင်းအား ၅.၉ (Mw) အင်အားပြင်းငလျင်နဲ့ ၄.၂ (Mw) ရှိတဲ့ ငလျင်ငယ်တခု ဖေဖော်ဝါရီလ ၃ ရက်၊ညပိုင်းမှာ လှုပ်ခတ်သွားတယ်လို့ USGS ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီငလျင်ဟာ ရေနံချောင်းမြို့ရဲ့ အနောကဘက် ၉၅ ကီလိုမီတာအကွာ ရခိုင်ရိုးမတောင်တန်းအတွင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ရခိုင်တစ်ပြည်လုံးအပြင် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပါ ပြင်းထန်စွာ တုန်ခါသွားခဲ့တာပါ။ ​အဲဒီလှုပ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောမြို့နယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ​အဲဒီမောင်တောဒေသကို မနေ့ည ၁၀ နာရီ ၇ မိနစ်မှာအမြင့်ဆုံးစကေး ၅.၁ (Mw) အဆင့်နဲ့ ပထမတကြိမ် လှုပ်ခတ်ခဲ့ပြီး၊ ၁၀ နာရီ ၂၃ မိနစ်မှာတော့ ၄.၂ (Mw) အဆင့်နဲ့ ဒုတိယတကြိမ် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ USGS ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ​အဲဒီငလျင်ဟာ မောင်တောမြို့ရဲ့ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ မြေပြင်အောက်အနက် ၁၂ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တဲ့ အလွန်တိမ်တဲ့ငလျင်ဖြစ်တာကြောင့် မောင်တောမြို့ပေါ်မှာ တုန်ခါမှု အတော်လေး ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အအုံတွေနဲ့ ဘုန်းကြီးကျောင်းတွေ သိသိသာသာ တုန်ခါသွားလို့ လူတွေဟာ နေအိမ်အပြင်ဘက်ကို ထွက်ပြေးခဲ့ကြရတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။  ​"ပထမတကြိမ် လှုပ်တာက အရမ်းပြင်းတယ်။ငါးမိနစ်လောက်ကို တုန်နေတာ။ ဘုန်းကြီးကျောင်းတွေလည်း အတော်လေး တုန်ခါသွားလို့ အပေါ်ထပ်တောင် မတက်ရဲဘူး ဖြစ်နေတယ်။"လို့ မောင်တောမြို့ခံကျောင်းထိုင်ဆရာတော်တပါးက Border News Agency ကို မိန့်ကြားပါတယ်။ ​အဲဒါကြောင့် ညအချိန်မတော် ငလျင်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့အတွက် မောင်တောဒေသခံတွေဟာ ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

​Photo - One Nation News

​မောင်တောမှာ ၇၅ ကြိမ်မြောက် ဟိန္ဒူ “ရာမ” ပွဲတော် စည်ကားစွာကျင်းပ (ဓာတ်ပုံသတင်း)

Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၃။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့၊ ကျောက်ပန္ဒူကျေးရွာအနီးက ရာမ၊ လက္ခဏတောင်ခြေရင်းမှာ ၇၅ ကြိမ်မြောက် မဟာရာမယန ဟရီနာမ "ရာမ" အသံမစဲပဋ္ဌာန်းပွဲတော်ကို ဇန်နဝါရီ လ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲ​ဒီပွဲတော်ဟာ ရာမ၊ လက္ခဏနဲ့ မယ်သီတာတို့ကို ရိုးရာအစဉ်အလာအတိုင်း ဆုတောင်းပူဇော်တဲ့ပွဲ ဖြစ်ပါတယ်။ အဲဒီပွဲတော်ကို မောင်တောခရိုင် ဟိန္ဒူလူမျိုးစုရေးရာ ကြီးကြပ်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး အနီးအနားက ရခိုင်လူမျိုးတွေလည်း လာရောက်လည်ပတ်ခဲ့ကြပါတယ်။ အဲဒီအပြင်​ ULA/AA က တာဝန်ရှိသူတွေဟာ ဒီဘာသာရေးပွဲတော်ကို တက်ရောက်ဂုဏ်ပြုခဲ့ကြသလို ပွဲတော်ဖြစ်မြောက်ရေးအတွက် အာရက္ခတပ်တော်က ငွေကျပ် သိန်း ၃၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ​လိုမျိုးဘာသာရေးပွဲတော်တွေကို စည်းစည်းကားကား ကျင်းပနိုင်တာဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ လူမျိုးစုအချင်းချင်း ချစ်ကြည်လေးစားမှုကို ပြသရာရောက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဓာတ်ပုံ - KNDF

ကရင်နီ KNDF တပ်ရင်း ၁၅ နဲ့ ပြည်သူယလူထု တွေ့ဆုံပွဲ ကျင်းပ

Border News Agencyဖယ်ခုံ၊ဖေဖော်ဝါရီ ၃။ ​ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၅ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၃၀ ရက်နေ့က ကရင်နီပြည် မြေပြင်တနေရာမှာ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီ​အခမ်းအနားမှာ ကရင်နီအမျိုးသားအလံနဲ့ KNDF အလံကို...

ဓာတ်ပုံ - စစ်ကော်မရှင်

မြန်မာ-ရုရှား စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုး

Border News Agenyရုရှား၊ ဖေဖော်ဝါရီ ၃။ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတွေကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ဖေဖော်ဝါရီလ ၂ ရက်၊မနေ့ကလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲ​ဒီလက်မှတ်ကို နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်မျိုးသန့်နဲ့ ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး...

​ဓာတ်ပုံ - 8 + အညာမြေ စစ်ဆင်ရေးအဖွဲ့

​မြိုင်မှာ PDF စခန်းကိုစီးနင်းတဲ့ စစ်ကော်မရှင်တပ်မိုင်းကွဲပြီးငါးဦးသေဆုံး

Border News Agencyမကွေး၊ ဖေဖော်ဝါရီ ၃။ ​မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက PDF စခန်းတခုကို ဝင်စီးတဲ့စစ်ကော်မရှင်စစ်ကြောင်းမိုင်းပေါက်ကွဲပြီးငါးဦးသေဆုံးသွားတယ်လို့ 8 + အညာမြေ စစ်ဆင်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ တွင်းမရွာအနီးမှာရှိတဲ့ အဲဒီစခန်းကို...

​ဓာတ်ပုံ - ONN

​အာရက္ခပြည်ကအစ္စလာမ်ဘာသာရေးတက္ကသိုလ်မှာဘွဲ့နှင်းသဘင်နဲ့ ဆုပေးပွဲကျင်းပ

Border News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၃။ ​အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ အစ္စလာမ်ဘာသာရေးတက္ကသိုလ်တခုမှာဖေဖော်ဝါရီလ ၂ ရက်၊ မနေ့က ဘွဲ့နှင်းသဘင်နဲ့ဆုပေးပွဲအခမ်းအနားကို စည်စည်ကားကား ပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီပွဲမှာ ဘာသာရေးစာမေးပွဲတွေနဲ့ကုရ်အာန်ကျမ်းမြတ်အာဂုံဆောင်သင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဘွဲ့လက်မှတ်တွေနဲ့...

Page 37 of 142 1 36 37 38 142

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here