“ကျွန်တော်အမျိုးဘာသာသာသနာကိုစောင့်ရှောက်ချင်ပါတယ်။ ရက္ခိတလမ်း စဉ်ကိုလိုက်နာတဲ့လူတယောက်ဖြစ်ပါတယ်။”
အင်တာဗျူးBorder News Agencyရန်ကုန်၊စက်တင်ဘာ ၂။ လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာစစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီမှာပြည်သူ့ပါတီက ရန်ကုန်တိုင်းမှာတိုင်းရင်းသားရေးရာကိုယ်စားလှယ်ဝင်ပြိုင်မှာပါ။ အဲဒီကိုယ်စားလှယ်လောင်းဦးသာစိန်ကိုပေါ်ဗျူလာဂျာနယ်က သီးသန့်အင်တာဗျူးမေးထားတာကို ပြည်သူလူထုသိအောင် ဖော်ပြလိုက်ပါတယ်။ "မိဘပြည်သူများ…သာလီစွပါခဗျာ။ ကျွန်တော်ကတော့…ရန်ကုန်တိုင်းဒေသကြီး၊ရခိုင်တိုင်းရင်းသားရေးရာကိုယ် စားလှယ်ဖောင်တင်ထားတဲ့ ဦးသာစိန်ဖြစ်ပါတယ်။'' "ကျွန်တော်ပါတီကိုဝင်ပြီးတော့...









