BNA

ကျောက်ဖြူမြို့နယ်

စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်နေ

အာရက္ခတပ်တော်(AA) ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့ကစတင်ပြီးတဖက်သတ်အပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေပူးပေါင်းကာအာရက္ခတပ်တော်ကို တိုက်ခိုက်နေတယ်လို့ ဧပြီလ ၅ ရက်နေ့ထုတ်ပြန်ပါတယ်။ ကျောက်ဖြူမြို့နယ်ရှိ သပြုတောင်၊ပြားတဲ၊ပြင်ရှည်ကျေးရွာအနီးကို ဧပြီလ ၂ ရက်နေ့ လက်နက်ကြီး၊ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ရဲ့သစ်ပုတ်တောင်ရေတပ်စခန်း၊...

Read more

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်လို့ ရဟန်းတပါးနဲ့အရပ်သားတဦးသေဆုံး

ကျောက်ဖြူ၊ မတ် ၃၁။ စစ်ရေးတင်းမာနေတဲ့ ကျောက်ဖြူမြို့နယ်၊ဇင်ချောင်းကုန်ဘွေကျေးရွာကို မတ်လ ၃၁ ရက်၊ဒီနေ့ မနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ရဲ့ နေဗီက ရွယ်ရည်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်လို့ ရဟန်းတပါးနဲ့အရပ်သားတဦးသေဆုံးကာ ကိုရင်တပါးအပါအဝင် နောက်ထပ်အရပ်သားခုနှစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။...

Read more

ကျောက်တော်မှာ စစ်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီးလေးဦးဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ မတ်လ ၁၉ ရက်၊ မနေ့က စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာက အသက်ဆယ့်ခြောက်နှစ်အရွယ်မောင်ဌေးဦးသေဆုံးသွားပြီး အသက်ဆယ့်ခြောက်နှစ်အရွယ်မောင်ကျော်ဆန်းလင်း၊ အသက်ဆယ့်ငါးနှစ်အရွယ်မောင်ခိုင်အောင်မျိုး၊ အသက်ဆယ့်လေးနှစ်အရွယ်မောင်နေပိုင်စိုး၊ အသက်ဆယ့်သုံးနှစ်အရွယ်မောင်မောင်သန်းနိုင်တို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီသေဆုံးသွားခဲ့တဲ့...

Read more

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ကျေးရွာကို မတ်လ ၃ ရက်၊ ဒီနေ့၊ နေလည် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က စစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့အရပ်သား တဦးသေဆုံးပြီးတဦး ဒဏ်ရာရသွားသလိုနေအိမ်ဆယ်လုံးမီးလောင်ပျက်စီးသွားတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။ အဲဒီသေဆုံးသွားသူမှာ အသက်ခြောက်ဆယ့်တနှစ်အရွယ်ဦးပေါက်စဖြစ်ပါတယ်။ အဲဒီဒဏ်ရာရသူမှာ ဒဏ်ရာပြင်းထန်တာကြောင့်...

Read more

ကျောက်ဖြူ​မြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှု ပိုလုပ်နေ

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ကျေးရွာကို မတ်လ ၁၂ ရက်၊ နေ့လည် ၁၂ နာရီအချိန်ခန့်က စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံး​ကြဲတိုက်ခိုက်လို့ ဘုန်းကြီး ကျောင်းဓမ္မာရုံပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။...

Read more

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

ကျောက်ဖြူမြို့နယ်၊ကပ်သပြေကျေးရွာကို မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရသွားသလို့ နေအိမ်နှစ်ဆယ်ကျော်မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီကပ်သပြေကျေးရွာက အသက် ၅၆ နှစ်အရွယ် ဦးဘသိန်းအောင်ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်ရဲ့ ဓညဝတီရေ တပ်ကကပ်သပြေကျေးရွာကို ရွယ်ရည်ချက်ရှိရှိဒရုန်းနဲ့ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီလိုဗုံးကြဲတိုက်ခိုက်တာကြောင့်...

Read more

နိုင်ငံတကာ၏အချောင်ရင်းနှီးမြုပ်နှံမှုများသည် အာရက္ခချွတ်ခြုံ ကျမှုကို ပိုမိုဆိုးဝါးစေမည်လား

မောင်တူရေးသည်။ အာရက္ခဒေသ၏ စီးပွားရေးအခြေအနေချွတ်ခြုံကျမှုသည် တာရှည်မည့်အလားအလာမျိုးရှိနေသည်။စီးပွားရေးတိုးတက်မှုသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စီမံခန့်ခွဲမှုအပေါ် နိုင်ငံရေးအရ အကဲဖြတ်နိုင်သည့်အချက်များထဲတွင် တခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုးစုလက်နက်ကိုင်များထိန်းချုပ်ထားသောနယ်မြေများ၏စီးပွားရေးတိုးတက်မှုသည် အိမ်နီးချင်းတိုင်းပြည်များကို မှီခိုနေရသည်။ လူမျိုးစုလက်နက်ကိုင်များ ထိန်းချုပ်ဧရိယာများ၌ ကုန်ပစ္စည်းထုတ်လုပ်နိုင်သောစီးပွားရေးတည်ဆောက်ထားနိုင်သည်ကို သိပ်မတွေ့ရပေ။ဖွံ့ဖြိုးတိုးတက်ပါသည်ဆိုသော ဝပြည်နှင့်မိုင်းလားကဲ့သို့ နယ်မြေများသည်ပင်လျှင် အိမ်နီးချင်းတိုင်းပြည်များအပေါ်တွင်စီးပွားရေးအရ...

Read more

ကျောက်ဖြူမှာ တရုတ်ရေနံတင်သင်္ဘောတွေ ပုံမှန်ဝင်ထွက်သွားလာနေ

အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီတပ်ကြား နှစ်ဘက်စစ်ရေးတင်းမာပြီးအပြန်အလှန်ပစ်ခတ်မှုတွေရှိနေကြတဲ့ကျောက်ဖြူမြို့နယ်မှာ တရုတ်ရေနံတင်သင်္ဘောတွေ ပုံမှန်အတိုင်းဝင်ထွက်သွားလာနေကြတယ်လို့ မြင်တွေ့နေကြရသူတွေက ဆိုကြပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစတင်ပြီး အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်ကြားနှစ်ဘက်ပစ်ခတ်မှုတွေဖြစ်နေကြတာလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကရေနံစိမ်းတွေတင်ဆောင်လာကြတဲ့တရုတ်ရေနံတင်သင်္ဘောတွေကတော့ ဖေဖော်ဝါရီ လ ၂၆...

Read more
Page 5 of 5 1 4 5

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here