Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် စစ်ရေး သတင်း အာရက္ခဒေသ

အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်ကြား ငါးနေရာမှာ တိုက်ပွဲတွေပြင်းထန်နေ

Photo - AA

Photo - AA

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်ဖြူ၊ အောက်တိုဘာ ၁၁။

အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်ကြား နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာငါးနေရာမှာ အပြန်အလှန်ထိုးစစ်တွေ နေ့စဉ်ဖြစ်နေခဲ့ကြတာ ကြာမြင့်ခဲ့ပြီလို့ အောက်တိုဘာလ ၁၀ ရက်၊ မနေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

မကွေးတိုင်းမှာနတ်ရေကန်ဗျူဟာ၊ ပဲခူးတိုင်းမှာညောင်ကျိုးဗျူဟာကုန်း၊ ဧရာဝတီတိုင်းအစပ်လေးမျက်နှာမြို့နယ်မှာ စစ်ကော်မရှင်တပ်ထိုးစစ်တိုင်းကို တန်ပြန်ထိုးစစ်ဆင်နေတာမို့တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်နေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူထိုးစစ်တွေကို ပြီးခဲ့တဲ့မတ်လဆန်းကစတင်ပြီး ကြည်း၊ ရေ၊ လေပူးပေါင်းစစ်ဆင်ရေးတွေ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ပေမယ့် စစ်ကော်မရှင်တပ်ဟာ ထိခိုက်ကျဆုံးများကိုသာ ရင်ဆိုင်ခဲ့ရတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတချို့ကို စစ်ကော်မရှင်တပ် ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးဆက်လက်ပြုလုပ်ရန် ပြင်ဆင်နေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တချို့ကို စစ်ကော်မရှင်တပ်က လေကြောင်း၊ ရေးကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ကြည်း၊ ရေ၊ လေစစ်သည်လက်နက်ဖြည့်တင်းပြီးပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့ ကြိုးစားနေတယ်လို့ ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ စစ်တွေမြို့နယ်မှာ စစ်သည်အင်အားတသောင်းနီးပါးထိဖြည့်တင်းထားသလို ရေတပ်စစ်သင်္ဘောတွေလည်း အများဆုံးဖြည့်တင်းထားပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောစတဲ့သုံးမြို့နယ်ကို ရေလမ်းကြောင်းမှ ပိတ်ဆို့စောင့်ကြည့်နေတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းကဆိုကြပါတယ်။

အဲဒီအပြင် မာန်အောင်၊ ရမ်း​ဗြဲရေလက်ကြားမှာလည်း ရေတပ်စစ်သင်္ဘောတွေကို အများဆုံးတပ်ဖြန့်ချထားသလို ဂွ၊ သံတွဲအနီးပင်လယ်ပြင်တွေမှာလည်း ရေတပ်စစ်သင်္ဘောတွေကို ကမ်းတက်ထိုးစစ်ဆင်ဖို့ အင်အားအများဆုံးတပ်ဖြန့်ချထားတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီပုဏ္ဏားကျွန်း၊ သံတွဲ၊ ဂွစတဲ့မြို့နယ်တွေအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို လေကြောင်းကင်းထောက်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတာဟာ ထိုးစစ်ဆင်ဖို့ပြန်သိမ်းဖို့ ကြိုးစားနေတာဖြစ်ပြီး စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်ပြန်လည်သိမ်းယူလာနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ လေကြောင်းကင်းထောက်တာတွေ ပိုမိုပြုလုပ်လာနေသလို ဒရုန်းတွေအပါအဝင် နည်းပညာသာလွန်မှုတွေကိုလည်း ပိုမိုအသုံးချတိုက်ခိုက်နေပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်မှုတွေကို ပိုမိုပြုလုပ်နေတာမို့ ထိုးစစ်တွေပြင်းထန်လာနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေအပါအဝင် နည်းပညာသာလွန်မှုတွေ၊ ကြည်း၊ ရေ၊ လေပူးပေါင်းစစ်ဆင်မှုတွေကိုအသုံးချပြီး ကျောက်ဖြူမြို့သိမ်းတိုက်ပွဲတွေကို အချိန်ယူထိန်းထားနိုင်တာမို့ သံတွဲမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်သလို တိုက်ခိုက်နေတယ်လို့လည်း စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို လေကြောင်းကင်းထောက်ပြီး ပင်လယ်ရေလမ်းကြောင်းတွေက ပိတ်ဆို့ထိန်းချုပ်ထားတာမို့ လက်ကျန်သုံးမြို့သိမ်းထိုးစစ်တွေကို ဟန့်တားထားနိုင်သေးတယ်လို့လည်း ထောက်ပြကြပါတယ်။

နောက်ပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို ကြည်း၊ ရေ၊ လေပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်မယ့် ပုံမျိုးစစ်ရေးခြိမ်းခြောက်ထားတာမို့ အာရက္ခတပ်တော်ရဲ့မြို့သိမ်းတိုက်ပွဲတွေ အချိန်ပိုကြားသွားနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ တချို့မြို့တွေကို ပြန်ပြီးသိမ်းဖို့ကြိုးစားနေတာမို့ ပြည်သူတွေစစ်ရေးသတိရှိကြဖို့ အာရက္ခတပ်တော်မှ အောက်တိုဘာလ ၁၀ ရက်၊ မနေ့က အသိပေးလိုက်ပါတယ်။

PrevPreviousမြန်မာ – ကိုရီးယားချစ်ကြည်ရေး ဒလ တံတားဖွင့်
Nextစစ်ကော်မရှင်ရေတပ်ဘေးရန်ကြား ရေလုပ်သားတွေ ဝမ်းစာရှာနေရNext
Previous Post

မြန်မာ – ကိုရီးယားချစ်ကြည်ရေး ဒလ တံတားဖွင့်

Next Post

စစ်ကော်မရှင်ရေတပ်ဘေးရန်ကြား ရေလုပ်သားတွေ ဝမ်းစာရှာနေရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်

December 12, 2025

ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ WHO ပြော

December 12, 2025

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆို

December 12, 2025
ဓာတ်ပုံ-မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့

မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲ

December 12, 2025

ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်

ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ WHO ပြော

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆို

မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲ

စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး PDF Zoland ဆီအလင်းဝင်

ကျောက်ဖြူကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်

December 12, 2025

ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ WHO ပြော

December 12, 2025

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆို

December 12, 2025
ဓာတ်ပုံ-မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့

မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲ

December 12, 2025
ဓာတ်ပုံ - PDF Zoland

စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး PDF Zoland ဆီအလင်းဝင်

December 12, 2025

ကျောက်ဖြူကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး

December 12, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page