မောင်တောခရိုင်

​မောင်တောမြောက်ပိုင်းမှာ အာရက္ခအစိုးရက လမ်းတံတားတွေပြန်လည်ပြုပြင်နေ

Border News Agency  မောင်တော၊​ ဖေဖော်ဝါရီ ၁၈။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ပျက်စီးနေတဲ့အဝေးပြေးလမ်းမကြီးတွေနဲ့ တံတားတချို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက ပြန်လည်ပြုပြင်မွမ်းမံနေပါတယ်။ အဲဒီမောင်တော - ကြိမ်ချောင်း ကားလမ်းပေါ်က ဖားဝပ်ချောင်းရွာနဲ့ အောင်မင်္ဂလာရွာကြားက လမ်းပိုင်းတွေကို ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ကတ္တရာလောင်းအဆင့်မြှင့်တင်နေတာပါ။ အဲဒီလမ်းမကြီးပြုပြင်မှုဟာ ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ အဓိကလမ်းမကြီးဖြစ်တာကြောင့် ဒေသခံတွေ သွားလာရေးအဆင်ပြေအောင် အချိန်မီပြီးစီးရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ​အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ဘော်တူလာရွာအထိ ဆက်သွယ်ထားတဲ့ ၄၁ မိုင်ရှည် လမ်းမကြီးပေါ်က ပျက်စီးနေတဲ့ တံတားငယ် ၁၀ ခုထက်မနည်းကိုလည်း ပြုပြင်နေပါတယ်။ ​အထူးသဖြင့် အောင်ချမ်းသာရွာအနီးက ဟောင်းနွမ်းနေတဲ့သစ်သားတံတားကို အခိုင်အမာဖြစ်စေဖို့ သံပြားတွေအစားထိုးပြီး အဆင့်မြှင့်တင်တည်ဆောက်နေပါတယ်။ ​အာရက္ခအစိုးရအနေနဲ့ မောင်တောမြောက်ပိုင်းတင်မကဘဲ ဘူးသီးတောင် - မောင်တော ကားလမ်းမကြီးကိုလည်း ဆက်လက်မွမ်းမံဖို့ပြင်ဆင်နေပြီး ဒေသတွင်းမြို့ရွာတွေစနစ်တကျ ပြန်လည်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Read more

ကျူးကျော်ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား ၇၃ ဦးကို AA က ပြန်လည်လွှဲအပ်

Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၇။ အာရက္ခရေပိုင်နက်ထဲ တရားမဝင်ကျူးကျော်ဝင်ရောက် ငါးဖမ်းလို့ ဖမ်းဆီးအရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ် ရေလုပ်သား ၇၃ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ အာရက္ခတပ်တော် (AA) က ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီရေလုပ်သားတွေကို AA ဘက်က အထောက်အထားစုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ပြီးနောက် ဒီကနေ့ ညနေ ၄ နာရီခွဲခန့်မှာ ဘင်္ဂလားဒေ့ချ်တာဝန်ရှိသူတွေဆီစနစ်တကျ ပြန်အပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီရေလုပ်သားတွေဟာ နောက်နောင်မှာ အာရက္ခရေပိုင်နက်ထဲ ကျူးကျော်ငါးဖမ်းတာမျိုး လုံးဝမလုပ်တော့ပါဘူးလို့ ခံဝန်ကတိလက်မှတ်ထိုးခဲ့ကြသလို ကုရ်အာန်ကျမ်းစာကိုကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ရေပိုင်နက်အတွင်း တရားမဝင်ခိုးဝင်တာတွေကို အချိန်ပြည့်စောင့်ကြည့်နေပြီး ဖမ်းမိသူတွေကိုလည်း အာရက္ခဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနေတယ်လို့ သိရပါတယ်။

Read more

​မောင်တောမှာ APRG မီးသတ်ဌာနက မီးဘေးကာကွယ်ရေး လက်တွေ့ကွင်းဆင်းသင်တန်းပေး

​Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၆။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်ထဲမှာ ဒေသခံတွေ မီးဘေးအန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ (APRG) မီးသတ်ဌာနက မီးသတ်အရံသင်တန်းတွေပေးနေပါတယ်။ ​မီးသတ်ဌာနတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြို့ပေါ်နေရာအချို့မှာ မီးငြှိမ်းသတ်နည်းတွေကို လက်တွေ့ကွင်းဆင်း သရုပ်ပြသခဲ့တာဖြစ်ပါတယ်။ ​မီးသတ်ဌာနအနေနဲ့ လက်တွေ့ပြသပေးတာတင်မကဘဲ မီးဘေးနဲ့ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုလည်း ဒေသခံတွေကိုအသိပညာပေးခဲ့တာ ဖြစ်ပါတယ်။ ​အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်အားလုံးမှာ အာရက္ခမီးသတ်ဌာနက မီးဘေးသတိပေးဆိုင်းဘုတ်တွေ စိုက်ထူတာ၊ အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်တာတွေအပြင် တအိမ်ဝင်တအိမ်ထွက် လိုက်လံစစ်ဆေးတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Read more

​ပြည်သူတွေစားဝတ်နေရေးကျပ်တည်းလို့ နိုင်ငံတကာအကူအညီ ပိုလိုအပ်နေပြီလို့ UN OCHA ပြော

Border News Agency မောင်တော၊​ ဖေဖော်ဝါရီ ၁၁။ ​မြန်မာနိုင်ငံအတွင်းက အဆိုးရွားဆုံး ခံစားနေရတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN OCHA Myanmar) က သတိပေးလိုက်ပါတယ်။ ဒီလိုအကူအညီတွေသာ မရရှိဘူးဆိုရင် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေက ရှည်ကြာနေဦးမယ်လို့ ​UN OCHA ရဲ့ ၂၀၂၆ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးစီမံချက် (HNRP) မှာအခုလို ဖော်ပြထားတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး (Livelihoods) ကို ပြန်လည်ထူထောင်နိုင်ဖို့ နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီဖို့ လိုအပ်နေတာပါ။ ​အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲတွေကြောင့် တိုက်ပွဲတွေပိုပြင်းထန်လာနိုင်ပြီး ပြည်သူတွေနေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ပိုတိုးလာနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်တွေကြောင့် အကူအညီပေးရေး လမ်းကြောင်းတွေလည်း ပိုပြီးအပိတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုအကူအညီပေးရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရနိုင်တာကြောင့် မြေပြင်မှာတကယ်အလုပ်လုပ်နေတဲ့ "ဒေသခံကယ် ဆယ်ရေးအဖွဲ့" တွေကိုပဲ အဓိကအားကိုးပြီး အကူအညီပေးသွားရမှာဖြစ်တဲ့အတွက် သူတို့နဲ့အတူ စွန့်စားရမှုတွေကို မျှဝေခံယူသွားရမယ့် အခြေအနေရှိတယ်လို့ UN OCHA က အသိပေးထားပါတယ်။

Read more

​မောင်တောအောင်ဗလဟိန္ဒူရွာမှာ နေအိမ်တွေပြန်လည်တည်ဆောက်ဖို့အကူအညီတွေလိုအပ်နေ

မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်းရွှေဇားကျေးရွာအုပ်စုအတွင်းက အောင်ဗလဟိန္ဒူရွာမှာ နေအိမ်ငါးလုံး မီးရှို့ခံခဲ့ရပြီး ဟိန္ဒူအမျိုးသားငါးဦးကို စစ်ကော်မရှင်တပ်နဲ့ သူတို့စစ်သင်တန်းပေးထားတဲ့ မူဆလင်လက်နက်ကိုင်တွေသတ်ဖြတ်ခဲ့ရတယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီ နေအိမ်မီးရှို့ခံခဲ့ရတဲ့ မိသားစုတွေဟာလက်ရှိမှာ သူတပါးအိမ်မှာကပ်ခိုနေထိုင်နေရသလို စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာမို့ နေအိမ်ပြန်ဆောက်ဖို့အကူအညီတွေလိုအပ်နေတယ်လို့ဆိုကြပါတယ်။ "ကျွန်မတို့အိမ်မီးလောင်သွားတော့ဘာပစ္စည်းမှမယူနိုင်ခဲ့ပါဘူး။ဖုန်းတွေ၊ရွှေငွေတွေနဲ့အိမ်ထောင်စုစာရင်းပါမီးထဲပါသွားတယ်။ အိမ်မှာကလေးနှစ်ယောက်၊ ယောက္ခမနဲ့အမျိုးသားအပါအဝင်မိသားစုခုနှစ်ဦးရှိပါတယ်။ အခုသူများအိမ်မှာကပ်နေရတာအရမ်းဒုက္ခရောက်ပါတယ်။ဒီနေ့အထိ အိမ်ကိုပြန်မပြုပြင်နိုင်သေးလို့အကူအညီတွေ လိုအပ်နေပါတယ်။" လို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ မမိုးမိုးက Border News Agency ကို ပြောပါတယ်။ ​မောင်တောတိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ARSA အဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေမှာ အဝတ်တထည်ကိုယ်ခုနဲ့ ထွက်ပြေးခဲ့ရတယ်လို့ဆိုကြပါတယ်။ ​"ကျွန်မတို့အိမ်ဘက်ကနေ အာဆာ (ARSA) အဖွဲ့ဝင်တရာလောက်ဝင်လာကြတယ်။ နေအိမ်တွေကိုမီးရှို့တော့ကျွန်မတို့ ဘာမှမယူနိုင်ဘဲထွက်ပြေးခဲ့ရတယ်။ထမင်းတောင်မစားခဲ့ရပါဘူး။မိသားစုဝင်တွေ အကုန်လုံး အသက်လုပြီး ပြေးခဲ့ရတာပါ" လို့ မမိုးမိုးက ဆက်ပြောပါတယ်။ အဲဒီလိုနေအိမ်တွေ ဆုံးရှုံးသွားတဲ့အတွက် ဒေသခံတွေဟာ အရင်ကလို ကြက်၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ ဝင်ငွေပြတ်တောက်နေတယ်လို့ဆိုကြပါတယ်။ အဲဒီအပြင် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်ဝယ်ယူဖို့တောင် အခက်အခဲဖြစ်နေပြီး ဘယ်အဖွဲ့အစည်းဆီကမှအကူအညီ မရသေးဘူးလို့ ဆိုကြပါတယ်။ ​အဲဒီအပြင် ARSA အကြမ်းဖက်အဖွဲ့နဲ့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ မီးရှို့မှုကို ခံခဲ့ရတဲ့ အောင်ဗလ (ရခိုင်) ကျေးရွာက နေအိမ်တရာ့ငါးဆယ်ကျော်မှ ဒေသခံတွေဟာ အမိုးအကာမလုံခြုံတဲ့ကြားက ဖြစ်သလို ပြန်လည်ပြုပြင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Read more

‎မောင်တောမှာ မြေမြုပ်မိုင်းထုမိရာ ပေါက်ကွဲလို့ ကလေးတဦးဒဏ်ရာရ 

Border News Agency  မောင်တော၊ ဖေဖော်ဝါရီ ၉။ ‎ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ‎မောင်တောမြို့နယ်၊ အေတီလီယာရွာမှာ မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အေတီလီယာရွာမှ ဂေါ်တီမူလာရဲ့ သားအသက် ခုနှစ်နှစ်အရွယ်နိုဟာဆမ်မှာ ဘယ်ဘက်မျက်လုံးကန်းသွားပြီး ဘယ်ဘက်ဒူးဒဏ်ရာ၊ ညာဘက်လက်ချောင်း နှစ်ချောင်းလည်းပြတ်ထွက်သွားခဲ့ပါတယ်။  သူဟာ ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က သူငယ်ချင်းတွေနဲ့ဘောလုံးကစားနေချိန် မြေမြှုပ်မိုင်းကိုထုကြည့်ပြီး ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Read more

​မောင်တောမှာ နီပါးဗိုင်းရပ်စ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်တွေဖြန့်ဝေ

​မောင်တောခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကိုပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့သက်ဆိုင်ရာဌာနတွေက အသိပညာပေးလက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေပေးနေပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ DLEPS တပ်ဖွဲ့ဝင်တွေ၊ HDCO ဝန်ထမ်းတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တာဝန်ရှိသူတွေ ပူးပေါင်းပြီး နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပေးတိုက်တွန်း ဖြန့်ဝေပေးနေတာပါ။ အဲဒီရောဂါဟာ ကူးစက်ပြန့်ပွားလာရင် အသက်အန္တရာယ် ရှိနိုင်တဲ့အတွက် အထူးသတိပြုကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေက တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ​အဲဒီနီပါးဗိုင်းရပ်စ်ရောဂါကို ကုသဆေး မရှိသေးတဲ့အတွက် သေဆုံးနိုင်ခြေ မြင့်မားလို့ ကြိုတင်ကာကွယ်ခြင်းဟာအကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။ အဲ​ဒါကြောင့် ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် လက္ခဏာတွေ ခံစားရပါက အနီးဆုံးကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့နဲ့ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Read more

စစ်မီး‌လျှံတွေကြားက အိမ်ထောင်ဦးစီးအမျိုးသမီးတွေ

ကံ့ကော်နီရေးပါတယ်။ စစ်‌အာဏာသိမ်းငါးနှစ်တာမှာ ငွေကြေးဖောင်းကြွမှုတွေပိုမို့ဆိုးလာတာနဲ့အမျှ  ကုန်ဈေးနှုန်းတွေက အာရက္ခဒေသမှာ ပိုမိုးဆိုးရွာနေပါတယ်။ စစ်ကော်မရှင်ဟာ ကုန်လမ်း၊ရေလမ်းတွေအပါအဝင် ကုန်စည်စီးဆင်းမှုတွေကိုလည်း တားဆီးပိတ်ခဲ့တော့ အာရက္ခ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေဖြစ်ခဲ့ကြရပါတယ်။ အဲဒီလိုကုန်စျေးနှုန်းတွေတရိတ်ရိတ် တက်နေချိန်မှာ မိသားစုသုံးဦးရှိတဲ့အိမ်ထောင်စုတစုအတွက် တရက်ကုန်ကျစားရိတ်ဟာကျပ်ငါးသောင်းထိရှိ‌နေပါတယ်။ အဲဒီကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေမရှိတဲ့မိသားစုတွေမှာ ကလေးတွေရဲ့ ကျောင်းစာရိတ်၊ စားသောက်စာရိတ်၊ စျေးစာရိတ်တွေကို လကုန်ခါနီးလာတို င်းစိတ်ပူနေရတယ်လို့ ဒေါ်လှမေသိန်းက ညည်းတွားပါတယ်။ စစ်ကော်မရှင်ကင်းစင်တဲ့ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေမှာနေပေမယ့်ပိုက်ဆံအဓိကရှာနေတဲ့အိမ်ထောင် ဦးစီးအမျိုးသားစစ်မှုထမ်းနေချိန်မှာ  စားဝတ်နေရေးအတွက် စိုးရိမ်းစိတ်ဖြစ်နေတယ်လို့ဒေါ်လှမေသိန်းက ပြောပါတယ်။ ဒေါ်လှမေသိန်းရဲ့ အမျိုးသားက အသ က်ငါးဆယ်ကျော်ပြီမို့ ပြည်သူ့စစ်သင် တန်းမတက်ခဲ့ရပေမယ့်တပ်သားသစ် စုဆောင်းရေးမှာ  ထမင်းချက်တာဝန်နဲ့လအတော်ကြာနေခဲ့ရပါတယ်။ အဲဒီအိမ်ထောင်ဦးစီမရှိတဲ့နောက်  ပ ညာရေးစာရိတ်နဲ့စားဝတ်နေရေးအတွ က်မိသားစုတာဝန်တွေကို ဒေါ်လှမေသိ န်းပခုံးထမ်းတာဝန်ယူရချိန်နေ့ရက်တိုင်းဟာ စိုးရိမ်စိတ်မကင်းခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလို့ခင်ပွန်းမရှိချိန်တွေမှာ မိသားစု ထမင်းဝိုင်းဟာ အရင်လို့မစို့ပြေတော့ပါ။ ဒါပေမယ့်"ကျွန်မကအရာရာကို တောင့်ခံနေပါတယ်။ဘာလို့ တောင့်ခံ‌လဲဆိုရင်  ကျွန်မရဲ့သားသမီးလေးယောက်စလုံးကိုပညာမတတ်ဘဲစိတ်ဆင်းရဲကိုယ်ဆ င်းရဲနဲ့စိတ်ဒဏ်ရာရသွားမှာကို အရမ်းကြောက်ပါတယ်။မိခင်ဖြစ်တဲ့ ကျွန်မက ပြိုကွဲပြနေရင် သားသမီးတွေ ပိုစိတ်ထိခိုက်သွားရမယ်။"လို့ ဒေါ်လှမေသိန်းက Border News Agency ကို ပြောပါတယ်။ အာရက္ခတပ်တော်ဟာအာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေအများစုကို သိမ်းယူနိုင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ  အမျိုးသားကာကွယ်‌ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊မေလကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တအိမ်ထောင်ကိုလူတဦးနှုန်းနဲ့အမျိုးသမီးတွေမှာ  အသက်ဆယ်ရှစ်နှစ်မှနှစ်ဆယ့်ငါးနှစ်၊  အမျိုးသားတွေမှာအသက်ဆယ်ရှစ်နှစ်မှလေးဆယ်ငါးနှစ်ဆိုပြီးသတ်မှတ်ချ က်‌တွေနဲ့ခေါ်ခဲ့ပါတယ်။ အဲဒီပြည်သူ့စစ်သင်တန်းကြာမြင့်ချိန်မှာလေးဆယ်ငါးရက်ဖြစ်ပြီးသင်တန်းပြီးဆုံးပါကာနှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး အာရက္ခတပ်တော်က ပြီးခဲ့ နှစ် ၂၀၂၅ ခုနှစ်၊မတ်လနှစ်ဆယ့်ငါးရက်‌နေ့ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ဆယ်ရှစ်နှစ်မှ လေးဆယ်ငါး နှစ်လို့ သတ်မှတ်ထား‌‌ပေမယ်တချို့ မြေပြင်နဲ့ ကျေးလက် တွေမှာ  အမျိုးသားတွေ စစ်မှုထမ်းရမယ် ဆိုရင် အသက် ငါးဆယ် ကျော်အရွယ်  တွေ တပ်ထဲပါသွားကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအပြင်ဝင်ငွေ အဓိကရှာတဲ့ မိသားစု ‌မှာ အမျိုးသားတွေ တပ်တော်ထဲ လိုက်ရတဲ့အခါကျန်ခဲ့တဲ့မိသားစုတွေ၊က လေးငယ်တွေရဲ့ရှင်သန်မှုတိုက်ပွဲက တော့အဆိုးဝါးဆုံးအခြေအနေမှာရှိနေခဲ့ပါတယ်။ "မိခင်တဦးဖြစ်တဲ့ ကျွန်မကိုယ်တိုင်ကလည်းပဲ အာဟာရချိုတဲ့ပြီးကျန်းမာ ရေးမကောင်းတော့ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ရွာက တခြားအမျိုးသ မီးတွေလို့ ငါးရှာ၊ဟင်းရှာလည်း လိုက်မရှာနိုင်ပါဘူး။တဖက်မှာ နို့စိုးကလေးတွေလည်းရှိသေးတော့ ကလေးကို အ ပ်ထားခဲ့ဖို့ ဆွေးမျိုးသားချင်းညီအစ်ကို မောင်နှမ မရှိပါဘူး။"လို့ သူမက ပြောပါတယ်။ အဲဲဒီအခြေအနေတွေနဲ့"မိသားစုးစားဝ တ်နေရေးဖြေရှင်းနေရချိန်မှာ စစ်သင် တန်းတက်နေရတဲ့ အမျိုးသားက အ သုံးစားရိတ်လှမ်းမှာရင် ထည့်မပေးနိုင်ဘူး။''လို့ ဒေါ်လှမေသိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ မှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ရခိုင်ရှိအမျိုးသမီးသုံးဆ ယ့်နှစ်ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး ဒါမှမဟုတ်  သင်တန်းတခုခုတွင် ပါဝင်မှု မရှိတဲ့ အခြေအနေနဲ့  ဖယ်ကျဉ်ခံနေရတယ်လို့ ဆိုထားပါတယ်။ အဲဒီအမျိုးသမီးတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိကြပေမယ့်မိသား စုစားဝတ်နေရေးအတွက် နေ့စဥ်ရုန်းက န်နကြရပါတယ်။...

Read more

မောင်တောမှာ ကလေးတဦးနဲ့အမျိုးသားတဦး ရေနစ်သေဆုံး

Border News Agency  မောင်တော၊ ဖေဖော်ဝါရီ ၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ချောင်းဖြတ်ကူးတဲ့အချိန် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီကင်းချောင်းရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ကိုစံလှဖြူ နဲ့ အသက်ခြောက်နှစ်အရွယ် မောင်ခိုင်မြတ်လင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည် ၁ နာရီခန့်အချိန်မှာ ဇီးသီးခူးဖို့အတွက် ရွာအနောက်ဘက်မှာရှိတဲ့ ချောင်းကိုဖြတ်ကူးနေချိန် ရေနစ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီနောက် ရွာသားတွေကသူတို့နှစ်ဦးကို ရှာဖွေခဲ့ကြရာမှာ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည် ၃ နာရီခွဲခန့်အချိန်မှာ ကမ်းနဲ့မီတာ ၁၀၀ ဝေးတဲ့ဂေါ်ဒူသာရချောင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအပြင် သေဆုံးသူနှစ်ဦးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၄ ရက်၊ ဒီနေ့နေ့လည်ပိုင်းမှာ  င်္သဂြိုဟ်သွားမယ်လို့ မိသားစုတွေက ဆိုကြပါတယ်။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်ကကလေးငယ်တွေနဲ့  စိတ်ဝေဒနာခံစားနေရသူတွေကို မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက်ပိုပြီး ဂရုစိုက်ကြည့်ရှုကြဖို့လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Read more

​မောင်တောမှာ ၇၅ ကြိမ်မြောက် ဟိန္ဒူ “ရာမ” ပွဲတော် စည်ကားစွာကျင်းပ (ဓာတ်ပုံသတင်း)

Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၃။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့၊ ကျောက်ပန္ဒူကျေးရွာအနီးက ရာမ၊ လက္ခဏတောင်ခြေရင်းမှာ ၇၅ ကြိမ်မြောက် မဟာရာမယန ဟရီနာမ "ရာမ" အသံမစဲပဋ္ဌာန်းပွဲတော်ကို ဇန်နဝါရီ လ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲ​ဒီပွဲတော်ဟာ ရာမ၊ လက္ခဏနဲ့ မယ်သီတာတို့ကို ရိုးရာအစဉ်အလာအတိုင်း ဆုတောင်းပူဇော်တဲ့ပွဲ ဖြစ်ပါတယ်။ အဲဒီပွဲတော်ကို မောင်တောခရိုင် ဟိန္ဒူလူမျိုးစုရေးရာ ကြီးကြပ်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး အနီးအနားက ရခိုင်လူမျိုးတွေလည်း လာရောက်လည်ပတ်ခဲ့ကြပါတယ်။ အဲဒီအပြင်​ ULA/AA က တာဝန်ရှိသူတွေဟာ ဒီဘာသာရေးပွဲတော်ကို တက်ရောက်ဂုဏ်ပြုခဲ့ကြသလို ပွဲတော်ဖြစ်မြောက်ရေးအတွက် အာရက္ခတပ်တော်က ငွေကျပ် သိန်း ၃၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ​လိုမျိုးဘာသာရေးပွဲတော်တွေကို စည်းစည်းကားကား ကျင်းပနိုင်တာဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ လူမျိုးစုအချင်းချင်း ချစ်ကြည်လေးစားမှုကို ပြသရာရောက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Read more
Page 3 of 22 1 2 3 4 22

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here