အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့ပေါ်က စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအကူအညီတွေ လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်တွေမရှိကြတာမို့ ပုံမှန်ဝင်ငွေမရှိကြသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလည်းမရကြဘူးလို့ ဆိုကြပါတယ်။ အဲဒါကြောင့် နေ့စဥ်ပုံမှန်စားဝတ်နေရေးအတွက် ထမင်းတောင်နပ်မှန်အောင်မစားရကြတော့ဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ “မနက်စားရင်ညစာမစားရ၊ညစာစားရင် မနက်မစားရ။အဲလိုနေကြရတယ်။” လို့ စစ်တွေမြို့မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border...
Read moreလင်းခိုင် ရေးတယ်။ အာရက္ခဒေသတခုလုံးကို သိမ်းပိုက်ထိန်းချုပ်သွားမယ်လို့ ကြွေးကြော်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စလုပ်နေပြီဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားတွေ အကောင်အထည်ဖော်နေတာဖြစ်ကာ တရားစီရင်ရေး၊အခွန်ကောက်ခံရေး၊စည်ပင်သာယာရေး၊လမ်းတံတားတည် ဆောက်ရေး၊ပညာရေး၊ကျန်းမာရေးစတဲ့ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ဆောင်နေတာတွေ့ရပါတယ်။ အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ဖယ်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရေးအတွက်တိုက်ခိုက်နေတယ်ဆိုတဲ့...
Read moreBorder News Agencyပုဏ္ဏားကျွန်း၊ ဧပြီ ၂၀။ နွေရောက်ပြီဆိုတာနဲ့ရေရှားပါးမှုက စလာပြီ။ သောက်ရေသုံးရေကအစ ရေအရင်းအမြစ်တွေ တဖြည်းဖြည်းနည်းလာပါတော့တယ်။ တနှစ်လည်းမဟုတ် နှစ်နှစ်လည်းမဟုတ်တဲ့ဒီရေရှားပါးမှုပြဿနာက အာရက္ခဒေသက ပြည်သူတွေအတွက် ခေါင်းခဲစရာပါ။ သောက်သုံးရေရှားပါးတာကြောင့် မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေကြ ရပါတယ်။ မသန့်တဲ့ရေတွေကို...
Read moreမြန်မာနှစ်ဆန်းတရက်၊ ဧပြီလ၁၇ ရက်၊ ဒီနေ့မှာနိုင်ငံတဝှမ်းလုံးရှိအကျဉ်းထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၄၈ ၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တာမို့ စစ်တွေထောင်ကလည်း အကျဥ်းသားတချို့လွတ်လာကြပါတယ်။ ဒါပေမယ့်နိုင်ငံရေးအကျဥ်းသားတွေမပါလာကြသလို စစ်တွေမြို့နယ်ကမတ ရားဖမ်းဆီးထောင်ချခံထားရသူတွေလ ည်းမပါလာဘူးလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။ "စစ်တွေကမတရားအဖမ်းခံထားရသူတွေမပါပါဘူး။ဗျိုင်းဖြူရွာကလူတွေလည်းမပါလာပါဘူး။စစ်တပ်ကသူတို့လွတ်ချင်သူတွေကိုလွတ်လိုက်တာပါ။'' လို့...
Read moreမြန်မာနှစ်ဆန်းတရက်၊ ဧပြီလ၁၇ ရက်၊ဒီနေ့မှာနိုင်ငံတဝှမ်းလုံးရှိအကျဉ်းထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၄၈ ၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တာမို့စစ်တွေထောင်ကလည်း အကျဥ်းသားတချို့လွတ်လာကြပါတယ်။ ဒါပေမယ့်နိုင်ငံရေးအကျဥ်းသားတွေမပါလာကြသလို စစ်တွေမြို့နယ်ကမတ ရားဖမ်းဆီးထောင်ချခံထားရသူတွေလည်းမပါလာဘူးလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။ "စစ်တွေကမတရားအဖမ်းခံထားရသူတွေမပါပါဘူး။ဗျိုင်းဖြူရွာကလူတွေလည်းမပါလာပါဘူး။ စစ်တပ်ကသူတို့လွတ်ချင်သူတွေကိုလွတ်လိုက်တာပါ။'' လို့ စစ်တွေမြို့၊ဗျိုင်းဖြူရွာမှလင်ယောကျ်ားဖမ်းဆီးထောင်ချခံထားရသူအ မျိုးသမီးတဦးက...
Read moreအာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့ပေါ်မှာ အရပ်သားပြည်သူတချို့ဟာ ဧပြီလ ၁၄ ရက်နေ့မှဒီနေ့ထိသင်္ကြန်ပွဲတော်ကို ဆင်နွဲ့ခဲ့ကြပါတယ်။ အာရက္ခတပ်တော်(AA)နဲ့စစ်ကောင်စီတပ်ကြား နှစ်ဘက်စစ်ရေးတင်းမာနေကြပေမယ့် အာရက္ခတပ်တော်က ဧပြီ လ ၃၀ ရက်နေ့ထိ ယာယီအပစ်ရပ်ထားပါတယ်။ အဲဒါကြောင့် စစ်တွေမြို့မှာ အာရက္ခတပ်တော်ကပစ်ခတ်မှုတွေမရှိတာမို့ မြို့ပေါ်မှာ ပိတ်မိကျန်နေကြသေးသူတွေ၊ နေရပ်ပြန်လာကြသူတွေဟာ...
Read moreမြန်မာနှစ်ဆန်းတရက်၊ ဧပြီလ၁၇ ရက်၊ ဒီနေ့မှာ နိုင်ငံတဝှမ်းလုံးရှိအကျဉ်း ထောင်တွေက အကျဉ်းသူ၊အကျဉ်း သား ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီထုတ်ပြန်ပါတယ်။ အဲဒီအပြင်နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူတဆယ့်သုံးဦးကို လွတ်ငြိ မ်းသက်သာခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီသူတွေကို နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်ဖို့ ခုလိုလွှတ်ပေးတာဖြစ်ပြီး...
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်တွေအပါအဝင် အာရက္ခပြည်သူတွေ ရေရှားပါးမှုကြုံနေကြရပြီ သောက်ရေတွေကအစအခက်အခဲရှိနေတာမို့ အရေပြားရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်သူတွေလည်းရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ စစ်ကောင်စီထိန်းချုပ်ဆဲ စစ်တွေမြို့နယ်အပါအဝင် ဒေသစုံမှစစ်ဘေးရှောင်တွေခိုလှုံနေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်တော်မြို့နယ်၊ရသေ့တောင်မြို့နယ်နဲ့မောင်တောမြို့နယ်မှာ ရေရှားပါးမှုနဲ့ ကြုံနေကြရတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ကတော့ ရေရှားမှုဒဏ်အဆိုးဆုံးခံရတဲ့ဒေသဖြစ်တယ်လို့ ဆိုကြပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ...
Read moreအာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့နယ်မြေတွေရှိ စစ်ဘေးရှောင်စခန်းတွေမှ စစ်ဘေးရှောင်အမျိုးသမီးတွေဟာ လူကုန်ကူးသမားတွေအတွက် ပစ်မှတ်ထားခံနေကြရတဲ့သားကောင်တွေဖြစ်နေကြတယ်လို့ လူကုန်ကူးတားဆီးရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်(AA) နဲ့စစ်ကောင်စီတပ်ကြားနှစ်ဘက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲစစ်တွေနဲ့ကျောက်ဖြူမှစစ်ဘေးရှောင်အမျိုးသမီးတဆယ်ကျော်ဟာ တရုတ်မယားအဖြစ်လူကုန်ကူးခံခဲ့ကြရပါတယ်။ အဲဒီအထဲမှာ စစ်တွေမြို့နယ်မှဆယ်ဦး၊ကျောက်ဖြူမြို့နယ်သုံးဦး၊ကျောက်တော်မြို့နယ်၊အပေါက်ဝကျေးရွာကတဦးပါဝင်ပြီး အသက်တဆယ့်ငါးနှစ်အရွယ်မှသုံးဆယ့်ရှစ်နှစ်အရွယ်ထိပါဝင်ပါတယ်။ အဲဒီအမျိုးသမီးတွေကို စစ်တွေမြို့၊ နာဇီရွာစျေးမှာစျေးရောင်နေသူအသက်သုံးဆယ်အရွယ်ကိုအောင်အောင်က စည်းရုံးခေါ်ယူပြီး စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှနေအိမ်တအိမ်မှစုထားကာ...
Read moreပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို မတ်လ ၂၅ ရက်၊ ညနေ ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးပြီးဆယ့်သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့၊ လိပ်ကုန်းပြင်ရပ်ကွက်က အသက်ဆယ့်ကိုးနှစ်အရွယ် ကိုမောင်သက်နိုင်၊ အသက်လေးဆယ်ငါးနှစ်အရွယ်ဒေါ်မရီ၊ အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးသန်းမောင်၊အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ရဲလင်းစိုး သေဆုံးသွားခဲ့ပါတယ်။ သူတို့ဟာ ပုဏ္ဏားကျွန်းမြို့မှ...
Read moreHey! Don't Copy my content.