Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး စစ်တွေခရိုင် စစ်ဘေးရှောင် ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခပြည်သူတွေကျန်းမာရေးစောင့်ရှောက်မူလိုအပ်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
20
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၂၇။

အာရက္ခဒေသမှာ ရာသီအကူးအပြောင်းကာလဖျားနာမှုတွေနဲ့ ရာသီတုပ်ကွေးဖြစ်ပွားသူတွေများလာနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မူလိုအပ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦးစတဲ့မြို့နယ်တွေမှာ ရာသီအကူးအပြောင်းတွေကြောင့် စက်တင်ဘာလဒုတိယအပတ်​မှစပြီး ကျေးရွာတိုင်းလိုလိုမှာ ဖျားနာပြီးရာသီတုပ်ကွေးဖြစ်ပွားသူတွေများလာနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

“ရာသီကူးပြောင်းရင်ဖျားတာတွေကဖြစ်လေ့ဖြစ်ထရှိပေမယ့် ခုကတုပ်ကွေးလည်းဖြစ်နေကြတယ်။ ရွာတိုင်းမှာဖြစ်နေကြတယ်။ဖျားပြီးတုပ်ကွေးဖြစ်သူများနေတာ။ ဆေးခန်းတွေလည်းဖွင့်တာနည်းတော့ ကျန်းမာရေးစောင့်ရှောက်မူတွေလိုအပ်နေပါတယ်။” လို့ပုဏ္ဏားကျွန်းမြို့နယ်ရှိ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။

ဖျားနာပြီးရာသီတုပ်ကွေးဖြစ်ပွားသူတွေဟာ အသက်အရွယ်မရွေးကလေးငယ်တွေအပါအဝင်သက်ကြီးရွယ်အိုတွေအထိပါဖြစ်ပွားနေကြတာလို့လည်း ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ ကျေးရွာတွေက ဒေသခံတွေမှာ ရာသီတုပ်ကွေးဖြစ်ပွားနေကြပေမယ့် ဆေးကုဖို့နဲ့လမ်းခရီးစရိတ်စတဲ့ ငွေကြေးအခက်အခဲတွေကြောင့် ရွာဆေးဆိုင်တွေကဆေးတကြိမ်စာကို ကျပ်ငါးထောင်ကျော်ပေးပြီး ဝယ်သောက်နေရပေမယ့် မသက်သာကြဘူးလို့လည်း ဒေသခံတွေကဆိုကြပါတယ်။

အဲဒါကြောင့် ဆေးခန်းတွေကိုသွားပြကြရပြီး တချို့ဆေးခန်းတွေမှာ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဝါးမရှိတာတွေကြောင့် အခက်အခဲနဲ့ကြုံနေရလို့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေကြတယ်လို့ဆိုကြပါတယ်။

“ရာသီတုပ်ကွေးကကူးစက်တယ်။တအိမ်မှာတယောက်ဖြစ်ရင်ကျန်တဲ့သူတွေပါဖြစ်သွားတယ်။စိုးရိမ်ရတဲ့ရောဂါတခုပေါ့။ ဆေးဝါးရှားပါးတာနဲ့ဆေးခန်းတွေမဖွင့်တာကြောင့် အသက်အန္တရာယ်ဆုံးရှုံးတာတွေပါကြုံနိုင်တယ်။” လို့ပုဏ္ဏားကျွန်းမြို့နယ်ရှိ အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခပြည်သူတွေမှာ ဆေးရုံး၊ဆေးခန်းတွေသွားပြကြရတဲ့အခါမှာလည်း ဆေးကုသစာရိတ်အပြင် လမ်းခရီးစရိတ်တွေပါ ကုန်ကျမှုများပြားလို့ အခက်အခဲတွေနဲ့ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။

ရာသီတုပ်ကွေးဟာ အိပ်ရေးပျက်တာ၊ အချိန်လွန်မှရေချိုးတာ၊ ပင်ပန်းညောင်းညာတာတွေကြောင့်လည်းဖြစ်ပွားတတ်ပြီး လူထူထပ်တဲ့နေရာတွေမှာချောင်းဆိုး၊ နှာချေတာကလည်းတဆင့် အသက်အရွယ်မရွေး အလွယ်တကူကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး အချိန်မီဆေးဝါးမကုသမှုမခံယူရင် အသက်အန္တရာယ်ပါဆုံရှုံးနိုင်တယ်လို့ ဆိုကြပါတယ်။

အာရက္ခဒေသမှာ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ စစ်ကော်မရှင်တပ်ဟာ ကုန်လမ်း၊ရေလမ်းတွေကို ကန့်သတ်ပိတ်ဆို့ထားတာကြောင့် ဆေးဝါးသယ်ယူဖို့ အခက်အခဲတွေရှိနေတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် ပြည်သူတွေဟာ ဆေးဝါးရှားပါးမှုတွေနဲ့ကြုံနေရပြီး စစ်ကော်မရှင်ကဆေးရုံ၊ဆေးခန်းတွေကို လေကြောင်းတိုက်ခိုက်တာတွေကြောင့်လည်း ဆေးရုံတွေကိုပုံမှန်မဖွင့်လှစ်နိုင်ဘဲ ပိတ်ထားရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။

အာရက္ခဒေသမှာ နွေအကုန်မိုးအကူးရာသီအပြောင်းလဲကြောင့် ပြီးခဲ့တဲ့မေလအစပိုင်းကလည်း ပုဏ္ဏားကျွန်၊ကျောက်တော်နဲ့ မြောက်ဦးစတဲ့မြို့နယ်တွေက ဒေသခံတွေမှာ ငှက်ဖျားနဲ့ ရာသီတုပ်ကွေဖြစ်ပွားသူတွေ မြင့်တက်ခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာမှာလည်း ပြီးခဲ့တဲ့မေလတတိယအပတ်က ရာသီအကူးအပြောင်းအလဲကြောင့် ငှက်ဖျားဖြစ်ပွားပြီးဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်တဦး သေဆုံးသွားခဲ့ပါတယ်။

PrevPreviousရာမညမွန်တပ်တော်ရဲ့အနီးကပ် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ
Nextသီပေါမှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ နေအိမ်နဲ့စာသင်ကျောင်းတွေပျက်စီးNext
Previous Post

ရာမညမွန်တပ်တော်ရဲ့အနီးကပ် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ

Next Post

သီပေါမှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ နေအိမ်နဲ့စာသင်ကျောင်းတွေပျက်စီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

မလေးရှားမှာ မြန်မာ ၁၀ ဦး ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ ၃၆ ဦး နေရပ်ပြန်ပို့

June 15, 2026

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၉

June 15, 2026

မီဇိုရမ်မှာ ဖောက်ခွဲရေးပစ္စည်းနဲ့အတူ လူတဦး ဖမ်းဆီးရမိ

June 15, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကို ခရီးစတင်သွားရောက်

June 15, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page