Border News Agency
မလေးရှား၊ဇွန် ၁၅။
မလေးရှားနိုင်ငံ၊ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက လန်ကာဝီကျွန်းမှာ လုပ်ငန်းခွင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
သူတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူထားပြီး အလုပ်ရှင်တွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။
ဒါ့အပြင် ဂျိုဟိုးပြည်နယ်လူဝင်မှုကြီးကြပ်ရေးစခန်းက ပြစ်ဒဏ်စေ့ လွတ်မြောက်လာတဲ့ မြန်မာ ၃၆ ဦးအပါအဝင် နိုင်ငံခြားသား ၁၃၂ ဦးကိုလည်း ဇွန်လ ဒုတိယပတ်အတွင်း နေရပ်ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။
အဲဒီပြန်ပို့ခံရသူအားလုံးကို မလေးရှားဘက်က အမည်ပျက်စာရင်း (Blacklist) သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။















