Border News Agency
ရန်ကုန်၊သြဂုတ် ၈။
ရန်ကုန်လူထုသပိတ်နဲ့ တော်လှန်ရေးအင်အားစုတွေဟာ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုအတွက် “အကြောက်တ ရားမှလွတ်မြောက်ရာဆီသို့”၊“မပြီးဆုံးသေးတဲ့ရှစ်လေးလုံးလူထုလွတ်မြော က်ရေး ဒို့အတူရုန်း”၊“ပေးဆပ်သွားတဲ့ မျိုးဆက်အတွက်ဒို့မျိုးဆက်က သွေးကြွေးဆပ်” လို့ ကြွေးကြော်ခဲ့ကြပါတယ်။
စစ်အာဏာရှင်တွေကို ပြည်သူလူထုအားနဲ့တော်လှန်ခဲ့ကြတဲ့ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဟာ ဒီနေ့မှာသုံးဆယ့်ရှစ်နှစ်ပြည့်ပါပြီ။




























