Border News Agency
ပုဏ္ဏားကျွန်း၊ သြဂုတ် ၆။
ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတဦးကို မုဒိမ်းကျင့်လူသတ်မှုကျူးလွန်ခဲ့ကြပြီး အဲဒီတရားခံသုံးဦးကို သြဂုတ်လ၅ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှသေဒဏ်နဲ့ထောင်ဒဏ် နှစ်နှစ်ဆယ်အမြင့်ဆုံးပြစ်ဒဏ်တွေချလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာ အနောက်ဖက်တောင်ခြေရင်းအောက်၊ မြောင်မှာ ဇူလိုင်လ ၂၂ ရက်နေ့က မဒိမ်းကျင့်သတ်ဖြတ်ခံရတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာမှဦးသာထွန်းစံသား၊ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် မောင်တင်ဝင်းဟာမုဒိမ်းကျင့်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကယ်ဆယ်ရေးစခန်းနေဦးကျော်ဆန်းသား၊ အသက်နှစ်ဆယ်ကိုးနှစ်အရွယ် မောင်အေးကျော်(ခ)မောင်ပု၊ ဦးညီညီသား၊အသက်နှစ်ဆယ်တနှစ်အရွယ် မောင်သန်းစိုး(ခ)င/လုံး(၂၁နှစ်)လည်းအမှုမှာပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်မောင်တင်ဝင်းကို ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ဂ)အရ မသေမချင်းလိုင်ပင်ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချလိုက်သလိုအေးကျော်(ခ)မောင်ပုနဲ့မောင်သန်းစိုး(ခ)င/လုံးမာ ရာဇသတ်ကြီးပုဒ်မပုဒ်မ-၃၆၄ အရ ထောင်ဒဏ်နှစ်နှစ်ဆယ်စီချလိုက်ပါတယ်။






