Border News Agency
ထိုင်း၊ အောက်တိုဘာ ၉။
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲန်မြို့နယ်၊ အုန်းနွဲ့ကျေးရွာရှိ မြန်မာလုပ်သားတွေအလုပ်လုပ်ကိုင်နေတဲ့”စယမ်ဒေလီ”မုန့်စက်ရုံဟာ အောက်တိုဘာလ ၉ရက်၊ဒီနေ့ မနက် ၄ နာရီအချိန်ခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေက တနာရီကျော်ကြာငြိမ်းသတ်ခဲ့ရပြီးနောက် မီးကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် စက်ရုံရဲ့ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်တခုလုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
မီးလောင်ကျွမ်းချိန်မှာ စက်ရုံရှိမြန်မာအလုပ်သမားတွေမှာ ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာတွေမရှိခဲ့ပါဘူး။
အဲဒီမုန့်စက်ရုံဟာ မြန်မာရွှေ့ပြောင်းလုပ်သား တထောင်နီးပါးအလုပ်လုပ်ကိုင်နေတဲ့စက်ရုံဖြစ်ပြီး လက်ရှိမှာမီးလောင်မှုဖြစ်စဉ်ကို ထိုင်းအာဏာပိုင်တွေကစုံစမ်းစစ်ဆေးနေပါတယ်။
















