Border News Agency
မောင်တော၊ အောက်တိုဘာ ၁၀။
မောင်တောမြို့ကို အဓိကသောက်သုံးရေပေးဝေနေတဲ့မြကန်သာကန်တော်ကြီး ရေကန်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊မြို့နယ်ပါတီကော်မတီနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအင်အားတရာကျော်က အောက်တိုဘာလ ၉ ရက်နေ့ကစု ပေါင်းသန့်ရှင်းရေးလုပ်ခဲ့ကြပါတယ်။
အဲဒီရေကန်ဘေးဝန်းကျင်မှာ ရေညှိတွေ၊ မြက်ခြောက်တွေနဲ့ သစ်ရွက်တွေပုပ်သိုးတာကြော
င့် ရေအရောင်ပြောင်းပြီး အနံ့ထွက်လာတာမို့သောက်သုံးရတာအဆင်မပြေဖြစ်နေတာပါ။
အဲဒါကြောင့် ပြည်သူတွေ သန့်ရှင်းတဲ့သောက်သုံးရေရစေဖို့ အာရက္ခအစိုးရမြို့နယ်ပါ
တီ၊အုပ်ချုပ်ရေး၊ မီးသတ်နဲ့ ကျန်းမာရေးအပါအဝင် ဌာနဆိုင်ရာတွ စုပေါင်းပြီး ရေကန်
ရှိ ရေညှိနဲ့ မှော်တွေကို သန့်ရှင်းရေးလုပ်ပေးခဲ့ကြပါတယ်။
အဲဒီအပြင်မောင်တောမြို့ကို ရေစီးရေလာ ကောင်းမွန်ဖို့နဲ့သောက်သုံးရေ ပုံမှန်ရရှိစေဖို့ရေပိုက်လိုင်းတွေနဲ့ ရေကန်တွေကို သန့်ရှင်းရေးပြုလုပ်တာတွေကို မြို့နယ်ဖွံ့ဖြိုးဝန်ဆောင်မှုဌာနကဆောင်ရွက်နေပါတယ်။













