Border News Agency
ကနေဒါ၊ အောက်တိုဘာ ၉။
ကနေဒါနိုင်ငံသူကဗျာဆရာမ၊ စာစီစာကုံးဆရာမနဲ့ ဘာသာပြန်ဆရာမ အန်းကာဆင် (Anne Carson) ဟာ ခုနှစ်အတွက် နိုဘယ်စာပေဆု (Nobel Prize in Literature) ကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
အသက်ခုနှစ်ဆယ်ခြောက်နှစ်အရွယ်ရှိ ကာဆင်ဟာ ရှေးဟောင်း ဂရိဂန္ထဝင်အစဉ်အလာတွေကို ခေတ်ပြိုင် စာပေပုံစံသစ်တွေနဲ့ ဆန်းသစ်တီထွင်ရေးဖွဲ့နိုင်မှုကြောင့် ခုဆုကိုချီးမြှင့်ခံရတာဖြစ်ပြီး ဆုကြေးငွေအဖြစ် ဆွီဒင်ခရိုနာဆယ့်နှစ်သန်းရရှိမှာဖြစ်ပါတယ်။
ဆုရရှိမှုနဲ့ ပတ်သက်လို့ အန်းကာဆင်က “ဒိုင်အဖွဲ့ဝင်တွေ ရူးနေကြပြီ ထင်တယ်။ ဒါပေမယ့်သိတယ်မလား။ ဒါဟာ ရူးသွပ်စရာကိစ္စတခုပါပဲ။”လို့ အိုက်စလန်နိုင်ငံ အများပြည်သူဆိုင်ရာ ရုပ်သံ RUV သို့ ပေါ့ပါးစွာ နောက်ပြောင်ပြောဆိုခဲ့တာပါ။
သူဟာ ၁၉၅၀ ပြည့်နှစ် တိုရွန်တိုမြို့မှာမွေးဖွားခဲ့ပြီး Autobiography of Red, Nox, Float နဲ့ The Beauty of the Husband အပါအဝင် ထင်ရှားတဲ့စာပေလက်ရာတွေကို ရေးသားခဲ့တဲ့အပြင် ရှေးဟောင်းဂရိပြဇာတ်တွေကိုလည်း ခေတ်ပြိုင်ပုံစံနဲ့ဘာသာပြန်ဆိုခဲ့သူဖြစ်ပါတယ်။
ကနေဒါဝန်ကြီးချုပ် မာခ်ကာနီ (Mark Carney) ကလည်း ကာဆင်ရဲ့ ဆုရရှိမှုဟာ ကနေဒါနိုင်ငံအတွက် ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ကြောင်းနဲ့ ရှေးဟောင်းဇာတ်လမ်းတွေကို စာဖတ်သူအသစ်တွေဆီ သယ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း ချီးကျူးပြောဆိုထားတာဖြစ်ပါတယ်။










