Border News Agency
မြေပုံ၊ သြဂုတ် ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာအတွင်း ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။
အဲဒီစညှင်းကျေးရွာမှာ ဩဂုတ်လ ၆ ရက်၊ မနက်ပိုင်းကစပြီးရွာသွန်းခဲ့တဲ့မိုးကြောင့် ကျေးရွာအတွင်းရှိနေအိမ်တွေနဲ့ လမ်းမတွေပေါ်ကို ရေတွေအရှိန်အဟုန်နဲ့ စတင်ဝင်ရောက်လာခဲ့တာပါ။
အဲဒီရေကြီးမှုကြောင့် စညှင်းကျေးရွာရှိ ဒေသခံတွေရဲ့နေအိမ်အောက်ထပ်တွေ ရေနစ်မြုပ်နေပြီး သွားလာရေးအခက်အခဲကြုံတွေ့နေရပါတယ်။
အဲဒီအပြင် ရေဘေးသင့် ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့အကူအညီတွေလည်း လိုအပ်နေပါတယ်။





















