Border News Agency
မိုးကုတ်၊ သြဂုတ် ၈။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းလို့ ဩဂုတ်လ ၇ ရက်၊ မနေ့ကမြေပြိုပြီး နေအိမ်တချို့ပျက်စီးသွားတယ်လို့ လူမှုကူညီရေးအသင်းကဆိုပါတယ်။
အဲဒီမိုးကုတ်မြို့မှာ ဩဂုတ်လ ၇ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာလို့ လူနေအိမ်နှစ်လုံးပေါ်ကို မြေထိန်းနံရံပြိုကျခဲ့ပါတယ်။
အဲဒီအပြင်သစ်တော်ခြံရပ်ကွက်မှာ မြေထိန်းနံရံပြိုကျလို့ နေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး အောင်နီလာ ၂ ရပ်ကွက်မှာလည်း မြေပြိုကျလို့ အိမ်တလုံးပျက်စီးခဲ့သလို အောင်နီလာ ၁ ရပ်ကွက်မှာလည်း ရေတိုက်စားလို့ အိမ်တလုံးတံတိုင်းတွေပျက်စီးခဲ့ပါတယ်။
အဲဒီမှာလောကဟိတလူမှုကူညီရေးအသင်းအပါအဝင် လူမှုကူညီရေးအသင်းတွေ ပေါင်းလုပ်ပေးခဲ့ကြပါတယ်။
























