Border News Agency
ဒီပဲယင်း၊ ဩဂုတ် ၇။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဩဂုတ်လ ၆ ရက်နေ့ကစပြီး မူးမြစ်ရေအဆက်မပြတ်တက်လာတာကြောင့် ကျေးရွာဆယ့်ခုနှစ်ရွာမှ ပြည်သူတသောင်းကျော်ရေဘေးသင့်နေပါတယ်။
အဲဒီ သပြေသာ၊ လက်ဆည်၊ ရုံးသာ၊ မူးရိုးကုန်း၊ ပေါက်ရင်း၊ မစိုးရိမ်၊ ကြူတော၊ ကျွဲတိုးခြုံ၊ အုတ်ဆည်၊ မူးကမ်း၊ ဆူးတပ်၊ မူးသစ်၊ လက်လှုပ်(တ)၊ လက်လှုပ် (မ)၊ သစ်ဆိမ့်၊ ဆင်ကျွံနဲ့ မြကန်သာကျေးရွာတွေမှာ ရေဘေးသင့်နေတာပါ။
အဲဒီရေဘေးသင့်ကျေးရွာတွေကို ဒီပဲယင်းမြို့နယ် ပအဖမှဦးဆောင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ပေါင်းကာ ရေဘေးသင့်ပြည်သူတွေနေထိုင်ရေး၊ စားသောက်ရေးနဲ့ တခြားလိုအပ်တာတွေကိုကူညီပေးနေပါတယ်။


































