Border News Agency
မြစ်ငယ်မြို့၊ သြဂုတ် ၈ ။
မြစ်ငယ်မြို့မှာ ဒုဋ္ဌဝတီမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက်ပေဝက်ခန့်ရောက်နေပြီလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၈ ရက်နေ့၊ မနက် ၈ နာရီအချိန်ထုတ်ပြန်ပါတယ်။
အဲဒီမြစ်ငယ်မြို့မှာ ဒုဋ္ဌဝတီမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ပေဝက်ခန့်ရောက်နေပြီး နောက်တရက်အတွင်းသုံးပေခန့် မြင့်တက်လာနိုင်တာမို့မြို့ရဲ့စိုးရိမ်ရေမှတ်အထက်ဆက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မြစ်ငယ်မြို့နယ်ရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေရေ ဘေးလွတ်ရာကိုရှောင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
မြန်မာပြည်အနှံ့မှာ မိုးကြီးရေလျှံနေသလို ချောင်းရေတွေ၊ မြစ်ရေတွေတက်လာနေတာမို့ ရေဘေးရှောင်နေကြရပါတယ်။
အဲဒီအပြင်တောင်မြေပြိုတာတွေ၊ လမ်းပျက်တာတွေလည်းဖြစ်နေပြီး လူနေအိမ်တွေ၊ အဆောက်အအုံတွေပျက်စီးတာတွေလည်း ဖြစ်နေပါတယ်။






