Border News Agency
စစ်ကိုင်း၊ သြဂုတ် ၈။
စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုဟာ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို ရှစ်ဆယ့်ရှစ်မျိုးဆက ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်နဲ့အတူ ခံစားပုံဖော်တာဖြစ်ပြီး “ပေးဆပ်သွားတဲ့မျိုးဆက်အတွက် ဒို့မျိုးဆက်ကသွေးကြွေးဆပ်”လို့ ကြွေးကြော်ခဲ့ကြပါတယ်။
စစ်အာဏာရှင်တွေကို ပြည်သူလူထုအားနဲ့တော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဟာ ဒီနေ့မှာသုံးဆယ့်ရှစ်နှစ်ပြည့်ပါပြီ။


















