Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၃၀။
အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ (NCA-S EAOs) တို့ဟာ စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာတွေ့ဆုံခဲ့ကြပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တက်ရောက်ခဲ့တာပါ။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လက်မှတ်ထိုးအဖွဲ့တွေဘက်ကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ငြိမ်းချမ်းရေးကောင်စီ၊ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကတက်ခဲ့ကြပါတယ်။
သူတို့ဟာ ရှေ့ဆက်လုပ်မယ့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဆယ့်တနှစ်မြောက်နှစ်ပတ်လည်နေ့ကျင်းပရေးဆွေးနွေးခဲ့ကြတာပါ။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်၊စစ်ကိုင်း၊ မကွေး၊ ကချင်နဲ့ ကရင်ပြည်အပါအဝင် ဒေသအများအပြားမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်ကို စက်တင်ဘာလ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဆယ်သေဆုံးခဲ့ပါတယ်။
ဒါပေမယ့် ငြိမ်းချမ်းရေးခေါင်းစဉ်တပ်တွေ့ဆုံပွဲတွေ ပြုလုပ်ဝါဒဖြန့်လုပ်ရပ်တွေကို ဟန်ပြလုပ်ပြနေတယ်လို့ ပြည်သူတွေဝေဖန်နေကြပါတယ်။










