Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး သတင်း

သီချင်းတပုဒ်နဲ့ အမျိုးသမီးဖြစ်တည်မှုကိုကြောက်တဲ့ အီရန်အစိုးရ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
တီဟီရန်၊စက်တင်ဘာ ၃၀။

အီရန်အမျိုးသမီးအဆိုတော်ပါရတ်စတူးအာမဒီ(Parastoo Ahmadi)အပေါ် ကြိမ်ဒဏ်ပေးမယ့်ကိစ္စကို အီရန်ရဲ့ကွမ်(Qom)ဘာသာရေးအယူခံတရားရုံးက ထပ်ဆင့်အတည်ပြုလိုက်တယ်လို့ တီဟီရန်အခြေစိုက်အယ်လ်ဟမ်-မီဟန်(Ham-Mihan)ဂျာနယ်ရဲ့ ဖော်ပြချက်ကိုကိုးကားပြီး Iran International သတင်းဌာနက စက်တင်ဘာလ ၂၆ ရ က်နေ့ဖော်ပြပါတယ်။

အဲဒီပွဲမှာပါဝင်ဖျော်ဖြေခဲ့တဲ့ အီရန်အမျိုးသမီးအဆိုတော် ပါရတ်စတူးအာမဒီ(Parastoo Ahmadi)ကို အီရန်အစ္စလာမ်မစ်တရားရုံးက ဟီဂျပ် (Hijab) မဝတ်ဘူးဆိုပြီး ကြိမ်ဒဏ်ခုနစ်ဆယ်လေးချက်ချမှတ်လိုက်တယ်လို့ ပြီးခဲ့တဲ့ဇွန်လ ၁၈ ရက်က အီရန်သတင်းဌာနတွေက ဆိုပါတယ်။

အဲဒီအမှုအပေါ် အယူခံတက်ရာမှာ ဘာသာရေးအယူခံတရားရုံးက ခုလိုထပ်ဆင့်အတည်ပြုလိုက်တာပါ။

အီရန်အမျိုးသမီးအဆိုတော် ပါရတ်စတူးအာမဒီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ကာရာဗန်ဆရိုင်းဖျော်ဖြေပွဲ (Caravanserai Concert) မှာ အီရန်ရဲ့ အာဏာရှင်တော်လှန်ရေးသီချင်း “လူငယ်တွေသွေးမြေကျရာမှ” လို့ အဓိပ္ပာယ်ရတဲ့ (အက်ဇ်ခူးန်နေးဂျာဗန် – Az Khoon-e Javann) သီချင်းကို သီဆိုဖျော်ဖြေခဲ့တာပါ။

အဲဒီသီချင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်းတရာကျော်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပေမယ့် ဒီနေ့ခေတ်ထိအီရန်နိုင်ငံမှာမတရားမှုကို ဆန့်ကျင်တဲ့၊ လွတ်လပ်မှုကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေမှာ ပြန်လည်သီဆိုကြတဲ့ထိ ခေတ်အဆက်ဆက်သက်ဝင်နေဆဲသီချင်းဖြစ်ပါတယ်။

အဲဒီသီချင်းကို ၂၀၂၄ ခုနှစ်မှာ အမာဒီကကာရာဗန်ဆရိုင်းဖျော်ဖြေပွဲမှာ သီဆိုဖျော်ဖြေခဲ့ပြီး ယူကျူပေါ်မှာ ဗီဒီယိုကိုဖြန့်ချိခဲ့ပါတယ်။

အဲဒီဗီဒီယိုထွက်ရှိလာချိန်မှာ ကာရာဗန်ဆရိုင်းဖျော်ဖြေပွဲကို လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့်ချီးကျူးမှုကိုရရှိခဲ့ပြီး အနုပညာရှင်များစွာနဲ့ အရပ်ဘက်လှုပ်ရှားသူတွေရဲ့ ထောက်ခံမှုကိုလည်းရရှိခဲ့ပြီး ကြည့်သူပေါင်းသုံးသန်းကျော်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ထိန်းသိမ်းခံထားရစဉ်အတွင်း သေဆုံးခဲ့ရတဲ့ကာဒစ်ရှ် (Kurdish) နွယ်ဖွား အီရန်အမျိုးသမီးငယ်လေး မာဆာအာမီနီ (Mahsa Amini) ဖြစ်ရပ်ကြောင့် အီရန်နိုင်ငံတဝှမ်းလုံးမှာ သမိုင်းဝင်သွားခဲ့တဲ့ (အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု) အုံကြွမှုနဲ့ ဆန္ဒပြပွဲကြီးတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲတွေကို အစိုးရကအကြမ်းဖက်နှိမ်နင်းမှုတွေ၊သေဒဏ်ပေးမှုတွေနဲ့ တုံ့ပြန်လာတဲ့အခါ အီရန်လူထုဟာ လှုပ်ရှားမှုကိုသေးငယ်တဲ့ပုံစံပြောင်းလဲလိုက်ပါတယ်။

ခုလည်း အာမဒီအပေါ် ပြစ်ဒဏ်ချမှတ်မှုကိုလည်း လူထုကိုချပြမယ်လို့ အီရန်အစိုးရကဆိုပါတယ်။

အဲဒါဟာ အီရန်လူထုကို နောင်ကျဉ်သွားအောင်အတွက် ပြုလုပ်တဲ့ပြယုဂ်လည်းဖြစ်ပါတယ်။

ဘယ်လောက်ပဲ သေဒဏ်အပါအဝင် ပြင်းထန်တဲ့ရက်စက်ကြမ်းကြုပ်မှုတွေနဲ့ ဖိနှိပ်နေပါစေ အီရန်အမျိုးသမီးတွေဟာ လမ်းမတွေပေါ်မှာ ဟီဂျပ် (ခေါင်းခြုံပုဝါ) မပါဘဲ သွားလာတာ၊ အာမဒီတို့လို အနုပညာနဲ့ ဂီတကိုအသုံးပြုပြီး အွန်လိုင်းက အာဏာဖီဆန်တာမျိုးတွေနဲ့ ဆန္ဒပြမှုကို ပုံစံတမျိုးနဲ့ဆက်လုပ်ခဲ့ကြပါတယ်။

အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ အီရန်နွယ်ဖွား အမေရိကန်အမျိုးသမီးပါမောက္ခ ဒေါက်တာနီနာအန်ဆာရီ (Dr Nina Ansary)က ဒီလို ပြစ်ဒဏ်တွေ၊ ခြိမ်းခြောက်မှုတွေကြောင့် အီရန်အမျိုးသမီးတွေရဲ့ အသံတွေဟာ နှုတ်ပိတ်သွားမှာ မဟုတ်ဘူးလို့ သူမရဲ့လူမှုကွန် ရက်ကအီရန်အာဏာပိုင်တွေကို ပြန်တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်မှာ အီရန်ဆန္ဒပြပွဲတွေ ထပ်ဖြစ်လာပြီး အမေရိကန်၊အစ္စရေးနဲ့စစ်ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာလည်း အီရန်နဲ့ အမေရိကန်ကြားမှာ တင်းမာနေပြီး ဒီလိုအခြေအနေမျိုးမှာ အီရန်အာဏာပိုင်တွေက လူထုဆန္ဒပြပွဲတွေပေါ်လာမှာကိုစိုးရိမ်ပြီး လူထုကို လက်ဦးမှုယူနှိပ်ကွပ်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေဝေဖန်နေကြပါတယ်။

လက်ရှိအီီရန်အစိုးရဟာ တချိန်ကလူထုကထောက်ခံမှုရှိခဲ့တဲ့တော်လှန်ရေးအစိုးရဖြစ်ပါတယ်။

ဒါပေမယ့် မိမိရဲ့ နိုင်ငံရေးအာဂျင်တာကို လူထုရဲ့အခြေအနေနဲ့အံဝင်ဆီလျော်အောင်မလုပ်ဆောင်ဘဲ အတင်းအဓမ္မပြုလာတဲ့အခါ လူထုကိုဖိနှိပ်တဲ၊ရက်စက်ကြမ်းကြုပ်တဲ့အစိုးရဖြစ်သွားပါတော့တယ်။

အာမဒီရဲ့ ဖြစ်ရပ်ဟာ လူထုကိုမိမိတို့ရဲ့ နိုင်ငံရေးအာဂျင်ဒါအတွက် ဖိနှိပ်တတ်တဲ့ဖိုဝါဒီကြီးစိုးအုပ်ချုပ်သူတွေရဲ့ အမျိုးသမီးတွေကို မလေးစားတဲ့အုပ်ချုပ်မှုအတွင်းစိတ် သဘောသဘာဝကိုသက်သေပြနိုင်တဲ့ဖြစ်ရပ်လည်းဖြစ်ပါတယ်။

ကာရာဗန်ဆရိုင်းဖျော်ဖြေပွဲမှာ အီရန်အမျိုးသမီးအဆိုတော် ပါရတ်စတူးအာမဒီဖျော်ဖြေမှုရုပ်သံ

Source: https://youtu.be/oYcaDHEnhbU?si=Byt2r-X6x723mg65

ကိုးကား

https://www.facebook.com/share/p/18DhaGh2to
https://www.iranintl.com/en/202609256247
PrevPreviousကျောက်တော်လေကြောင်းတိုက်ခိုက်တာဟာ စစ်ဥပဒေကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ကုလသမဂ္ဂဆို
Nextအာဏာသိမ်းစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေတွေ့Next
Previous Post

ကျောက်တော်လေကြောင်းတိုက်ခိုက်တာဟာ စစ်ဥပဒေကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ကုလသမဂ္ဂဆို

Next Post

အာဏာသိမ်းစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေတွေ့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကျောက်တော်လေကြောင်းတိုက်ခိုက်တာဟာ စစ်ဥပဒေကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ကုလသမဂ္ဂဆို

September 30, 2026
​ဓာတ်ပုံ - AA

ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှုမှာ မူဆလင်လေးဦးသေဆုံး

September 30, 2026
​ဓာတ်ပုံ-ONN

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ယူကေအစိုးရပြင်းပြင်းထန်ထန်ရှုတ်ချ

September 30, 2026
(ဓာတ်ပုံ - ကျောက်တော်လေကြောင်းတိုက်ခံရမှုက အလောင်းတချို့ကို အာရက္ခအစိုးရမြေမြှုပ်ပေးနေပုံ/ ONN)

အကျပ်အတည်းပေါင်းစုံကြား အရပ်သားပြည်သူတွေကို ကာကွယ်ပေးရေး

September 30, 2026

ကျိုက်ထိုမှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ တဦးသေဆုံး

ထားဝယ်ရေဘေးမှာသေဆုံးသူ တဆယ့်ခုနှစ်ဦးထိရှိလာ (ဓာတ်ပုံသတင်း)

မလေးရှားရောက်မြန်မာ ၁,၄၇၆ ဦးကို စစ်တပ်ရဲ့ရေတပ်စစ်သင်္ဘောတွေနဲ့ စတင်ပြန်ပို့(ဓာတ်ပုံသတင်း)

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုကို ယောကာကွယ်ရေးတပ်ကန့်ကွက်ရှုတ်ချ

မလေးရှားရောက် မြန်မာတထောင့်ငါးရာကို စစ်တပ်ရဲ့ ရေတပ်သင်္ဘောတွေနဲ့ပြန်ပို့

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူငါးဆယ်ဦးရှိလာ

Releated Post

ဓာတ်ပုံ - KNU

ကျိုက်ထိုမှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ တဦးသေဆုံး

September 29, 2026
ဓာတ်ပုံ-TNF

ထားဝယ်ရေဘေးမှာသေဆုံးသူ တဆယ့်ခုနှစ်ဦးထိရှိလာ (ဓာတ်ပုံသတင်း)

September 29, 2026

မလေးရှားရောက်မြန်မာ ၁,၄၇၆ ဦးကို စစ်တပ်ရဲ့ရေတပ်စစ်သင်္ဘောတွေနဲ့ စတင်ပြန်ပို့(ဓာတ်ပုံသတင်း)

September 29, 2026

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုကို ယောကာကွယ်ရေးတပ်ကန့်ကွက်ရှုတ်ချ

September 29, 2026
ဓာတ်ပုံ - ရိုက်တာ(ပုံဟောင်း)

မလေးရှားရောက် မြန်မာတထောင့်ငါးရာကို စစ်တပ်ရဲ့ ရေတပ်သင်္ဘောတွေနဲ့ပြန်ပို့

September 29, 2026
ဓာတ်ပုံ - AA

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူငါးဆယ်ဦးရှိလာ

September 29, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page