Border News Agency
ချင်းတွင်း၊ သြဂုတ် ၈။
“ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး” ၃၈ နှစ်ပြည့်မြောက်အထိမ်းအမှတ်နေ့အဖြစ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက လက်ကမ်းစာစောင်တွေဖြန့်ဝေခဲ့ပါတယ်။
အဲဒီလက်ကမ်းစာစောင်တွေဖြန့်ဝေတာဟာ ရှစ်လေးလုံးအထိမ်းအမှတ်နေ့မှာ ပြည်သူလူထုပါဝင်နိုင်ဖို့ရာအတွက်ဖြစ်တယ်လို့ဆိုပါတယ်။
စစ်အာဏာရှင်တွေကို ပြည်သူလူထုအားနဲ့တော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဟာ ဒီနေ့မှာသုံးဆယ့်ရှစ်နှစ်ပြည့်ပါပြီ။
















