Border News Agency
တမူး၊ သြဂုတ် ၈။
စစ်ကိုင်းတိုင်းဒေသ၊ တမူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဘုရားကျောင်းပျက်စီးသွားခဲ့ပါတယ်။
အဲဒီတမူးမြို့နယ်၊ ကနန်းကျေးရွာရှိ မက်သဒစ်ဘုရားကျောင်းကို ဩဂုတ်လ ၈ရက်၊ ဒီနေ့ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
မြန်မာပြည်အနှံ့အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေ၊အဆောက်အအုံတွေ၊ဘာသာရေးအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေတာမို့ ပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။















