Border News Agency
စစ်ကိုင်း၊ ဩဂုတ် ၈။
စစ်ကိုင်းတိုင်းမှာ မူးမြစ်ရေအဆက်မပြတ်မြင့်တက်လာတာကြောင့် မြို့နယ်တဆယ်ကျော်ရေဘေးသင့်နေပြီး အရေးပေါ်အကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီမူးမြစ်ရေတက်လာပြီး ရေကြီးရေလျှံတာတွေကြောင့် ရွှေဘို-မုံရွာ လမ်းပိုင်းပေါ်ရှိ မူးကမ်းကြီးကျေးရွာနဲ့ တည်ပင်ကျေးရွာကြားလမ်းပေါ်သို့ရေကျော်နေပြီး သွားလာရေးပြတ်တောက်နေပါတယ်။
အဲဒီဒီပဲယင်းမြို့နယ်အရှေ့တောင်ခြမ်းနဲ့ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာဆယ့်ငါးရွာရေနစ်နေပြီး ဒေသခံတချို့မှာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရပေမယ့်တချို့မပြောင်းရွှေ့နိုင်ကြသေးပါဘူး။
အဲဒီစစ်ကိုင်းတိုင်းအတွင်းရှိ ရေဦး၊ ခင်ဦး၊တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ ဒီပဲယင်း၊ အရာတော်၊ ကောလင်း၊ ဝက်လက်နဲ့ မြင်းမူး စတဲ့မြို့နယ်ဆယ်ခုထက်မနည်း ရေဘေးသင့်နေကြပါတယ်။
အဲဒီရေဘေးသင့်ပြည်သူတွေတွက် အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်းရေး၊ အစားအသောက်၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ ကျန်းမာရေးအထောက်အပံ့၊ ယာယီနေရာချထားရေးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အရေးပေါ်လိုအပ်နေကြပါတယ်။


















