Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – နိဂုံး

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၁၆။

ဤအပိုင်းတွင် ဖွံ့ဖြိုးရေးစီမံကိန်းများ၌ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ အရေးယူချက်များ၊လွှဲချော်ချက်များနှင့်ကြွေးမြီထောင်ချောက်များဆိုင်ရာဖြစ်စဉ်များကို ဖော်ပြထားသည်။

၄။ သတ္တုတွင်း၊စွမ်းအင်နှင့်အခြားအကြီးစားစီမံကိန်းများ

မက်ဒါဂတ်စကာနိုင်ငံ-အမ်ဘာတိုဗီနီ ကယ်နှင့်ကိုဘော့သတ္တုတွင်းစီမံကိန်း (Ambatovy Nickel Project)

၂၀၀၇ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများစတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပထမဆုံးစီးပွားဖြစ် နီကယ်ကို စတင်ထုတ်လုပ်နိုင်ခဲ့သည်။

နိုင်ငံတကာလုပ်ငန်းစုကြီးများ(ဂျပန်နိုင်ငံ Sumitomo Corporation၊ကနေဒါနိုင်ငံ Sherritt Internationalနှင့်တောင်ကိုရီးယားလုပ်ငန်းစုများ)၏ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး နိုင်ငံတကာဘဏ်များစုပေါင်းအဖွဲ့ (Consortium of international banks)က ချေးငွေပံ့ပိုးခဲ့သည်။

မက္ဒါဂတ်စကာ သမိုင်းတွင် အကြီးမားဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ပြီးစုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ် လာရှစ်ဘီလီယံဝန်းကျင်ထိရှိခဲ့သည်။

မက်ဒါဂတ်စကာကျွန်းပေါ်က အကြီးစားသတ္တုတွင်းစီမံကိန်းကြီးအား ကမ္ဘာ့ဘဏ်အုပ်စုဝင် နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)က ရန်ပုံငွေ စိုက်ထုတ်ခဲ့သည်။

သတ္တုတွင်းဆောက်ရန်နှင့်ပိုက်လိုင်းသွယ်ရန်အတွက်ဒေသခံလယ်သမားထောင်ပေါင်းများစွာ၏မြေများကိုသိမ်းယူခဲ့သည်။ပေးသောလျော်ကြေးငွေမှာနည်းလွန်းပြီးပြောင်းရွှေ့ပေးသောနေရာသစ်များတွင် လယ်ယာနှင့်သီးနှံစိုက်ပျိုးမရသောမြေ(Poor Soil Quality)များသာဖြစ်နေခဲ့သည်။

ကမ္ဘာ့ဘဏ်အုပ်စုဝင်နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)၏သီးခြားလွတ်လပ်သောအကြံပေးအဖွဲ့ (CAO)က ဝင်ရောက်စစ်ဆေးခဲ့ရာစီမံကိန်း၏မြေသိမ်း၊လူပြောင်းရွှေ့နေရာချထားမှုများတွင် စံနှုန်းချိုးဖောက်ထား၍ဘဏ်ဘက်က ထပ်မံထုတ်ပေးမည့်ချေးငွေအရစ်ကျများကို ဆိုင်းငံ့ခဲ့သည်။

အစိုးရနှင့်ကုမ္ပဏီများကို ဒေသခံများအတွက် စိုက်ပျိုးရမည့်မြေယာကောင်းများ ပြန်ရှာပေးရန်နှင့် ရေရှည်အသက်မွေးဝမ်းကျောင်းသင်တန်းများမဖြစ်မနေပေးရန်ရာဇသံပေးစေခိုင်းခဲ့ရတော့ သည်။

ပီရူး(Peru)-ကာမီဆီယာသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း(Camisea Gas Project)

၂၀၀၁ ခုနှစ်တွင်တည်ဆောက်ရေးလုပ် ငန်းများစတင်ခဲ့ပြီး ပထမအဆင့်ကို၂၀ ၀၄ ခုနှစ်၊ဩဂုတ်လတွင် တရားဝင်ဖွင့်လှစ်ကာ ဓာတ်ငွေ့များကိုလီမာမြို့တော် သို့ ပိုက်လိုင်းဖြင့်ပို့လွှတ်နိုင်ခဲ့သည်။

နောက်ပိုင်းတွင် ဒုတိယအဆင့်များ ဆက်လက်တိုးချဲ့ခဲ့သည်။ Pluspetrol, Hunt Oil နှင့် SK Innovation စသည့်နိုင်ငံတကာစွမ်းအင်ကုမ္ပဏီများ၏ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

အမေရိကတိုက်အချင်းချင်းဖွံ့ဖြိုးရေးဘဏ်(IDB)နှင့် နိုင်ငံတကာပို့ကုန်သွင်း ကုန်ဘဏ်များက ငွေကြေးချေးငွေပံ့ပိုးပေးခဲ့သည်။

ကနဦးအဆင့်တည်ဆောက်မှုအတွက်တင် အမေရိကန်ဒေါ်လာတဒဿမခြောက်(၁.၆)ဘီလီယံဝန်းကျင်ကုန်ကျခဲ့ပြီး နောက်ပိုင်းကွန်ဆာဗေးရှင်းနှင့်တိုးချဲ့မှုများအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာလေးဘီလီယံထက်မန ည်းရှိခဲ့သည်။

အမေဇုန်တောနက်ထဲမှ ပိုက်လိုင်းသွယ်တန်းသောစီမံကိန်းကြီးအစပိုင်းတွင် Inter-American Development Bank (IDB)နှင့်ကမ္ဘာ့ဘဏ်ကရန်ပုံငွေစိုက်ထုတ်ရန်ပြင်ဆင်ခဲ့သေးသည်။

ပိုက်လိုင်းဖြတ်သန်းမည့်လမ်းကြောင်းရှိ ဌာနေတိုင်းရင်းသားမြေယာများကို သိမ်းဆည်းမှု၊ပတ်ဝန်းကျင်ထိခိုက်မှု တို့တွင်နိုင်ငံတကာစံနှုန်းများကို လိုက်နာရန်စီမံကိန်းအကောင်အထည်ဖော်သူများက ပျက်ကွက်ခဲ့သည်။

ကမ္ဘာ့ဘဏ်၊အမေရိကန်သွင်းကုန်-ပို့ကုန်ဘဏ်(US Ex-Im Bank)နှင့်နိုင်ငံတကာဘဏ်များက ဒေါ်လာသန်းရာချီ ချေးငွေလျှောက်ထားမှုကို လုံးဝငြင်းပ ယ်လိုက်တော့သည်။

အခြားနိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများကပါ ချေးငွေဆိုင်းငံ့ကာသဘာဝပတ်ဝန်းကျင်နှင့်ဒေသခံများအတွက် မြေယာလျော်ကြေးကိစ္စများကို စံနှုန်းအတိုင်းသေချာပြန်လည်ကုစားရန်ကာ လရှည်ကြာစောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။

မက္ကဆီကို-အိုအာဆာကာလေအားလျှပ်စစ်စီမံကိန်း(Oaxaca Wind Power Project / Marea Renovables)

၂၀၀၀ ပြည့်လွန်နှစ်များနောက်ပိုင်းမှစ၍ အိုအာဆာကာပြည်နယ် Isthmus of Tehuantepec ဒေသတွင် လေအားလျှပ်စစ်ခြံကြီးများကို အဆင့်ဆင့်တည်ဆောက်ခဲ့သည်။

Marea Renovables စီမံကိန်းမှာမူ ၂၀၁၁ -၂၀၁၂ ခုနှစ်ဝန်းကျင်တွင် စတင်ရန် ကြိုးပမ်းခဲ့သော်လည်း ဒေသခံတိုင်းရင်းသားများ၏ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်းပြင်ဆင်ခဲ့ရသည်။

အမေရိကတိုက်အချင်းချင်းဖွံ့ဖြိုးရေးဘဏ်(IDB)၊ကမ္ဘာ့ဘဏ်ခွဲ(IFC)နှင့်စပိန်ကုမ္ပဏီများ(ဥပမာ – Iberdrola၊ Acciona)အပါအဝင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ ပါဝင်ခဲ့သည်။

အိုအာဆာကာဒေသရှိ လေအားလျှပ်စစ်စီမံကိန်း စုစုပေါင်းအတွက်ကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီရှိသည်။(စီမံကိန်းတခုချင်းစီအညလိုက် ဒေါ်လာသန်းနှစ်ရာမှသန်းငါးရာကြား အသီးသီးကုန်ကျခဲ့သည်)။

မက္ကဆီကိုတောင်ပိုင်း Oaxaca ပြည္နယ်တွင်လက်တင်အမေရိက၌အကြီးဆုံး လေအားလျှပ်စစ်တာဘိုင်ကွင်းပြင်ကြီး ဆောက်ရန်ပြင်ဆင်ခဲ့သည်။

ဒေသခံအင်ဒီယန်းဌာနေတိုင်းရင်းသား (Indigenous Peoples)များ၏စိုက်ပျိုးမြေ၊ငါးမွေး၊ငါးဖမ်းစနစ်အသုံးပြု မြေ ယာများကို သိမ်းဆည်းခဲ့သည်။ သိမ်းဆည်းရာတွင် ကမ္ဘာ့ဘဏ်၏အခြေခံမူ ILO 169 အရ FPIC (ကြိုတင်၍အသိ ပေးပြီး လွတ်လပ်စွာသဘောတူညီချက်ရယူခြင်း)မူဝါဒကို မလိုက်နာဘဲ မြေကို ကန်ထရိုက်စနစ်ဖြင့်အတင်းသိမ်းယူခဲ့သည်။

ဒေသခံတိုင်းရင်းသားများ အပြင်းအထန်ကန့်ကွက်ဆန္ဒပြမှုကြောင့် ဘဏ်များက စုံစမ်းစစ်ဆေးရေးအဖွဲ့များ စေလွတ်ခဲ့ရသည်။

စံနှုန်းချိုးဖောက်မှုကြောင့် IFCနှင့်IDB ဘဏ်ဘက်မှဒေါ်လာသန်းပေါင်းရာချီချေးငွေအားလုံးကို ရပ်ဆိုင်းလိုက်သည် ။

နိုင်ငံတကာရန်ပုံငွေမရသောကြောင့် အဆိုပါ အကြီးစားစီမံကိန်းကြီးတခုလုံး လုံးဝပျက်စီးပြီး ရပ်ဆိုင်းသွားခဲ့ရသေးသည်။

အီဂျစ်-နိုင်းမြစ်ဝှမ်းစီမံကိန်းများနှင့်မြို့ ပြချဲ့ထွင်ခြင်း/ New Administrative Capital(မြို့တော်သစ်စီမံကိန်း)

ကမ္ဘာ့အကြီးဆုံးမြို့ပြစီမံကိန်းကြီးတခုဖြစ်ပြီး ကိုင်ရိုးမြို့အရှေ့ဘက်တွင် ၂၀ ၁၅ ခုနှစ်၌ စတင်တည်ဆောက်ခဲ့သည်။

၂၀၂၀ ကျော်ကာလများမှစ၍အစိုးရရုံး စိုက်ရာဌာနများကို တဖြည်းဖြည်းပြော င်းရွှေ့လျက်ရှိပြီး လက်ရှိအချိန်ထိအ ဆင့်ဆင့်ဆက်လက်တည်ဆောက်ဆဲဖြစ်သည်။

အီဂျစ်စစ်တပ်နှင့်အိမ်ရာဝန်ကြီးဌာနတို့ ပူးပေါင်းထားသည့် ACUD ကုမ္ပဏီက အဓိကတာဝန်ယူသည်။

တရုတ်နိုင်ငံပိုင်ဆောက်လုပ်ရေးကုမ္ပဏီ(CSCEC)က ကူးသန်းရောင်းဝယ် ရေးဇုန်(CBD)အတွက် တရုတ်ဘဏ်များထံမှ ချေးငွေဖြင့် ကူညီတည်ဆော က်ပေးနေပြီး အာရပ်စော်ဘွားများပြည် ထောင်စု(UAE)ထံမှ ရင်းနှီးမြှုပ်နှံမှုများလည်းပါဝင်သည်။

ထိုစီမံကိန်းတခုလုံး၏ စုစုပေါင်းကုန် ကျစရိတ်မှာ ခန့်မှန်းခြေအမေရိကန်ဒေါ်လာလေးဆယ်ငါးဘီလီယံမှဘီလီယံခြောက်ဆယ်ဝန်းကျင်ထိရှိမည်ဟု တွက်ချက်ထားသည်။

မြို့တော်သစ်စီမံကိန်း(NAC)အား အစိုး ရက ကန္တာရမြေလွတ်ပေါ်တွင်သာတ ည်ဆောက်နေသည်ဟု ဆိုထားသော်လ ည်း စီမံကိန်းနှင့်ဆက်စပ်သောလမ်းပန်းဆက်သွယ်ရေး၊အခြေခံအဆောက်အအုံနှင့်နိုင်းမြစ်ဝှမ်းတိုးချဲ့စီမံကိန်းများကြောင့် မြေပြင်တွင်ဒေသခံများ ဖိ အားပေးပြောင်းရွှေ့ခံခဲ့ကြရသည်။

မြို့တော်သစ်နှင့်ကိုင်ရိုင်မြို့ဟောင်းကို ဆက်သွယ်သောမိုနိုရထားလမ်း(Mon orail)စီမံကိန်း၊လမ်းမကြီးများတိုးချဲ့ခြ င်းနှင့်မြို့ပြအဆင့်မြှင့်တင်ရေးနယ်မြေများတွင်ပါဝင်နေသော ရပ်ကွက်ဟော င်းတချို့မှပြည်သူများကို အစိုးရက”တ ရားမဝင်ကျူးကျော်သူများ”အဖြစ် သ တ်မှတ်ပြီးဖယ်ရှားခဲ့သည်။ဖယ်ရှားခံရသူအချို့ကို အစိုးရက မြို့ပြင်က အိမ် ရာတိုက်ခန်းများတွင် နေရာပြန်ချပေး သည်ဟုဆိုသော်လည်း ဒေသခံအများစုက နစ်နာကြေးလုံလောက်စွာမရခြင်း၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးခြင်းတို့ ဖြစ်လာခဲ့သည်။

မြို့တော်သစ်တည်ဆောက်မည့်မြေနေရာနှင့်ပတ်ဝန်းကျင်များရှိ မြေရိုင်းများအား စစ်တပ်ပိုင်အဖြစ်လွှဲပြောင်းပေးခဲ့ကာ မြေယာကိစ္စရပ်တွင် စစ်တပ်အာဏာကို ရောထွေးလိုက်သည်။

ထို့ကြောင့် ထိုနေရာများတွင္ရှိနေနိုင်သောဒေသခံခြေသလုံးအိမ်တိုင် သိုးထိန်းဘီဒိုအင်း(bedouin)လူမျိုးစုများမှာ ရိုးရာမြေယာပိုင်ဆိုင်အသုံးချမှုအား ဥပဒေအရဆုံးရှုံးခဲ့ရသည်။

အီဂျစ်နိုင်ငံ တနိုင်ငံလုံး၏ရေချိုလိုအပ်ချက်ကိုးဆယ်ရာခိုင်နှုန်းကျော်အတွ က်နိုင်းမြစ်(Nile River)တခုတည်းမှရ ယူနေရသည်။

လက်ရှိတွင် လူဦးရေထူထပ်လွန်း၍ရေရှားပါးမှုအကျပ်အတည်း(Water Scarcity)နှင့်ရင်ဆိုင်နေရသည်။

ဤမြို့သစ်စီမံကိန်းကြီးက ရေရှားပါးနေသော စိုက်ပျိုးရေးလုပ်ကိုင်သူလယ်သမားများ၏ရေဝေစုကိုလုယူသလိုဖြ စ်နေသည်။

နိုင်းမြစ်ရေမလုံလောက်မှုအပေါ် ဖြေရှင်းရန်အီဂျစ်အစိုးရကပင်လယ်နီ(Red Sea)က ရေကို သန့်စင်ပြီး မြို့တော်သ စ်ဆီပို့ပေးရန် စီမံကိန်းမှာလည်းကုန်ကျ စရိတ်အလွန်ကြီးမားကာ နိုင်ငံကို စီး ပွားရေးအရ ပိုမိုကြွေးမြီပိစေမည်ဖြစ် သည်။

ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားနေသော အီဂျစ်တွင် သာမန်ပြည်သူများ လက် လှမ်းမမီနိုင်သောဇိမ်ခံမြို့ပြကြီးကိုဒေါ် လာဘီလီယံချီသုံးစွဲတည်ဆောက်နေခြင်းဖြစ်သည်။

မြို့တော်သစ်စီမံကိန်းသည် ကမ္ဘာ့ဘဏ်ကဲ့သို့အဖွဲ့အစည်းများ၏တိုက်ရိုက်ချေးငွေဖြင့် လည်ပတ်နေခြင်းမဟုတ်သောကြောင့် ESS မူဝါဒအရ တရားဝင် အရေးယူခံရမှုမရှိပေ။

သို့သော်လည်း တိုင်းပြည်၏ကြွေးမြီဝန် ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေသည့်အတွ က် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများ၏စီးပွားရေးအရ စောင့်ကြည့်စစ် ဆေးခြင်းနှင့်ဝေဖန်ကန့်ကွက်ခြင်းများကိုမူ အပြင်းအထန်ရင်ဆိုင်နေရဆဲဖြစ်သလို အချိန်မရွေးပဋိပက္ခများဆီကို ပြ န်လှည့်သွားနိုင်သောအခြေအနေတွင်ရှိနေသည်။

သီဟိုဠ်-ဟမ်ဘန်တိုတာဆိပ်ကမ်းစီမံကိန်း(Hambantota Port)

ဟမ်ဘန်တိုတာဆိပ်ကမ်းစီမံကိန်းမှာသီရိလင်္ကာ၏အထင်ရှားဆုံးနှင့်သင်ခန်း စာအယူရဆုံးစီမံကိန်းဖြစ်သည်။

တရုတ်နိုင်ငံ၏ချေးငွေ၊တရုတ်ကုမ္ပဏီများ၏အကူအညီဖြင့်သမ္မတရာဂျာပ က်ဆာ၏ဇာတိမြေတွင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဆိပ်ကမ်းနှင့်၎င်းပတ်ဝန်းကျင် စက်မှုဇုန်အတွက်ဧကသောင်းချီမြေယာများကို အစိုးရက သိမ်းဆည်းခဲ့ရာ ဒေသခံ လယ်သမားများ၊ကျေးရွာသားများနှင့်ဘုန်းတော်ကြီးများအပြင်းအထန်ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

ရဲတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ပြီး သွေးထွက်သံယိုမှုများထိရှိခဲ့သည်။

ဟမ်တန်တိုတာဆိပ်ကမ်းစီမံကိန်းမှအ စိုးရရလိုက်သည်မှာ နိုင်ငံတကာဖိအားနှင့်အကျိုးဆက်ကြွေးမြီထောင်ချောက်(Debt-Trap)သာဖြစ်သည်။

စီမံကိန်းကနေ ဝင်ငွေမရ၊တရုတ်ကို အကြွေးပြန်မဆပ်နိုင်သောအခါ IMF အပါအဝင် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများက သီရိလင်္ကာကို စီးပွားရေးအရဖိအားပေးတော့သည်။

နောက်ဆုံးတွင် ဟမ်ဘန်တိုတာဆိပ်က မ်းနှင့်ပတ်ဝန်းကျင်မြေများကို တရုတ်ကုမ္ပဏီထံကိုးဆယ်ကိုးနှစ်ငှားရမ်းပြီး အကြွေးဆပ်ခဲ့ရသည်။

ဤအချက်က တရုတ်၏”မြှောက်ပင့်အကြွေးတင်ထောင်ချောက်သံခင်းတမန်ခင်း(Debt-Trap Diplomacy)”၏ သားကောင်အဖြစ် သီဟိုဠ်ကို မြင်နိုင်သည်။

သီဟိုဠ်-ကိုလံဘို ဆိပ်ကမ်းမြို့တော်စီမံ ကိန်း(Port City Colombo)

ကိုလံဘိုဆိပ်ကမ်းမြို့တော်စီမံကိန်း (Port City Colombo)မှာကိုလံဘိုမြို့ ကမ်းလွန်ပင်လယ်ပြင်ကို မြေဖို့ပြီး ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးမြို့တော်သစ်ကြီးအဖြစ် ဒေါ်လာတဒဿမလေး(၁.၄)ဘီလီယံစီမံကိန်းကြီးဖြစ်သည်။

ပင်လယ်ရေအောက် သဲတန်ချိန်သန်းပေါင်းများစွာကိုစုပ်ယူပြီး မြေဖို့သည့်အတွက် ကမ်းရိုးတန်းဂေဟစနစ် ပျက် စီးခြင်း၊ငါးဖမ်းကွက်များပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

ဒေသခံများနှင့်ညှိနှိုင်းမှုမရှိဘဲ လုပ် ဆောင်ခဲ့၍ အပြင်းအထန်ဝေဖန်ခံခဲ့ရသည်။

၂၀၁၅ ခုနှစ်တွင် အစိုးရအပြောင်းအလဲ ဖြစ်သည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံနှုန်း(EIA)မကိုက်ညီမှု၊နိုင်ငံတ ကာဥပဒစံနှုန်းများနှင့်မညီညွတ်မှုကြောင့် နိုင်ငံတကာနှင့်ပြည်တွင်းဖိအားအောက်တွင်စီမံကိန်းကို တနှစ်နီးပါး တရားဝင်အမိန့်ထုတ်ပြီးရပ်ဆိုင်းခဲ့ရသည်။

နောက်ပိုင်းမှ စာချုပ်အသစ်ပြန်ချုပ်ပြီး ဆက်လုပ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ စီမံကိန်းများအကောင်အထည်ဖော်ရာတွင်ဆန္ဒပြသူများကို နှိမ်နင်းခြင်း၊အတင်းအ ကျပ်မြေသိမ်းခြင်းစသည့်လူ့အခွင့်အ ရေးချိုးဖောက်မှုများကြောင့် သီရိလ င်္ကာတနိုင်ငံလုံးအပေါ် အရေးယူမှုကို အီးယူ(EU)က ပြုလုပ်တော့သည်။

ဥရောပသမဂ္ဂ(EU)က သီရိလင်္ကာကဥရောပကိုတင်ပို့သော အထည်အလိပ်များနှင့်ကုန်ပစ္စည်းများအပေါ် ပေးထားသောGSP+အခွန်သက်သာခွင့်ကို နှစ်ရှည်လများရုပ်သိမ်းကာအရေးယူခဲ့သည် ။

ဤအချက်က သီရိလင်္ကာစီးပွားရေးအပေါ်အကြီးအကျယ် ထိခိုက်စေခဲ့သ ည်။

ဘိုလီးဗီးယား-ကိုချာဘမ်ဘာ ရေအ ရေးအခင်း(Cochabamba Water War – ၂၀၀၀ခုနှစ်)

ဤပြဿနာမှာ မြေသိမ်းဆည်းခြင်းထက်”ရေအရင်းအမြစ်သုံးစွဲမှုဆိုင်ရာအခြေခံဝန်ဆောင်မှုများကို ပုဂ္ဂလိကပိုင်ပြုခြင်း”ကြောင့် ဖြစ်ပွားခဲ့သောလူထုအုံကြွမှုဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ဖိအားပေးမှုဖြင့် ဘိုလီးဗီးယားအစိုးရသည် ကိုချာဘမ်ဘာမြို့ရှိ ရေပေးဝေရေးစနစ်ကို နိုင်ငံခြားကုမ္ပ ဏီတခုထံ ရောင်းချခဲ့သည်။

ကုမ္ပဏီက ရေခွန်နှုန်းထားကို အဆမတန်မြှင့်တင်လိုက်သဖြင့် ဆင်းရဲသားလူထုမှာ ရေမဝယ်နိုင်တော့သည့်အခြေ အနေသို့ရောက်သွားသည်။

လူထုက လမ်းမပေါ်ထွက်ဆန္ဒပြကြရာမှအကြမ်းဖက်များဖြစ်ပွားခဲ့ပြီး အစိုးရအနေဖြင့် ပုဂ္ဂလိကပိုင်ပြုခြင်းကို ရုပ်သိ မ်းခဲ့ရသည်။

နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ (IMF/World Bank)အနေဖြင့် ဒေသခံလူထု၏လူမှုဘဝနှင့်လက်တွေ့အခြေအ နေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မူဝါဒများကို အတင်းအကျပ်ပုံသွင်းခြင်းသည် ကြီးမားသော လူမှုရေးမတည် ငြိမ်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ကမ္ဘာ့အဆင့်တွင် နာမည်ပျက်ခဲ့ရသည့်ဖြ စ်စဉ်တခုဖြစ်သည်။

ဘိုလီးဗီးယား- TIPNIS လမ်းမကြီးစီမံကိန်း(၂၀၁၁ ခုနှစ်)

ဤစီမံကိန်းမှာ ဘိုလီးဗီးယားတွင်”မြေသိမ်းဆည်းခြင်းနှင့်အခြေခံအဆောက် အအုံစီမံကိန်း”တို့နှင့်တိုက်ရိုက်သက်ဆိုင်သောစီမံကိန်းဖြစ်သည်။

အစိုးရက တိုင်းရင်းသားလူမျိုးများနေထိုင်ရာသဘာဝထိန်းသိမ်းရေးနယ်မြေ (TIPNIS)ကို ဖြတ်သန်းမည့်အဝေးပြေးလမ်းမကြီးတခုကို ဖောက်လုပ်ရန်စီစဉ်ခဲ့သည်။

ဤလမ်းမကြီးစီမံကိန်းက တိုင်းရင်းသားလူမျိုးများ၏ဘိုးဘွားပိုင်မြေများကိုထိခိုက်စေပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမည်ဟု ဒေသခံများက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။

အစိုးရက လူထု၏သဘောတူညီချက်မယူဘဲ အဓမ္မတည်ဆောက်ရန် ကြိုးပမ်းသဖြင့် ကြီးမားသည့်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာ၏အာရုံစိုက်မှုကို ရရှိခဲ့သည်။

နောက်ဆုံးတွင် အစိုးရအနေဖြင့် လမ်းမကြီးစီမံကိန်းကို ဆိုင်းငံ့ခဲ့ရပြီးတိုင်းရင်းသားများ၏မြေယာအခွင့်အရေးနှင့်ပတ်သက်၍ဥပဒေဖြင့် အကာအကွယ်ပေးရသည့်အခြေအနေသို့ ရောက်ရှိသွားသည်။

ဤဖြစ်စဉ်များက ရခိုင်ဒေသအတွက် အချောင်နှိုက်စီးပွားရေးဒဏ်ရာနှင့်မြေယာဆိုင်ရာကျိန်စာမသင့်စေရန်နနည်း တဖုံအထောက်အကူဖြစ်စေလိမ့်မည်။ ………။

ပြီး

PrevPreviousမလေးရှားမှာ မြန်မာ ၁၀ ဦး ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ ၃၆ ဦး နေရပ်ပြန်ပို့
Nextဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်Next
Previous Post

မလေးရှားမှာ မြန်မာ ၁၀ ဦး ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ ၃၆ ဦး နေရပ်ပြန်ပို့

Next Post

ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၉

June 15, 2026

မီဇိုရမ်မှာ ဖောက်ခွဲရေးပစ္စည်းနဲ့အတူ လူတဦး ဖမ်းဆီးရမိ

June 15, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကို ခရီးစတင်သွားရောက်

June 15, 2026

အမေရိကန်-အီရန်စစ်ပွဲအဆုံးသတ်ရေး သဘောတူညီမှုရရှိ

June 15, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page