အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်း ချုပ်ထားတဲ့ မောင်တောမြို့ကဟိန္ဒူဘာသာဝင်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီတွေ လိုအပ်နေကြတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်လေးထောင်ကျော်ထိရှိနေပြီးအများစုဟာ အလုပ်အကိုင်တွေမရှိကြသေးဘူးလို့ ဆိုကြပါတယ်။ သူတို့တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြသလို အာရက္ခတပ်တော်ဆီကလည်း အကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့ ဟိန္ဒူဘာသာဝင်တွေ ကဆိုကြပါတယ်။...
Read moreမောင်တောမြို့က ဟိန္ဒူဘာသာဝင်တွေဟာ အရေပြားရောဂါတွေ ဖြစ်နေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေကြတယ် ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီအရေပြားရောဂါဖြစ်နေကြတာမှာကလေးသူငယ်တွေပိုများပြီး အလုပ်အကိုင်တွေလည်းမရှိကြတာမို့ ဝင်ငွေမရှိကြလို့ ဆေးဝါးကုသဖို့၊ဆေးဝယ်ဖို့ငွေကြေးအခက်အခဲတွေရှိနေကြတယ်လို့ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်ကို အာရက္ခတပ်တော်ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပေမယ့် ပြည်သူတွေလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြသေးဘူးလို့ ဆိုကြပါတယ်။
Read moreအာရက္ခတိုင်းပြည်ကို အတူတူတည် ဆောက်ကာကွယ်ကြမယ်ဆိုပြီး မောင်တောမြို့နယ်က မြိုလူမျိုးတွေဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊မနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီမောင်တောမြို့နယ်မှာ ဌာနေတိုင်းရင်းသားလူနည်းစုမြိုလူမျိုးတွေကို အာရက္ခတပ်တော်(AA)က အတင်းအဓမ္မစ စ်မှုထမ်းဖို့ခေါ်ဆောင်ခဲ့ကြရာမှာအမျိုး သမီးတွေလည်း ပါဝင်ခဲ့ကြတယ်လို့ မြိုလူမျိုးတွေက ပြောဆိုထားကြပါတယ်။ အာရက္ခတပ်တော်ကတော ရပ်ရွာကာ...
Read moreအာရက္ခ-ဘင်္ဂလာနယ်စပ်၊နှစ်နိုင်ငံနယ်စပ်အနီးမှာ ချက္ကမာလူမျိုးတွေနဲ့ ဘဂ်လားဒေ့ရှ်နိုင်ငံက မူဆလင်လူမျိုးတွေ အတူနေထိုင်နေကြတဲ့ရွာဖြစ်ပါတယ်။ အဲဒီကျေးရွာဟာ လျှပ်စစ်မီး၊ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေမရှိတဲ့ နှစ်နိုင်ငံနယ်စပ်အနီးက တောရွာလေးဖြစ်ပါတယ်။ သူတို့တွေဟာ စားဝတ်နေရေးအတွက်လယ်ယာအလုပ်၊ပြောင်းဖူးစိုက်ခင်း၊ကွမ်းခင်း၊နွေစပါး၊မိုးစပါး၊စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေ ဖြစ်ပါတယ်။ အဲဒီကျေးရွာက အမျိုးသမီးတွေဟာ ချည်ထိုးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီးတချို့က တောတောင်တွေက ထင်းခုတ်ပြီးတော့အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေဖြစ်ပါတယ်။ အဲဒီကျေးရွာမှ ကလေးတွေဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတာမို့ကျောင်းစာမသင်နိုင်ကြသလို ငွေကြေးအခက်အခဲတွေကြောင့်လည်း...
Read moreHey! Don't Copy my content.