Border News Agency သြစတြေးလျ၊ ဖေဖော်ဝါရီ ၁၀။ ဩစတြေးလျကိုရောက်နေတဲ့ အစ္စရေးသမ္မတအိုင်ဇက်ဟာဇော့ဂ် (Isaac Herzog) ရဲ့ ခရီးစဉ်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၉ ရက်၊ မနေ့က ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတာကြောင့် ရဲတပ်ဖွဲ့ကလူစုခွဲတာတွေလုပ်ခဲ့ပြီး ဆန္ဒပြသူတချို့ကိုဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။ အစ္စရေးသမ္မတဟာပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဆစ်ဒနီမြို့မှာဖြစ်ခဲ့တဲ့ လူဆယ့်ငါးဦးသေဆုံးတဲ့ ပစ်ခတ်မှုအတွက် မိသားစုဝင်တွေကို အားပေးဖို့လာရောက်တာပါ။ သမ္မတရဲ့ ခရီးစဉ်တောက်လျှောက် လုံခြုံရေးအထူးတင်းကျပ်ထားပေမယ့် မြို့ကြီးတွေမှာတော့ လူထုရဲ့ကန့်ကွက်မှုနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဆစ်ဒနီ မြို့တော်ခန်းမရင်ပြင်မှာ စုဝေးခဲ့တဲ့ဆန္ဒပြပွဲဟာ နောက်ပိုင်းမှာရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ပါတယ်။ အဲဒီအခြေအနေကို ထိန်းသိမ်းဖို့ကြိုးစားရင်း ရဲတပ်ဖွဲ့ကဆန္ဒပြသူတွေတင်မကဘဲ သတင်းရယူနေတဲ့ AFP သတင်းထောက်တွေအပါအဝင် မီဒီယာသမားတွေနဲ့ပါ အခြေအတင်ဖြစ်ခဲ့သလို လူဆယ့်ငါးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ သမ္မတဟာဇော့ဂ်ကတော့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာကို သွားရောက်ပြီးလွမ်းသူ့ပန်းခွေချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမုန်းတရားတွေကိုရင်ဆိုင်ပြီး ဘာသာပေါင်းစုံကြား သံယောဇဉ်ခိုင်မြဲနေဦးမှာဖြစ်သလို ဂျူးဆန့်ကျင်ရေးဝါဒနှိမ်နင်းဖို့ကြိုးစားနေတဲ့ ဩစတြေးလျအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးကြောင်း ပြောကြားခဲ့ပါတယ်။ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနီးစ်ကလည်း သမ္မတရဲ့ခရီးစဉ်မှာ သေဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေကို လေးစားမှုရှိဖို့ တိုက်တွန်းထားသလို နယူးဆောက်ဝေးလ် ပြည်နယ်အစိုးရကလည်းဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့်တွေ တိုးပေးထားပါတယ်။ လက်ရှိမှာတော့ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့လယ်မှာ ပါလက်စတိုင်းနယ်မြေကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်ဖို့လူအုပ်ကြီးက ဟစ်ကြွေး တောင်းဆိုနေကြဆဲဖြစ်ပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၀။ ထိုင်းနဲ့ကမ္ဘောဒီးယားအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရထားတာ တလကျော်ရှိပြီဖြစ်ပေမယ့် ကမ္ဘောဒီးယားဘက်က နယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး အချက်အလက်အမှားတွေ တင်ပြနေတယ်လို့ ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း သုဝါရီက ဖေဖော်ဝါရီလ ၉ ရက်၊ မနေ့ကပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့နှစ်နိုင်ငံအထူးနယ်စပ်ကော်မရှင် (GBC) အစည်းအဝေး ဆုံးဖြတ်ချက်အရ နှစ်ဖက်တပ်တွေ အပစ်ရပ်ခဲ့ကြတာပါ။ ထိုင်းဘက်ကတော့ အင်အားတိုးချဲ့မှု မလုပ်ဘဲ မြေမြှုပ်မိုင်းရှင်းလင်းရေးတွေကိုပဲ အဓိကလုပ်ဆောင်နေပေမယ့် ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းတပ်တွေ ကျူးကျော်ဝင်ရောက်နေတယ်လို့ အခြေအမြစ်မရှိ စွပ်စွဲနေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ပရယ်ဝိဟာအပါအဝင် ရှေးဟောင်းရဲတိုက်တွေကို ထိုင်းဘက်က တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့လည်း အဲဒီအဆောက်အအုံတွေကို ကမ္ဘောဒီးယားဘက်က စစ်စခန်းအဖြစ်သုံးပြီး ထိုင်းဘက်ကို အရင်စတင်တိုက်ခိုက်ခဲ့တာလို့ အထောက်အထားနဲ့တကွ ပြန်လည်ရှင်းလင်းထားပါတယ်။ နယ်စပ်တစ်လျှောက်ကအွန်လိုင်းလိမ်လည်မှု (Scam) လုပ်ငန်းတွေကိုလည်း ဆက်လက်နှိမ်နင်းသွားမယ်လို့ သိရပါတယ်။ အဲဒီနယ်စပ်မျဉ်းတိုင်းတာသတ်မှတ်ရေး (JBC) လုပ်ငန်းတွေ မစခင်မှာ နယ်စပ်ဒေသတင်းမာမှုတွေ တကယ်လျော့ကျသွားတာ ရှိ၊မရှိနဲ့ မြေမြှုပ်မိုင်း ကင်းစင်မှု ရှိ၊ မရှိကို အရင်ဆုံး စစ်ဆေးသွားမှာဖြစ်တယ်လို့ ထိုင်းတပ်မတော်က အတည်ပြု ပြောကြားခဲ့ပါတယ်။
Read moreဂမ်ဘီယာတင်ပြချက်ထဲမှ ULA/AA ပုံရိပ် ARSA အပေါ် ဂမ်ဘီယာမြင်မှု မည်သို့ရှိသည်ကို ဖော်ပြပြီးနောက် ULA/AA အ ပေါ် ဂမ်ဘီယာမြင်မှုမည်သို့ရှိသနည်းဟုမေးစရာရှိလာသည်။ ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလကြားနာပွဲတွင် ဂမ်ဘီယာမှULA/AA အပေါ် မြင်မှုသ ဘောထားတွင် ယခင်ကထက် ပိုမိုမြင်သာသောကောက်ချက်များကို တွေ့လာရသည်။ ၁။"သွေးခွဲခံရမှု၏သားကောင်" လော၊ "စောင့်ရှောက်သူ" လော။ ရိုဟင်ဂျာဂျီနိုဆိုက်အမှုအခင်းတွင် ဂမ်ဘီယာအမြင်မှာ ULA/AAသည်"ဂျီနိုဆို က်အားကျူးလွန်သူ"၊"ရန်သူ"ဟု သတ် မှတ်ထားခြင်း"မရှိပေ"။ သို့သော် ULA/AA သည် မြန်မာစစ်တပ်က ရခိုင်နှင့်ရိုဟင်ဂျာကြားဗျူဟာမြော က်"အမုန်းတရားဖန်တီးမှုစက်ကွင်းအ တွင်း"အသုံးချခံနေရသောအဖွဲ့အစည်းအဖြစ်မြင်ထားသည်။ မြန်မာစစ်တပ်က "ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်သားစုဆောင်းပြီး ULA/AA ကို ရင်ဆိုင်ထားလိုက်ကာနိုင်ငံရေးထောင်ချောက်ဆင်ထားခြင်းဖြင့်" ရိုဟင်ဂျာနှင့် ULA/AA ကြားတွင် ပဋိပက္ခ" ပိုမိုပြင်းထန်လာသည်။ ULA/AAက ရိုဟင်ဂျာများအား "ရန်သူ" ဟုမြင်လာအောင်အကွက်ချထားသ ည်။ ထိုအကွက်ထဲတွင် ULA/AA သည်လ ည်း မကျော်လွှားနိုင်ဘဲရှိနေသည်ဟု ဂမ်ဘီယာမြင်သည်။ ၂။"ထိရောက်သောထိန်းချုပ်သူ" (De Facto Authority) ဂမ်ဘီယာမှ AA သည် ရခိုင်နယ်မြေအ များစုကို လက်တွေ့စိုးမိုးထားသည့်အဖွဲ့အစည်းဖြစ်သည်ကို လက်ခံထားသည်။ ထိုသို့လက်ခံထားခြင်းကြောင့် ULA/AA ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ရိုဟင်ဂျာများအပေါ် အကာအကွယ်ပေးရန်၊ စောင့်ရှောက်ရန်တာဝန် (Responsibility to Protect) ရှိသော သူအဖြစ်မြင်လာသည်။ နိုင်ငံတကာဥပဒေအရနယ်မြေစိုးမိုးထားသူသည် မိမိစိုးမိုးရာနယ်မြေထဲတွင် လူနည်းစုများအပေါ် မျိုးတုံးသတ် ဖြတ်မှုဘေးမှ ကာကွယ်ပေးရမည်ဟူ သောအချက်ကို ULA/AAလိုက်နာလာနိုင်ကောင်းလိုက်နာလာနိုင်မည်ကို ဂမ်ဘီယာမျှော်လင့်ချက်ထားလိုပုံရသည်။ ၃။ မျက်စိအောက်တွင်ထားခြင်း။ ဂမ်ဘီယာမှ ဘူးသီးတောင်၊မောင်တော တိုက်ပွဲများအတွင်း ရိုဟင်ဂျာများအား ထိခိုက်နစ်နာစေသော ULA/AAလုပ်ရပ်အချို့အပေါ် စိုးရိမ်မှုရှိကြောင်းလည်း ICJ တရားခွင်မှတဆင့် သတင်းစကားပါးလိုပုံရသည်။ ဂမ်ဘီယာအနေဖြင့် ULA/AA အပေါ် မျှော်လင့်ချက်ထားသလို လက်ရှိအနေ အထားတွင်"စောင့်ကြည့်စစ်ဆေးရမည့် အဖွဲ့အဖြစ်"လည်း သဘောထားပုံရသည်။ ULA/AA အား မျိုးတုံးသတ်ဖြတ်မှုမြောက်သောလုပ်ရပ်များကို မကျူးလွန်မိရန် သတိပေးလိုသော သဘောထားမျိုးဂမ်ဘီယာတွင်ရှိပုံရသည်။ ...
Read moreကံ့ကော်နီရေးပါတယ်။ စစ်အာဏာသိမ်းငါးနှစ်တာမှာ ငွေကြေးဖောင်းကြွမှုတွေပိုမို့ဆိုးလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေက အာရက္ခဒေသမှာ ပိုမိုးဆိုးရွာနေပါတယ်။ စစ်ကော်မရှင်ဟာ ကုန်လမ်း၊ရေလမ်းတွေအပါအဝင် ကုန်စည်စီးဆင်းမှုတွေကိုလည်း တားဆီးပိတ်ခဲ့တော့ အာရက္ခ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေဖြစ်ခဲ့ကြရပါတယ်။ အဲဒီလိုကုန်စျေးနှုန်းတွေတရိတ်ရိတ် တက်နေချိန်မှာ မိသားစုသုံးဦးရှိတဲ့အိမ်ထောင်စုတစုအတွက် တရက်ကုန်ကျစားရိတ်ဟာကျပ်ငါးသောင်းထိရှိနေပါတယ်။ အဲဒီကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေမရှိတဲ့မိသားစုတွေမှာ ကလေးတွေရဲ့ ကျောင်းစာရိတ်၊ စားသောက်စာရိတ်၊ စျေးစာရိတ်တွေကို လကုန်ခါနီးလာတို င်းစိတ်ပူနေရတယ်လို့ ဒေါ်လှမေသိန်းက ညည်းတွားပါတယ်။ စစ်ကော်မရှင်ကင်းစင်တဲ့ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေမှာနေပေမယ့်ပိုက်ဆံအဓိကရှာနေတဲ့အိမ်ထောင် ဦးစီးအမျိုးသားစစ်မှုထမ်းနေချိန်မှာ စားဝတ်နေရေးအတွက် စိုးရိမ်းစိတ်ဖြစ်နေတယ်လို့ဒေါ်လှမေသိန်းက ပြောပါတယ်။ ဒေါ်လှမေသိန်းရဲ့ အမျိုးသားက အသ က်ငါးဆယ်ကျော်ပြီမို့ ပြည်သူ့စစ်သင် တန်းမတက်ခဲ့ရပေမယ့်တပ်သားသစ် စုဆောင်းရေးမှာ ထမင်းချက်တာဝန်နဲ့လအတော်ကြာနေခဲ့ရပါတယ်။ အဲဒီအိမ်ထောင်ဦးစီမရှိတဲ့နောက် ပ ညာရေးစာရိတ်နဲ့စားဝတ်နေရေးအတွ က်မိသားစုတာဝန်တွေကို ဒေါ်လှမေသိ န်းပခုံးထမ်းတာဝန်ယူရချိန်နေ့ရက်တိုင်းဟာ စိုးရိမ်စိတ်မကင်းခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလို့ခင်ပွန်းမရှိချိန်တွေမှာ မိသားစု ထမင်းဝိုင်းဟာ အရင်လို့မစို့ပြေတော့ပါ။ ဒါပေမယ့်"ကျွန်မကအရာရာကို တောင့်ခံနေပါတယ်။ဘာလို့ တောင့်ခံလဲဆိုရင် ကျွန်မရဲ့သားသမီးလေးယောက်စလုံးကိုပညာမတတ်ဘဲစိတ်ဆင်းရဲကိုယ်ဆ င်းရဲနဲ့စိတ်ဒဏ်ရာရသွားမှာကို အရမ်းကြောက်ပါတယ်။မိခင်ဖြစ်တဲ့ ကျွန်မက ပြိုကွဲပြနေရင် သားသမီးတွေ ပိုစိတ်ထိခိုက်သွားရမယ်။"လို့ ဒေါ်လှမေသိန်းက Border News Agency ကို ပြောပါတယ်။ အာရက္ခတပ်တော်ဟာအာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေအများစုကို သိမ်းယူနိုင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ အမျိုးသားကာကွယ်ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊မေလကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တအိမ်ထောင်ကိုလူတဦးနှုန်းနဲ့အမျိုးသမီးတွေမှာ အသက်ဆယ်ရှစ်နှစ်မှနှစ်ဆယ့်ငါးနှစ်၊ အမျိုးသားတွေမှာအသက်ဆယ်ရှစ်နှစ်မှလေးဆယ်ငါးနှစ်ဆိုပြီးသတ်မှတ်ချ က်တွေနဲ့ခေါ်ခဲ့ပါတယ်။ အဲဒီပြည်သူ့စစ်သင်တန်းကြာမြင့်ချိန်မှာလေးဆယ်ငါးရက်ဖြစ်ပြီးသင်တန်းပြီးဆုံးပါကာနှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး အာရက္ခတပ်တော်က ပြီးခဲ့ နှစ် ၂၀၂၅ ခုနှစ်၊မတ်လနှစ်ဆယ့်ငါးရက်နေ့ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ဆယ်ရှစ်နှစ်မှ လေးဆယ်ငါး နှစ်လို့ သတ်မှတ်ထားပေမယ်တချို့ မြေပြင်နဲ့ ကျေးလက် တွေမှာ အမျိုးသားတွေ စစ်မှုထမ်းရမယ် ဆိုရင် အသက် ငါးဆယ် ကျော်အရွယ် တွေ တပ်ထဲပါသွားကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအပြင်ဝင်ငွေ အဓိကရှာတဲ့ မိသားစု မှာ အမျိုးသားတွေ တပ်တော်ထဲ လိုက်ရတဲ့အခါကျန်ခဲ့တဲ့မိသားစုတွေ၊က လေးငယ်တွေရဲ့ရှင်သန်မှုတိုက်ပွဲက တော့အဆိုးဝါးဆုံးအခြေအနေမှာရှိနေခဲ့ပါတယ်။ "မိခင်တဦးဖြစ်တဲ့ ကျွန်မကိုယ်တိုင်ကလည်းပဲ အာဟာရချိုတဲ့ပြီးကျန်းမာ ရေးမကောင်းတော့ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ရွာက တခြားအမျိုးသ မီးတွေလို့ ငါးရှာ၊ဟင်းရှာလည်း လိုက်မရှာနိုင်ပါဘူး။တဖက်မှာ နို့စိုးကလေးတွေလည်းရှိသေးတော့ ကလေးကို အ ပ်ထားခဲ့ဖို့ ဆွေးမျိုးသားချင်းညီအစ်ကို မောင်နှမ မရှိပါဘူး။"လို့ သူမက ပြောပါတယ်။ အဲဲဒီအခြေအနေတွေနဲ့"မိသားစုးစားဝ တ်နေရေးဖြေရှင်းနေရချိန်မှာ စစ်သင် တန်းတက်နေရတဲ့ အမျိုးသားက အ သုံးစားရိတ်လှမ်းမှာရင် ထည့်မပေးနိုင်ဘူး။''လို့ ဒေါ်လှမေသိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ မှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ရခိုင်ရှိအမျိုးသမီးသုံးဆ ယ့်နှစ်ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး ဒါမှမဟုတ် သင်တန်းတခုခုတွင် ပါဝင်မှု မရှိတဲ့ အခြေအနေနဲ့ ဖယ်ကျဉ်ခံနေရတယ်လို့ ဆိုထားပါတယ်။ အဲဒီအမျိုးသမီးတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိကြပေမယ့်မိသား စုစားဝတ်နေရေးအတွက် နေ့စဥ်ရုန်းက န်နကြရပါတယ်။...
Read moreထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်ရှိဂိုဒေါင်တခုမှာ ပစွည်းအတုပေါင်းနှစ်သိန်းကျော်နဲ့မြန်မာအမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေကဖေဖော်ဝါရီလ ၄ ရက်၊မနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီအမျိုးသမီးဆီက ခေါင်းလျှော်ရည်နဲ့သွားတိုက်ဆေးအပါအဝင်အလှကုန်ပစ္စည်းအတုပေါင်းနှစ်သိန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ အဲဒါကြောင့် စီးပွားရေးရာဇဝတ်မှုနှိမ်နင်းရေးဌာန (ECD) က အရာရှိတွေဟာ ရှာဖွေဝရမ်းနဲ့အတူဘန်ကော့ (Ban Koh) ကျေးရွာရှိ ဂိုဒေါင်တခုနဲ့ နဒီ (Na Di) ရပ်ကွက်ရှိ လူနေအိမ်တလုံးကို မနေ့ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။ အဲဒီစီးနင်းမှုအတွင်း "ဆန့်" (Sank) အမည်ရှိ မြန်မာအမျိုးသမီးတဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူမဟာ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေကို အတုပြုလုပ်ကာ အွန်လိုင်းကနေတဆင့် ပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။ အဲဒီပစ္စည်းအတုတွေကို အွန်လိုင်းပလပ်ဖောင်းတွေမှာ ပုံမှန်ပေါက်ဈေးထက် အလွန်အမင်းလျှော့ဈေး (Aggressive discount) တွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ရောင်းချခဲ့တာလို့ ဆိုပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ဒီလိုပစ္စည်းအတုတွေကို အသုံးပြုမိရင် ပြင်းထန်တဲ့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။ အဲဒိဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးရဲ့ ဝန်ခံချက်အရ သူမဟာ စီမံခန့်ခွဲသူအဖြစ် တာဝန်ယူပြီး သူမရဲ့ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားနဲ့အတူ ဒီလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးကို ECD ဌာနခွဲ ၁ ဆီ လွှဲပြောင်းပေးထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့သူမရဲ့ခင်ပွန်းတရုတ်နိုင်ငံသားကို ဖမ်းဆီးရမိဖို့အတွက် ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
Read moreအိန္ဒိယနိုင်ငံမှာအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက်ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား နှစ်ဆယ့်ခုနှစ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီပြန်ပို့ပေးလိုက်တဲ့သူတွေဟာ မဏိပူရ်ပြည်နယ်ရှိနိုင်ငံခြားသားထိန်းသိမ်းရေးစခန်းတွေမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီးသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသားနှစ်ဆယ့်လေးဦးနဲ့ အမျိုးသမီးသုံးဦး၊စုစုပေါင်းနှစ်ဆယ့်ခုနှစ်ဦး ပါဝင်ပါတယ်။ သူတို့ကို အိန္ဒိယအစိုးရရဲ့ အစီအစဉ်နဲ့ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ကနေတဆင့် နယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှတဆင့် တမူးမြို့က အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်မှာ မြန်မာဘက်က တာဝန်ရှိသူတွေဆီလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာသံရုံးကနေ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနဲ့ မဏိပူရ်ပြည်နယ်က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူတို့အားလုံးကို နေရပ်အသီးသီးဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီလို့ဆိုပါတယ်။
Read moreအမေရိကန်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းတာခံထားရတဲ့ ဗင်နီဇွဲလား သမ္မတဟောင်း နီကိုးလပ်စ် မာဒူရို (Nicolás Maduro) နဲ့ ဇနီးဖြစ်သူတို့ကိုခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲကို မြို့တော် ကာရာကတ်စ် (Caracas) မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ဒီနေ့အထိ ပြုလုပ်နေတယ်လို့ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာန (MINCI) က ထုတ်ပြန်ပါတယ်။ အဲဒီဆန္ဒပြပွဲကို မြို့တော်ရှိအဓိကလမ်းမကြီးတွေနဲ့သမ္မတနန်းတော်အနီးမှာ "နီကိုးလပ်စ်ကို လွတ်မြောက်စေရမည်" (Free Nicolas) ဆိုတဲ့ကမ်ပိန်းနဲ့အတူ ပြည်သူထောင်ပေါင်းများစွာက စုဝေးဖော်ထုတ်ခဲ့ကြတာလို့ သိရပါတယ်။ အမေရိကန်အထူးတပ်ဖွဲ့တွေရဲ့ လျှို့ဝှက်စစ်ဆင်ရေးကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကသမ္မတဟောင်း မာဒူရိုနဲ့ ဇနီးဖြစ်သူဆီလီယာ ဖလောရက်စ် (Cilia Flores) တို့ဟာ ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးမှာ မူးယစ်ဆေးဝါးမှောင်ခိုမှု(Narco-terrorism)၊ ငွေကြေးခဝါချမှုနဲ့ လက်နက်မှောင်ခိုမှုပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ အဲဒီဆန္ဒပြပွဲမှာ မာဒူရိုရဲ့ "ချာဗစ္စတာ" (Chavista) လှုပ်ရှားမှုအဖွဲ့ဝင်တွေ၊အစိုးရဝန်ထမ်းတွေနဲ့ ထောက်ခံသူတွေက အနီရောင်ဝတ်စုံတွေ ဝတ်ဆင်ကာ မာဒူရိုရဲ့ ပုံတူကားချပ်တွေကို ကိုင်ဆောင်ပြီး "ဗင်နီဇွဲလားက နီကိုးလပ်စ်ကို လိုအပ်တယ်" လို့ ကြွေးကြော်ခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက စွပ်စွဲပြောဆိုထားပါတယ်။ မာဒူရိုကို ဖမ်းဆီးထားတာကြောင့် လက်တင်အမေရိကအတွင်းရှိ မဟာမိတ်နိုင်ငံတွေကြား တင်းမာမှုတွေမြင့်တက်နေပြီး အမေရိကန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေလည်း တကျော့ပြန် အားကောင်းလာနေတယ်လို့ သိရပါတယ်။
Read moreထိုင်းနိုင်ငံ၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့က ဆောင်ခလာမင်းသားတက္ကသိုလ် (PSU) အနီးမှာရှိတဲ့ Lotus’s Go Fresh ဈေးဝယ်စင်တာအတွင်းက နာမည်ကြီးရွှေဆိုင်တဆိုင်ကို ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၆ နာရီခွဲအချိန်မှာ တကိုယ်တော် သေနတ်သမားတဦး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ CCTV မှတ်တမ်းတွေအရ အဲဒီသေနတ်သမားဟာ အနက်ရောင်အဝတ်အစားတွေ ဝတ်ဆင်ထားပြီး ဆိုင်ကယ်စီးဦးထုပ် (Full-face) ဆောင်းထားတဲ့ အမျိုးသားတဦးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတရားခံဟာ လက်နက်တိုတလက်ကို ကိုင်ဆောင်ပြီးရွှေဆိုင်အတွင်းကို တိုက်ရိုက်ဝင်ရောက်လာကာ ဆိုင်ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တာပါ။ အဲဒီနောက် ရွှေထည်တွေပြသထားတဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး အတွင်းမှာရှိတဲ့ ရွှေဆွဲကြိုးတွေကို လုယူခဲ့တာဖြစ်ပြီး လုယူသွားတဲ့ ရွှေထည်စုစုပေါင်း အလေးချိန်ဟာ ဘတ် ၆၀ (မြန်မာအလေးချိန် ၆၀ ကျပ်သားခန့်) ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလုယူခံရတဲ့ ရွှေထည်တွေရဲ့ လက်ရှိကာလတန်ဖိုးဟာ ဘတ်ငွေ ၂ သန်းကျော် (မြန်မာငွေ သိန်းပေါင်းများစွာ) တန်ဖိုးရှိပြီး တရားခံဟာရွှေတွေကို ယူဆောင်ကာ စင်တာအပြင်ဘက်မှာ အသင့်ရပ်ထားတဲ့ ဆိုင်ကယ်နဲ့အလျှင်အမြန် မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီတရားခံ ထွက်ပြေးရာမှာ အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ဟာ နေ့လည်ပိုင်းက စဏ္ဏား (Chana) ခရိုင်ဘက်ကနေ ခိုးယူလာတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ အဲဒီဟတ်ယိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ အခင်းဖြစ်နေရာကို ပိတ်ဆို့စစ်ဆေးနေပြီး တရားခံကိုအမြန်ဆုံးဖမ်းဆီးနိုင်ဖို့ CCTV မှတ်တမ်းတွေကို အခြေခံကာ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
Read moreBorder News Agencyတီမော၊ ဖေဖော်ဝါရီ ၃။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတိုင်ကြားထားတဲ့အမှုဖိုင်ကို တီမောလက်စတေနိုင်ငံကစစ်ဆေးဖို့ တရားဝင်လက်ခံလိုက်ပြီလို့ သိရပါတယ်။ အဲဒီအမှုထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အုပ်စုလိုက်အဓမ္မပြုကျင့်တာ၊ ကလေးနဲ့သတင်းသမားအပါအဝင် လူဆယ်ဦးကိုအစုလိုက်သတ်ဖြတ်တာ၊ ဘုရားကျောင်းနဲ့ဆေးရုံတွေကို...
Read moreBorder News Agenyရုရှား၊ ဖေဖော်ဝါရီ ၃။ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတွေကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ဖေဖော်ဝါရီလ ၂ ရက်၊မနေ့ကလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲဒီလက်မှတ်ကို နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်မျိုးသန့်နဲ့ ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး...
Read moreHey! Don't Copy my content.